မြို့ပြမြေအသုံးချမှုဇုန် မူကြမ်းပါအချက်များ ပြည်သူသို့ ချပြသွားမည်

မြို့ပြမြေအသုံးချမှုဇုန် မူကြမ်းပါအချက်များ ပြည်သူသို့ ချပြသွားမည် - Property News in Myanmar from iMyanmarHouse.com
22 Sep 2016 10:43 am တွင် တင်ခဲ့သည်
1084 ကြိမ် ကြည့်ရှု့ပြီး
မြို့ပြမြေအသုံးချမှုဇုန်မူကြမ်းပါအချက်အလက်များကို အောက်တိုဘာလကုန်တွင် အများပြည်သူကိုချပြကာ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာနဒုတိယဌာနမှူး ဒေါက်တာတိုးအောင်ကစက်တင်ဘာ၁၉ရက်တွင် ပြောသည်။

"အောက်တိုဘာလကုန်လောက်မှာ zoning draft ထဲက တချို့အချက်အလက်တွေ ပြီးနိုင်မယ်။
အကုန်လုံးတော့ မပြီးနိုင်သေးဘူး၊ ပြီးသလောက်ကို ပြည်သူကို ချပြမှာဖြစ်တယ်။ ပြီးရင်တော့
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ထပ်တင်ဖို့ရှိတယ်"ဟု ၎င်းက ပြောသည်။

မြို့ပြမြေအသုံးချမှုဇုန်မူကြမ်း (Zoning Draft) ထွက်ပေါ်လာစေရေးအတွက် ရန်ကုန် မြို့တော် စည်ပင်
သာယာရေးကော်မတီက ဦးဆောင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာ နိုင်ငံဆိုင်ရာ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်း ရှင်များနှင့် မြို့ပြစီမံကိန်းပညာရှင်များ ပူးပေါင်းကာ ၂၀၁၂ ခုနှစ်မှစတင်ကာ ညှိနှိုင်း ရေးဆွဲခဲ့ကြခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်ကိုဇုန် ၁၀ ဇုန် ပိုင်းခြား ရေးဆွဲထားခဲ့သည်။ သို့သော် ယင်းမူကြမ်းပါ အချို့သော အချက်အလက်များနှင့်ပတ်သက်ပြီး ပညာ ရှင်များ၊ ဆက်စပ်လျက်ရှိသည့် ၀န်ကြီးဌာန များနှင့် ပြည်သူလူထုအကြားကျယ်ကျယ်ပြန့်ပြန့် ထပ်မံဆွေးနွေးရန် လိုအပ်လျက်ရှိသည့်အတွက် ယခင်အစိုးရလက်ထက်တွင်ယင်းမူကြမ်းမှာ ဥပဒေတစ်ရပ်အဖြစ် ထွက်ပေါ် လာနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့အတွက် ယခုအစိုးရလက်ထက်တွင် ဥပဒေတစ်ရပ်ဖြစ်ပေါ်လာစေရန် ပြန်လည်ကြိုးစား လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ယင်းမူကြမ်းတွင် မြို့နယ်အလိုက် အဆောက်အအုံ ဆောက်လုပ်မှုဆိုင်ရာ ကန့်သတ်ချက်များ၊ စိမ်းလန်းဧရိယာများ၊စက်မှုဇုန်များကို ဇုန်များခွဲခြားကာ သီးသန့် သတ်မှတ်ထားပြီး ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်အရမြို့ဧရိယာ၏၃၅ရာခိုင်နှုန်းကိုသာအထပ်မြင့်အဆောက်အအုံများနှင့်လူနေအိမ်များဆောက်လုပ်ရန် သတ်မှတ်ထားသည်ဟု သိရသည်။

ရန်ကုန်မြို့တော် အတွက် မြို့ပြမြေအသုံးချမှုဇုန် မူကြမ်းကို ရေးဆွဲရာတွင် လူဦးရေသိပ်သည်းမှု၊ မြို့ အကျယ်
အ၀န်းပေါ်မူတည်ပြီး အများ ပြည်သူ လက်ခံ အဆင်ပြေနိုင်မည့် မူကြမ်း အဖြစ် ရေးဆွဲထားကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒေါက်တာ တိုးအောင်က မီဒီယာများကို ဖြေကြားထားပြီး ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်က မြို့ပြမြေ အသုံး ချမှုဇုန်ကို
အတည်ပြုပြီးဖြစ်ပါက အဆောက် အအုံများ ဆောက်လုပ်ရာတွင် ယင်းဥပဒေပါ ပြဋ္ဌာန်းထားချက်များ
အတိုင်းသာ ဆောက်လုပ်ခွင့် ရရှိတော့မည်ဖြစ်သည်။

"ဒီလကုန်မှာ စည်ပင်ဘက်က ကျွန်တော် တို့ဆီ Zoning တင်လာတဲ့မူကြမ်းကို ပြန်ပြီး လေ့လာပါတော့မယ်။
ဘယ်ရပ်ကွက်၊ ဘယ် လမ်းဆိုရင် အမြင့်ပေ ဘယ်လောက်ပဲထား ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေ
ပါလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဖြည့်စရာရှိတာ ထပ်ဖြည့်ပြီးရင် ရန်ကုန်တိုင်း
အစိုးရကို တင်ပြရမယ်။ အစိုးရက ရန်ကုန် လွှတ်တော်ကို ဆက်တင်လိမ့်မယ်။ လွှတ်တော်မှာ ဒီကိစ္စ
အတည်ဖြစ်ရင် အတည်ဖြစ် ပါပြီ"ဟု ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ
ဆောက်လုပ်မှုစိစစ်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက စက်တင်ဘာ ၁၉ ရက်တွင်
ပြောသည်။

မြို့တော်စည်ပင်က အထပ်မြင့် အဆောက် အအုံစိစစ်ရေးကော်မတီသို့ တင်ပြမည့် မြို့ပြ
မြေအသုံးချမှုဇုန်မူကြမ်းမှာယခင်အစိုးရ လက်ထက်တွင် ရေးဆွဲထားပြီးဖြစ်သည့် မူကြမ်းကို ယခုအစိုးရလက်ထက်တွင် ခေတ်စနစ်နှင့်ကိုက်ညီအောင် ပြန်လည်ပြုပြင် ရေးဆွဲတင်ပြခြင်းဖြစ်သည်။

"ရန်ကုန်လွှတ်တော်ကို မတင်ဘဲနဲ့ ရန်ကုန်တိုင်းအစိုးရက အတည်ပြုလိုက်ရင် နောင် ရန်ကုန်တိုင်းအစိုးရ
တက်လာရင် အလွယ်တကူပြင်ဆင်နိုင်တဲ့ အားသာချက် တွေ ရှိလာနိုင်တယ်။ ဇုန်းနင်းလုပ်နေတာ အရင်
လေးငါးနှစ်ရှိပြီ။အဲဒီဟာကိုပဲသူတို့ကခေတ်နဲ့အညြီပန်ပြင်ပြီးတင်တာဖြစ်တယ် ။ကျွန်တော်တို့အဖွဲ့ထဲမှာလည်းအာခီတက် တွေ အများကြီးရှိတော့ ဒီအပေါ်မှာ ဆက်ပြီး ဆွေးနွေးကြဦးမှာဖြစ်တယ်။ ရန်ကုန်တိုင်း အစိုးရကအတည်ဖြစ်ရင်တော့ အများ ပြည်သူကို ချပြလိမ့်မယ်"ဟု ဦးရဲမင်းဦးက ပြောသည်။

အဆောက်အအုံ၏ မြေကျန်သတ်မှတ် ချက်၊ အထပ်မြင့်သတ်မှတ်ချက်များ အတိ အကျပါဝင်လာမည့်
မြို့ပြမြေအသုံးချမှုဇုန် မူကြမ်းထွက်ရှိလာမှုကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ကြိုဆိုကြသော်လည်း
လုပ်သာကိုင်သာရှိသည့် မြို့ပြမြေအသုံးချမှုဇုန်မူကြမ်းတစ်ခု ဖြစ်ပေါ်လာရန် ပိုမိုအရေးကြီးကြောင်း
မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ် အမှုဆောင်၊
MKT Construction Co ,ltd ဥက္ကဋ္ဌ ဦးမျိုးမြင့်က စက်တင်ဘာ ၂၀ ရက်တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။

"Zoning နဲ့ပတ်သက်ပြီး အများကြီး ဆွေးနွေးခဲ့ကြပြီးပြီဆိုပေမဲ့ ကျွန်တော်တို့နဲ့ သေချာဆွေးနွေးတဲ့
အခြေအနေတော့ မရောက်ခဲ့ဘူး။ လူထုကို ချပြဆွေးနွေးမယ် ဆိုတော့ ကောင်းပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့
Zoning ကတော့ ရှိထားရမှာဖြစ်တယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ သတ်မှတ်ချက်တွေ ကတော့ အဆင်မပြေနိုင်ဘူး၊ဘယ်လိုထွက် လာမလဲဆိုတာ ကြည့်ရဦးမယ်"ဟု ၎င်းက ပြောသည်။


Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service