တန်ဖိုးနည်း ပါမစ်မြေဈေးနဲ့ လယ်မြေဈေး တန်းတူဖြစ်လာ

တန်ဖိုးနည်း ပါမစ်မြေဈေးနဲ့ လယ်မြေဈေး တန်းတူဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
15 Aug 2016 11:21 am တွင် တင်ခဲ့သည်
2521 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်ထဲမှာ လျှော့ဈေးနဲ့ရောင်း လာကြတာကြောင့် ပါမစ်မြေဈေးနဲ့ လယ်မြေဈေးတွေ ဈေးနှုန်းတန်းတူဖြစ်လာတယ်လို့ သိရပါတယ်။

မြို့စွန်မြို့နယ်တွေနဲ့ ဆင်ခြေဖုံးမြို့နယ်တွေရှိ ပါမစ်မြေတွေကို ဈေးလျှော့ပြီးရောင်းကြ
ရာက လယ်မြေကွက်ရိုက်ရောင်းဈေးတွေနဲ့ တူညီလာတာပါ။ ပေ ၄၀ x ပေ ၆၀ ပါမစ် မြေတစ်ကွက်ကို ကျပ်သိန်း ၃၀၊ ၃၅၊  ၄၀၊ ၄၅၊ ၅၀ စတဲ့ ဈေးနှုန်းတွေဖြစ်လာတယ်။ ကွက်ရိုက်လယ်မြေတွေရဲ့ ဈေးနှုန်းတွေကလည်း ပေ ၄၀ x ပေ ၆၀၊ ပေ ၂၀ x ပေ ၆၀ ကွက်တွေကို ကျပ် ၁၅ သိန်း၊ ၂၀၊ ၂၅၊ ၃၀၊ ၃၅၊ ၄၀ တွေနဲ့ ရောင်းကြတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က လယ်မြေတွေရဲ့ ဈေးနဲ့တစ်တန်းတည်းလိုဖြစ်လာတယ်၊  အဝယ်ရှိလားဆိုတော့လဲမရှိဘူး၊ ပါမစ်မြေကိုပဲ လယ်မြေနဲ့ယှဉ်ရင် ပိုခိုင်မာတာကြောင့်ဝယ်ယူကြတဲ့သူတွေရှိလာတာပါ၊ မြို့သစ် တွေ ရဲ့ မြေဈေးတွေက တချို့နေရာတွေမှာ တော်တော်လေးကို
အောက်ဈေးတန်းဖြစ်နေတာလို့ ပြောပါတယ်။

အခုလို လယ်မြေတွေနဲ့ ပါမစ်မြေကွက် တချို့ရဲ့ဈေးတွေတန်းတူဖြစ်လာတာကို တချို့ ကဈေးကျလာတယ်လို့ပြောကြပေမဲ့ မြေရဲ့  တန်ဖိုးနဲ့ ပြန်တွက်ရင် ပုံမှန်ဈေးတန်းပဲ ဖြစ်တယ်လို့သိရတယ်။ ဈေးကွက်ထဲ
မှာရောင်းချနေတဲ့ တန်ဖိုးနည်းပါမစ်မြေတွေရဲ့ ဈေးက လယ်မြေတွေရဲ့ ဈေးနဲ့တန်းတူဖြစ်လာတာက ပါမစ်မြေဆိုပေမဲ့ လယ်မြေ သာသာကွင်းပြင်တွေပါ။  ရေ၊ မီး၊ လမ်း တွေ မစုံလင်သေးတာဖြစ်တယ်လို့ အကျိုး ဆောင်တချို့ က ပြောပါတယ်။

ဒဂုံသီးသန့်  အကျိုးဆောင် မကေသီက ပါမစ်မြေတွေဆိုပေမဲ့ လယ်ကွင်းတွေလို ကွင်းပြင်တွေပါပဲ၊ ဈေးလျှော့ရောင်းကြရင်းဈေးက တဖြည်းဖြည်းနိမ့်လာတာ၊ ဈေးတွေ တန်းတူဖြစ်လာတာ၊ ဒီ ၂၀၁၆ရောက်မှ  ဈေးတန်းညီလာ တာ၊  ရောင်းနေတဲ့ပါမစ်မြေတွေ က အရင်က တစ်ကွက်ကို ကျပ် ၄၀ဝ,ဝ၀ဝ ၊ ၅၀ဝ,ဝ၀ဝ၊ ၆၀ဝ,ဝ၀ဝ တွေလောက်ပဲ ရှိတဲ့ မြေကွက်တွေပါလို့ ပြောပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service