တန်ဖိုးနည်း ပါမစ်မြေဈေးနဲ့ လယ်မြေဈေး တန်းတူဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
2517 Views

တန်ဖိုးနည်း ပါမစ်မြေဈေးနဲ့ လယ်မြေဈေး တန်းတူဖြစ်လာ

အိမ်ခြံမြေဈေးကွက်ထဲမှာ လျှော့ဈေးနဲ့ရောင်း လာကြတာကြောင့် ပါမစ်မြေဈေးနဲ့ လယ်မြေဈေးတွေ ဈေးနှုန်းတန်းတူဖြစ်လာတယ်လို့ သိရပါတယ်။

မြို့စွန်မြို့နယ်တွေနဲ့ ဆင်ခြေဖုံးမြို့နယ်တွေရှိ ပါမစ်မြေတွေကို ဈေးလျှော့ပြီးရောင်းကြ
ရာက လယ်မြေကွက်ရိုက်ရောင်းဈေးတွေနဲ့ တူညီလာတာပါ။ ပေ ၄၀ x ပေ ၆၀ ပါမစ် မြေတစ်ကွက်ကို ကျပ်သိန်း ၃၀၊ ၃၅၊  ၄၀၊ ၄၅၊ ၅၀ စတဲ့ ဈေးနှုန်းတွေဖြစ်လာတယ်။ ကွက်ရိုက်လယ်မြေတွေရဲ့ ဈေးနှုန်းတွေကလည်း ပေ ၄၀ x ပေ ၆၀၊ ပေ ၂၀ x ပေ ၆၀ ကွက်တွေကို ကျပ် ၁၅ သိန်း၊ ၂၀၊ ၂၅၊ ၃၀၊ ၃၅၊ ၄၀ တွေနဲ့ ရောင်းကြတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က လယ်မြေတွေရဲ့ ဈေးနဲ့တစ်တန်းတည်းလိုဖြစ်လာတယ်၊  အဝယ်ရှိလားဆိုတော့လဲမရှိဘူး၊ ပါမစ်မြေကိုပဲ လယ်မြေနဲ့ယှဉ်ရင် ပိုခိုင်မာတာကြောင့်ဝယ်ယူကြတဲ့သူတွေရှိလာတာပါ၊ မြို့သစ် တွေ ရဲ့ မြေဈေးတွေက တချို့နေရာတွေမှာ တော်တော်လေးကို
အောက်ဈေးတန်းဖြစ်နေတာလို့ ပြောပါတယ်။

အခုလို လယ်မြေတွေနဲ့ ပါမစ်မြေကွက် တချို့ရဲ့ဈေးတွေတန်းတူဖြစ်လာတာကို တချို့ ကဈေးကျလာတယ်လို့ပြောကြပေမဲ့ မြေရဲ့  တန်ဖိုးနဲ့ ပြန်တွက်ရင် ပုံမှန်ဈေးတန်းပဲ ဖြစ်တယ်လို့သိရတယ်။ ဈေးကွက်ထဲ
မှာရောင်းချနေတဲ့ တန်ဖိုးနည်းပါမစ်မြေတွေရဲ့ ဈေးက လယ်မြေတွေရဲ့ ဈေးနဲ့တန်းတူဖြစ်လာတာက ပါမစ်မြေဆိုပေမဲ့ လယ်မြေ သာသာကွင်းပြင်တွေပါ။  ရေ၊ မီး၊ လမ်း တွေ မစုံလင်သေးတာဖြစ်တယ်လို့ အကျိုး ဆောင်တချို့ က ပြောပါတယ်။

ဒဂုံသီးသန့်  အကျိုးဆောင် မကေသီက ပါမစ်မြေတွေဆိုပေမဲ့ လယ်ကွင်းတွေလို ကွင်းပြင်တွေပါပဲ၊ ဈေးလျှော့ရောင်းကြရင်းဈေးက တဖြည်းဖြည်းနိမ့်လာတာ၊ ဈေးတွေ တန်းတူဖြစ်လာတာ၊ ဒီ ၂၀၁၆ရောက်မှ  ဈေးတန်းညီလာ တာ၊  ရောင်းနေတဲ့ပါမစ်မြေတွေ က အရင်က တစ်ကွက်ကို ကျပ် ၄၀ဝ,ဝ၀ဝ ၊ ၅၀ဝ,ဝ၀ဝ၊ ၆၀ဝ,ဝ၀ဝ တွေလောက်ပဲ ရှိတဲ့ မြေကွက်တွေပါလို့ ပြောပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service