ကွန်ဒို၊ တိုက်ခန်း ကြိုတင်ဝယ်ယူမှု တစ်ရှိန်ထိုး ကျဆင်း

ကွန်ဒို၊ တိုက်ခန်း ကြိုတင်ဝယ်ယူမှု တစ်ရှိန်ထိုး ကျဆင်း - Property News in Myanmar from iMyanmarHouse.com
12 Aug 2016 10:09 am တွင် တင်ခဲ့သည်
3153 ကြိမ် ကြည့်ရှု့ပြီး
အထပ်မြင့် အဆောက်အအုံများ ခေတ္တရပ်ဆိုင်းခံရပြီးနောက် ကွန်ဒို၊ တိုက်ခန်း ကြိုတင်ဝယ်ယူမှုမှာ တစ်ရှိန်ထိုး ကျဆင်းလာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နှစ်လကျော်ကြာ ရပ်ဆိုင်းခံထားရသည့် ပါမစ်ကြီး ရရှိထားသော အထပ်မြင့် အဆောက်အအုံ ၆၄ လုံးတွင် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးအား အထပ်များ လျှော့ချခြင်းနှင့် မူအားဖြင့် ခွင့်ပြုထားသည့် အထပ်မြင့်များအား ပြန်လည်စစ်ဆေးခြင်းများကြောင့် ဆောက်လုပ်ရေးလောကတွင် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းများက ပြောကြားသည်။

အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို အထပ်တွေ လျှော့ချပြီး ဒီဇိုင်းပြန်ပြင်တာတွေ ညွှန်ကြားတဲ့အတွက် ဆောက်လုပ်ရေးလောက တော်တော်ဂယက်ရိုက်သွားတယ်။ လက်ရှိ အထပ်မြင့် အဆောက်အဦးတွေရဲ့ အခန်းဝယ်ယူသူတွေနဲ့ ပြန်ညှိနှိုင်းရတယ်။ ဝယ်ယူသူတွေကလဲ နောက်ဆို အခန်းကြိုဝယ်တာတွေ ကြောက်နေတော့ နစ်နာ ဆုံးရှုံးမှုက တော်တော်များတယ်” ဟု အထပ်လျှော့ခံရသည့် ဗဟန်းမြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ယခုလက်ရှိ ဆောက်လုပ်ရေး လောကတွင် အထပ်နိမ့် ကွန်ဒို၊ တိုက်ခန်း ကြိုပွိုင့်ဝယ်ယူသူမှာ မရှိသလောက် နည်းပါးလာပြီး အထပ်မြင့် အဆောက်အအုံများ၏ ကွန်ဒို၊ တိုက်ခန်း ကြိုတင်ရောင်းချမှုများကိုလည်း စိတ်ဝင်စားမှု နည်းလာကြောင်း ဆောက်လုပ်ရေး ဈေးကွက်ထံမှ သိရှိရသည်။

အရင်က တိုက်ခန်းကို ကြိုတင်ရောင်းရင် ဝယ်ယူမယ့်သူ ရှိတယ်။ အခုနောက်ပိုင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်ကလည်း အရောင်းအဝယ် အေးစက်သလို တိုက်ခန်း ကြိုတင်ဝယ်ယူပြီး ဝယ်ရောင်းလုပ်နေတဲ့ သူတွေလဲ မဝယ်ရဲကြတော့ဘူး။ အခုလက်ရှိ အထပ်မြင့်တွေ ပြန်လည်စစ်ဆေးတာ၊ အထပ်လျှော့ခံရတဲ့ သတင်းတွေကြောင့် ဝယ်ယူသူတွေလဲ နည်းလာတယ်” ဟု ဝေယံထွန်းလင်း ဆောက်လုပ်ရေးမှ လုပ်ငန်းရှင် ကိုထွန်းထွန်းက ဆိုသည်။

အိမ်၊ ခြံ၊ မြေဈေး အကျိုးဆောင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှာ ဘဏ်ချေးငွေဖြင့် လုပ်ငန်းလည်ပတ်နေရပြီး အိမ်ခြံမြေ အရောင်းအဝယ်မှာလည်း အေးစက်လာမှုကြောင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များမှာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ယင်းအိမ်၊ ခြံ၊ မြေ ဈေးကွက်ထံမှ သိရှိရသည်။

အခုလက်ရှိ အထပ်မြင့် အဆောက်အအုံတွေ သတင်းတွေကြောင့် ဆောက်လုပ်ရေးဈေးကွက်မှာ ကြိုတင်ဝယ်ယူလဲ နည်းပါးသလို အကိုတို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကလဲ အခုဆို ရောင်းသူပဲ ရှိတယ်။ ဝယ်ယူကို မရှိတော့တာ။ အခုလက်ရှိ ဆောက်လုပ်ရေးဈေးကွက်ရော အိမ်၊ ခြံ၊ မြေ ဈေးကွက်ရော ရေရှည်ရပ်တည်နိုင်ဖို့က မလွယ်တော့ဘူး” ဟု မြောက်ဒဂုံမြို့နယ်မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ကိုသားကြီးက ဆိုသည်။

အရင်တုန်းက ကြိုပွိုင့်ဝယ်ယူပြီး ပြန်ရောင်းရင် ကြိုဝယ်ထားတဲ့သူက မြတ်တယ်။ အခုက ကန်ထရိုက်တွေက ကြိုတင်ငွေတွေယူပြီး ထွက်ပြေးတာတွေ ရှိသလို အခုလို အထပ်မြင့် အဆောက်အအုံတွေက ရပ်ဆိုင်းတာတွေ အထပ်လျှော့ခံရတာတွေ ကြားတော့ မဝယ်ရဲတော့ဘူး။ အစိုးရက ရောင်းမယ့် တန်ဖိုးနည်း တိုက်ခန်းတွေ လျှောက်တာမှ စိတ်ချရအုံးမယ်” ဟု လသာမြို့နယ်မှ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦး ဖြစ်သူ ဦးဝိုင်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေဖြင့်လည်း နောင်ဆောက်မည့် အထပ်မြင့် အဆောက်အအုံများအား သတ်မှတ်ထားသည့် စံချိန်စံညွှန်းမီမမီ သေချာစစ်ဆေးပြီးမှ ခွင့်ပြုချက်ပေးတော့မှာ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။


Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service