စက်မှုဇုန်မြေကွက်လွတ်စာရင်းကောက်ယူပြီးဖြစ်ကာ ဆက်လက်အရေးယူသွားမည်

စက်မှုဇုန်မြေကွက်လွတ်စာရင်းကောက်ယူပြီးဖြစ်ကာ ဆက်လက်အရေးယူသွားမည် - Property News in Myanmar from iMyanmarHouse.com
29 Jul 2016 11:01 am တွင် တင်ခဲ့သည်
1126 ကြိမ် ကြည့်ရှု့ပြီး
စက်မှုဇုန်မြေကွက်လွတ်များ ၀ယ်ယူထားသော်လည်း အမှန်တကယ် လုပ်ငန်းလုပ်ဆောင်ခြင်း
မရှိသူများကို စာရင်းကောက်ယူ ပြီးဖြစ်ကာ ဆက်လက်အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့၏ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အဆိုပါမြေကွက်လွတ်များကို ပြန်လည် သိမ်းယူပြီး အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများကို
ပြန်လည်နေရာချထားပေးရန် ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ကြေညာခဲ့ရာ
တိုင်းဒေသကြီးအဆင့် စက်မှုဝန်ကြီးဦးဆောင်ကာ ဌာနပေါင်းစုံ ပါဝင်သည့် အဖွဲ့များဖွဲ့ပြီး မြေပြင်စာရင်း
ကောက်ယူမှုလုပ်ငန်းများကို ပြီးခဲ့သည့် မေလအတွင်းက လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

"စက်မှုဇုန်မြေကွက်လွတ်တွေတော့ စစ်ပြီးသွားပါပြီ။ အပြင်မှာ စက်မှုဇုန်မြေ ကွက် ၁,၇၀၀ လောက်
ကျန်သေးတယ်ဆိုတဲ့ သတင်းတွေကလည်း မှားနေတယ်။ ဒီစာရင်း ကို ဘယ်သူ့ကိုမှ ထုတ်မပေး
ရသေးဘူး။ မယုံကြည်ပါနဲ့။ အစိုးရက တရားဝင်သတင်း ထုတ်ပြန်မှပဲ အမှန်ဖြစ်မှာပါ။
အခုလောလောဆယ် အလုပ်တွေများနေလို့ မဆုံးဖြတ်ရသေး ပါဘူး၊ မကြာခင် လုပ်ဖို့တော့
ရှိပါတယ်"ဟု ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် ၂၉ ဇုန်တွင် မြေကွက်များကို လုပ်ကိုင်မည့်
လုပ်ငန်းဆောက်လုပ်မှုများမှာ နှစ်နှစ် အတွင်း ပြီးစီးရမည်ဆိုသည့် စည်းကမ်းချက်
များနှင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ သတ်မှတ်ချိန်ကာလအတွင်း လုပ်ငန်း လုပ်ဆောင်ခြင်း
မရှိပါက မြေကွက် ပြန် လည်သိမ်းယူနိုင်ကြောင်း ဥပဒေပြဋ္ဌာန်း ထားသော်လည်း ခေတ်အဆက်ဆက်
လိုက်နာဆောင်ရွက်မှု အားနည်းခဲ့သည်။ အချို့စက်မှုဇုန်များတွင် နှစ် ၂၀ ကျော် ကြာမြင့်လာသည့်တိုင်
မြေကွက်လွတ် အများ အပြား ကျန်ရှိနေဆဲဖြစ်သည်။

"စက်မှုဇုန်တိုင်းကို စာရင်းကောက်ယူလို့ ပြီးသွားပါပြီ။ မြေကွက်လွတ်ပိုင်ရှင်တွေနဲ့ စာရင်းကောက်
တဲ့အဖွဲ့တွေနဲ့ မျက်နှာချင်း ဆိုင်တွေ့ပြီး ဆွေးနွေးခဲ့ကြပြီးပါပြီ။ အခြေအနေကတော့ တိုင်းဒေသကြီး
အစိုးရအဖွဲ့ ပေါ်မူတည်တယ်။ ဩဇာအာဏာကြီးတဲ့ မြေကွက်ပိုင်ရှင်အချို့ကတော့ လာဆင်းတာ
မတွေ့ဘူး။ ကျွန်တော်တို့ခေါ်တော့ ရေးချင် သလို ရေးလိုက်ပါလို့ ပြောတယ်။ အစိုးရ အဖွဲ့က
လူတွေလည်း သိသွားကြတယ်"ဟု ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ
ဦးအေးသောင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က စာရင်းကောက် ယူထားမှုအရစက်မှုဇုန် ၂၉ ဇုန်တွင် မြေကွက်လွတ်ပေါင်း
၂,၃၃၉ ကွက် (၄,၄၁၈ ဧက) နှင့် ဂိုဒေါင်အလွတ် ၁,၂၉၉ လုံးရှိခဲ့သည်ဟု သိရသည်။

မင်္ဂလာဒုံမြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက စက်မှုဇုန်မြေကွက်လွတ်
အများအပြားရှိ နေခြင်းအပေါ် တိုင်းဒေသကြီးအစိုးရ၏ အဆုံးအဖြတ်ကို စောင့်ကြည့်နေကြောင်း
ပြောသည်။

"မြေယာဥပဒေအရလည်း မြေယာကို အလုပ်မလုပ်ဘဲ ကြိုယူထားတဲ့ ပုံစံမျိုးတွေ ဖြစ်နေတဲ့အတွက်
အခုအစိုးရက လုပ်သင့် လုပ်ထိုက်တာကို လုပ်တယ်လို့ ထင်တယ်။ မြေကို ပြန်မသိမ်းဖြစ်ခဲ့ရင်တောင်
အလုပ် မလုပ်ဘဲ မြေကွက်ယူထားတဲ့ လူတွေကို အခွန် တိုးကောက်သင့်ပါတယ်။ အခုလို
စက်မှုဇုန်တွေက မြေကွက်တွေကို ပြန်စိစစ် တာကတော့ လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်"ဟု
၎င်းက ပြောသည်။ ၁၉၉၂ ခုနှစ်မှစတင်ကာ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက
တိုင်းဒေသကြီးအတွင်း စက်မှုဇုန်မြေကွက်များ ဖော်ဆောင် ရောင်းချပေးခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲမှု ကိစ္စအ၀၀ကို
တိုင်းဒေသကြီးအစိုးရအဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service