လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီကို ရပ်/ကျေးအဆင့်အထိ ဖွဲ့စည်း

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီကို ရပ်/ကျေးအဆင့်အထိ ဖွဲ့စည်း - Property News in Myanmar from iMyanmarHouse.com
27 Jul 2016 10:02 am တွင် တင်ခဲ့သည်
950 ကြိမ် ကြည့်ရှု့ပြီး
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သော မြို့နယ်နှင့် ရပ်/ကျေး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများကို ယခုလလယ်တွင် စတင်ဖွဲ့စည်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်အဆင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုးရေး၊ စည်ပင်စသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားကိုယ်စားလှယ်သုံးဦးက အဖွဲ့ဝင်အဖြစ်နှင့် မြို့နယ်မြေစာရင်းဌာနဦးစီးအရာရှိက အတွင်းရေးမှူးအဖြစ် အဖွဲ့ဝင်စုစုပေါင်း ၁၂ ဦးနှင့် ဖွဲ့စည်းနေခြင်းဖြစ်ကြောင်း ယင်းကော်မတီအဖွဲ့ဝင် အောင်လံတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောကြားသည်။

‘‘လယ်ယာမြေကိစ္စတွေ အတွက် ကိုင်တွယ်လုပ်ဆောင်ရမယ့် ကော်မတီ ဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့် လုပ်ငန်းဆိုင်ရာညွှန်ကြားချက် အတိအကျတော့ မသိရသေးပါဘူး။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်အရ ဖွဲ့စည်းခြင်းဖြစ်ပါတယ်။ အောင်လံမြို့နယ်မှာတော့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေ အဆင့်အထိ ရွေးချယ်စာရင်းပြုစုပြီး ဖြစ်ပါတယ်’’ ဟု ဦးအေးကျော်က ပြောကြားသည်။

ရပ်ကွက်၊ ကျေးရွာအဆင့် ကော်မတီကိုမူ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်၊ ရပ်ကျေးစာရေး၊ မြေစာရင်းဌာနရပ်/ကျေးတာဝန်ခံနှင့် တောင်သူလယ်သမားကိုယ်စားလှယ်သုံးဦးနှင့် သ/မ အသင်းစသော ရပ်ကျေးဖွံ့ဖြိုးရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးတို့ပါဝင် ဖွဲ့စည်းရမည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးနေထက်ဝင်းက ဆိုသည်။

နောက်ဆုံးဖွဲ့စည်းပေးရမည့်ရက် အတိအကျကို မသိရှိရသော်လည်း ယခုလအတွင်း ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့် ကော်မတီအဖွဲ့ဝင် စာရင်းများ ပြုစုပြီးစီးပါက သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြရမည်ဖြစ်ပြီး ယင်းမှ တိုင်း၊ ဗဟိုအဆင့်ဆင့်သို့ ထပ်မံတင်ပြရမည်ဟု ဆိုသည်။

လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကို ပြည်ထောင်စုအဆင့်တွင် ဒုတိယသမ္မတကဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီးအဆင့်တွင် တိုင်းဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဖွဲ့စည်းထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service