ဘရက်ဇစ်ကြောင့် ဒူဘိုင်းအိမ်ခြံမြေဈေးကွက်မှာ မရေရာမှုများပေါ်ပေါက်ကာ လူနေနှင့်ရုံးခန်း အငှားခများ ပြုတ်ကျ

ဘရက်ဇစ်ကြောင့် ဒူဘိုင်းအိမ်ခြံမြေဈေးကွက်မှာ မရေရာမှုများပေါ်ပေါက်ကာ လူနေနှင့်ရုံးခန်း အငှားခများ ပြုတ်ကျ - Property News in Myanmar from iMyanmarHouse.com
21 Jul 2016 10:27 am တွင် တင်ခဲ့သည်
1344 ကြိမ် ကြည့်ရှု့ပြီး
ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်မှု (ဘရက်ဇစ်)၏ ဂယက်ရိုက်ခတ်မှုများကြောင့် ဒူဘိုင်းအိမ်ခြံမြေဈေးကွက်တွင် မရေရာမှုများ ပေါ်ပေါက်ကာ ယခုနှစ် ဒုတိယ ၃ လပတ် ကာလအတွင်း လူနေနှင့် ရုံးခန်းအငှားခများဆက်တိုက်ပြုတ်ကျလျက်ရှိသည့်ဖြစ်ရပ်နှင့် ရင်ဆိုင်ရလျက်ရှိကြောင်းအစီရင်ခံစာတစ်ခုတွင်ဖော်ပြသည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါအစီရင်ခံစာကို ထုတ်ပြန်သည်မှာ ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံရေးနှင့် အတိုင်ပင်ခံအဖွဲ့ဖြစ်သော JLL မှ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဒူဘိုင်းသည် အရှေ့အလယ်ပိုင်းတွင် ပွင့်လင်းမှုအရှိဆုံးအိမ်ခြံမြေဈေးကွက်ဖြစ်သောကြောင့် ပြင်ပဂယက်များလည်း ပိုမိုခံရလေ့ရှိသည်ဟု သုံးသပ်ထားသည်။

ဘရက်ဇက်၏ ဂယက်သည် ဒူဘိုင်းရုံးခန်း၊ လူနေ၊ လက်လီနှင့် ဟိုတယ်ကဏ္ဍများအား ရိုက်ခတ်ခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင် တွက်ချက်ဖော်ပြထားသည်။

ဒူဘိုင်းမြေယာဌာနမှ ထုတ်ပြန်သည့်အချက်အလက်များအရ ဗြိတိန်နိုင်ငံသားတို့
သည် ဒူဘိုင်းအိမ်ခြံမြေလောကတွင် တတိယအကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများဖြစ်ကြောင်း သိရသည်။

“ရေရှည်အလားအလာကို ဟောကိန်းထုတ်ဖို့ စောသေးပေ
မယ့် လက်ရှိအနေအထားအရ ဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်တာကြောင့် ပေါင်ငွေ
တန်ဖိုးကျသွားတာမှာ ဗြိတိန်ရင်းနှီးမြှုပ်နှံသူတွေ အထိနာခဲ့ကြတာ တွေ့ရတယ်”ဟု JLL မှ သုတေသနဌာနအကြီးအကဲ ခရစ်ခ်ျက ပြောကြားသည်။

“ဈေးကွက်အခြေအနေကိုဆက်လက်သုံးသပ်ရမယ်
ဆိုရင်တော့ဒူဘိုင်းမှာအခြေချကြတဲ့ နိုင်ငံခြားသားတွေဟာ
နေအိမ်ဝယ်ဖို့ထက် ဆက်ပြီးငှားနေကြဖို့ အလားအလာပိုရှိနေကြတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။

၂၀၁၆ရဲ့ကျန်တဲ့ကာလတွေမှာ ပြင်ပဂယက်တွေ ငြိမ်သွား
မယ်ဆိုရင်တော့ ဒူဘိုင်းအိမ်ခြံမြေဈေးကွက်အနေနဲ့ ၂၀၁၇ အစောပိုင်းမှာ နာလံပြန်ထူလာနိုင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service