ဗီယက်နမ်နိုင်ငံရဲ့ လည်စရာ ပတ်စရာ

ဗီယက်နမ်နိုင်ငံရဲ့ လည်စရာ ပတ်စရာ - Property News in Myanmar from iMyanmarHouse.com
13 Jul 2016 10:31 am တွင် တင်ခဲ့သည်
1859 ကြိမ် ကြည့်ရှု့ပြီး
အခုလို နေ့စဉ်ရက်ဆက် ရွာနေတဲ့ မိုးတွေကြောင့် ရာသီဥတု မိုးအေးအေးနဲ့ ထုံထုံထိုင်းထိုင်းဖြစ်နေလို့ ခရီးသွား ချင်သူများအတွက် မြန်မာနိုင်ငံရဲ့ မိုးရာသီကို ရှောင်ရှားရင်း ဈေးနှုန်းသက်သက်သာသာနဲ့ ခရီးသွားနိုင်တဲ့ ပြည်ပ ခရီးစဉ်တခုရှိပါတယ်။

အဲဒါကတော့ မြန်မာနိုင်ငံသားများအနေနဲ့ ၁၄ ရက်တာ ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်လည်ပတ်နိုင်မယ့် ဗီယက်နမ် ခရီးစဉ် ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုရင် ရန်ကုန် – ဟိုချီမင်း ခရီးစဉ် အပါအ၀င် နိုင်ငံတကာ ခရီးစဉ်များစွာ လက်မှတ်ရောင်းချနေတဲ့ အာရှရဲ့ ဈေးနှုန်းသက်သာ စရိတ်နည်း လေကြောင်းလိုင်း Vietjet Air Line နဲ့ သွားရောက်နိုင်ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကျော် အစားအစာများကို အရသာမြည်းစမ်းချင်သူတွေနဲ့ ဗီယက်နမ်ရဲ့ ရိုးရာ ယဉ်ကျေးမှုကို လေ့လာချင်သူတွေ၊ ပြည်ပမှာ ဈေးဝယ်
ထွက်ပြီး လည်ပတ်ချင်သူတွေ အတွက် ဗီယက်နမ် နိုင်ငံရဲ့ လည်ပတ်စရာ နေရာတွေကို Vietjet လေကြောင်းလိုင်းက မိတ်ဆက်ပေးထားပါတယ်။

(၁) Vung Tau ကမ်းခြေ

Vung Tau ကမ်းခြေက ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်ရဲ့ အနီးအနားမှာ တည်ရှိပြီး ကမ်းခြေကို တစ်နာရီခန့် ကားမောင်းရုံဖြင့် သွားရောက်လည်ပတ်နိုင်ပါတယ်။ အဆိုပါ ကမ်းခြေက ဗီယက်နမ်မှာရှိတဲ့ အလှပဆုံး ကမ်းခြေများထဲမှာ တခု အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ ဖြူဖွေးနေတဲ့ သဲသောင်ပြင်၊ ပင်လယ် ရေပြာပြာနဲ့ ကျောက်ဆောင်များ အဆုံးမှာ တောင်တန်းတွေ ကာရံထားတဲ့ အလှအပကို ကမ်းခြေမှာ ခံစားနိုင်ပါတယ်။ ကမ်းခြေမှာ နေပူစာလုံ၊ ရေကူး ဒါမှမဟုတ် St.George အနားမှာ တောင်တက်ခရီး သွားရောက်နိုင်ပါတယ်။

(၂) Cu Chi ဒေသ

နောက်ထပ် သွားရောက်နိုင်တဲ့ တနေရာကတော့ Cu Chi ဒေသမှာရှိတဲ့ ၇၅ မိုင် (၁၂၁ ကီလို) ရှည်လျားပြီး ဝင်္ကဘာသဖွယ်ဖြစ်နေတဲ့ လိုဏ်ခေါင်းများ တည်ရှိရာနေရာ ဖြစ်ပါတယ်။ အဲဒီနေရာကို ဗီယက်နမ်အစိုးရမှ ထိန်းသိမ်း စောင့်ရှောက်ထားပြီး အဆိုပါ လိုဏ်ခေါင်းများကို Ben Dinh နှင့် Ben Duoc ဆိုပြီး ပြသ ထားပါတယ်။ နိုင်ငံခြားခရီးသည်များ အများဆုံး သွားရောက်လေ့လာလည်ပတ်တဲ့ နေရာတခုလည်း
ဖြစ်ပါတယ်။

(၃) FITO ပြတိုက်

FITO ပြတိုက်ကတော့ ဗီယက်နမ် ရိုးရာဆေးပညာကို လေ့လာချင်သူများအတွက် သမိုင်းဝင် နေရာတခု ဖြစ်ပါတယ်။ ကျောက်ခေတ်က ဗီယက်နမ်ရိုးရာ ဆေးပညာတွေအထိ စုဆောင်းထားတဲ့ ဆေးဝါး အမျိုးအစားပေါင်း ၃၀၀၀ ကျော် ပြသထားတဲ့ နေရာတခု ဖြစ်ပါတယ်။ ဒါ့အပြင် ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာ ဆေးပညာ သမိုင်းအကြောင်း ရိုက်ကူးထားသည့် “A Century of Health Care Experiences” မှတ်တမ်းရုပ်ရှင် အပါအဝင် ဗီယက်နမ်ရဲ့ ဆေးပညာရပ်ဆိုင်ရာ စာအုပ်များ၊ စာရွက်စာတမ်းများကို အဲဒီပြတိုက်မှာ ပြသထားပါတယ်။

အထင်ကရ နေရာတွေကို သွားရောက်လည်ပတ်ပြီးရင် ဟိုချီမင်းမြို့တော် အနီးအနားမှာ တည်ရှိတဲ့ Dam Sen Water Park ကို သွားရောက် လည်ပတ်နိုင်ပါသေးတယ်။ Vietjet လေကြောင်းလိုင်းက အပတ်စဉ် တနလာင်္၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ ရန်ကုန်မှ ဟိုချီမင်းမြို့ကို တပတ် ငါးကြိမ် ပျံသန်းလျက်ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့်မို့လို့ မိုးရာသီမှာ ခရီးသွားချင်သူတွေ မြန်မာနိုင်ငံရဲ့ မိုးရာသီကို ရှောင်ရှားရင်း ၁၄ ရက် ဗီဇာမလိုတဲ့ ပြည်ပခရီးစဉ်၊ ဗီယက်နမ်နိုင်ငံကို သွားရောက်လည်ပတ်နိုင်ပါကြောင်း သတင်းကောင်းပါး လိုက်ပါတယ်။

Credit: Irrawaddy
ဗီယက်နမ်နိုင်ငံရဲ့ လည်စရာ ပတ်စရာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service