သိန်း၁၀၀ အောက် အိမ်ရာများရောင်းချလျှင် Housing Saving ဖွင့်ထားသူများကို ဦးစားပေးမည်ဟုဆို

သိန်း၁၀၀ အောက် အိမ်ရာများရောင်းချလျှင် Housing Saving ဖွင့်ထားသူများကို ဦးစားပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
13 Jul 2016 9:52 am တွင် တင်ခဲ့သည်
22753 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ်လက်ထက် ဆောက်လုပ်ရေးဝန်ကြီးဌာနက
ဆောက်လုပ်မည့်ငွေကျပ် သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာ များကို ရောင်းချရာတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် ( CHDB ) တွင်Housing Saving ငွေစုစာအုပ် ပြုလုပ် ထားသူများသည် ဦးစားပေး မဲနှိုက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

CHDB ဘဏ်တွင် Housing Saving ငွေစုစာအုပ်ကို သြဂုတ်လ ၁ ရက်နေ့မှ စတင်ပြီး ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ငွေစုစာအုပ်များကို
ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ သြဂုတ်လ ၁ ရက်နေ့ စမယ်။ လာစုတဲ့သူတွေကို စာရင်းလုပ်မယ်။ အရင်တုန်းက Housing Saving ဆိုတာ မရှိဘူး။ ဒါပေမယ့် ရိုးရိုးငွေစုစာအုပ် လုပ်ထားတဲ့သူတွေလည်း Housing Saving ကို ပြောင်းလို့ရတယ်။ အိမ်ရာဝယ်ဖို့ မဲနှိုက်မယ် ဆိုရင် ငွေစုစာအုပ်လုပ်ထားသူတွေက ဦးစားပေးနှိုက်ခွင့်ရမယ်” ဟု CHDB ဘဏ်၏ ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ဆိုသည်။

Housing Saving ငွေစုစာအုပ်သည် ရိုးရိုးစာရင်းဖွင့်ထားသည့် ငွေစုစာအုပ်နှင့် ပုံစံအတူတူပင် ဖြစ်ပြီး စာရင်းဖွင့်ရာတွင် ကြိုက်သည့်ငွေပမာဏဖြင့် ဖွင့်လှစ်နိုင်ပြီး အတိုးနှုန်းကိုလည်း ရိုးရိုးငွေစုစာအုပ်စာရင်း ဖွင့်ထားသူကဲ့သို့ အတူတူပင် ခံစားနိုင်ကြောင်း
သိရသည်။

“ငွေစုစာအုပ်ပုံစံက ရိုးရိုးငွေစုအုပ်စံနဲ့ အတူတူပါပဲ။ အရှေ့မှာ Housing ဆိုတဲ့နာမည်ပဲ ထည့်လိုက်တာ။သူကတော့ အိမ်ရာဝယ်ယူဖို့ ရည်ရွယ်ပြီး စုတဲ့ငွေစုစာအုပ်ပေါ့။ သြဂုတ်လ ၁ ရက်နေ့မှ စထုတ်ပေးမယ် ဆိုပေမယ့် အခုက လာပြီး စာရင်းဖွင့်လည်း လက်ခံနေပါပြီ”ဟု ၎င်းက ဆက်ပြောသည်။

တန်ဖိုးနည်းအိမ်ရာ ရောင်ချပေးချိန်၌ Housing Saving ငွေစုစာအုပ်တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းရှိမှသာ ၀ယ်ယူ နိုင်မည်ဖြစ်ပြီး CHBD ဘဏ်က ၇၀ ရာခိုင်နှုန်းကို ချေးငွေထုတ်ပေးသွားမည် ပုံစံမျိုးဖြစ်ပြီး၊ ချေးငွေကို ၈ နှစ်အတွင်း ပြန် လည် ပေးသွင်းရမည်ဖြစ်သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသည့် ဘဏ် ဖြစ်ပြီး ယခု အစိုးရသစ်လက်ထက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးက တနိုင်ငံလုံး အတိုင်း အတာ ဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းတွင် ယင်းဘဏ်က စီမံကိန်း ရှိမည့်နေရာတိုင်းတွင် ချေးငွေထုတ်ယူရ လွယ်ကူစေ ရန် ဘဏ်များကို လိုက်ပါ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

လက်ရှိချိန်တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ်၊ မော်လမြိုင် တို့တွင် ဘဏ်ခွဲများကို ဖွင့်လှစ်ထားပြီး စုစုပေါင်း ဘဏ်ခွဲ ၇ ခု ရှိကြောင်း သိရသည်။

မေလအတွင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က ရက် ၁၀၀ စီမံကိန်းအရ အစိုးရသစ် လက်ထက်၌ ပြည်သူလူထုနေထိုင်မှု အဆင်ပြေစေရန် ကျပ် သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ခန်း ၈၀၀၀ ကျော်ကို ၂ နှစ် အတွင်း ဆောက်လုပ်ပေးမည် ဖြစ်ကြောင်းနှင့် ထိုအိမ်ရာများကို ပြည်သူများက ၀ယ်ယူနိုင်ရန် ချေးငွေကို CHDB ဘဏ်ကထုတ်ချေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

CHDB ဘဏ်သည် ၂၀၁၄ ခုနှစ် လုပ်ငန်းစတင် လည်ပတ်ချိန်မှ ယနေ့အချိန်အထိ ၂ နှစ်အတွင်း ချေးငွေထုတ်ချေးမှု စုစုပေါင်း ကျပ် ၁၃၂ ဘီလီယံရှိနေပြီးထိုအထဲမှအိမ်ရာဝယ်ယူမည့်သူများအတွက် ချေးငွေ ကျပ် ၂ ဘီလီယံ ၊ ကုန်သွယ်မှု ချေးငွေအတွက်
ကျပ် ၁၀ ဘီလီယံ၊ အိုးအိမ်အတွက် ကျပ် ၇၂ ဘီလီယံ ထုတ်ချေးခဲ့ပြီးကျန်သည့်ငွေများကို ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ထုတ်ချေးပေးထားကြောင်း သိရသည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service