ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦး စီးဌာနမှ မြို့နယ်ဦးစီး မှူးဦးအောင်မြင့်နိုင်၏ စီမံညွှန်ကြားမှုဖြင့် တောင်သူ လုပ်ကွက်ဧရိယာများ မှန်ကန်စွာလုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် နောင်တစ်ချိန်တွင် ခေတ်နှင့်အညီ (Digital Map)လုပ်ငန်းများ ဆောင်ရွက်ရာ တွင် ထိ ရောက်မှန်ကန်စေရန်ရည်ရွယ်၍ ဇူလိုင် ၁ဝ ရက် နံနက်ပိုင်းက မြေတိုင်းစာရေးဝန်ထမ်းများက ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာသို့ သွားရောက်၍ မြေကြီးမြေပုံ မှန်ကန်နိုင်ရေး မြေတိုင်းတာခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာ၌ မြေကြီးမြေပုံမှန်ကန်နိုင်ရေး မြေတိုင်းတာခြင်းလုပ် ငန်းများဆောင်ရွက်ရာတွင် ငါ့သရောက်မြို့နယ်
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေတိုင်းစာရေး ဝန်ထမ်းများက ကွင်းအမှတ်(၁၃၂၅)၊ ကွင်းအမည် သရက်ကုန်းကွင်းသို့ ကွင်းဆင်းပြီး တောင်သူများ သီးနှံစိုက်ပျိုးရာတွင် မြေဧရိယာမှန်မှန်ကန်ကန် ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် မြေတိုင်းတာ ခြင်းလုပ်ငန်းများအား စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Credit: MOI Webportal Myanmar