မလေးရှားနိုင်ငံ ရှီးယားမန်းတက္ကသိုလ်ဝန်းကျင်တွင် မြို့သစ်တစ်ခု တည်ဆောက်မည်

မလေးရှားနိုင်ငံ ရှီးယားမန်းတက္ကသိုလ်ဝန်းကျင်တွင် မြို့သစ်တစ်ခု တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
22 Jun 2016 10:31 am တွင် တင်ခဲ့သည်
1028 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ အနောက်တောင်ဘက် ၄၅ ကီလိုမီတာအကွာ၊ ဆလင်ဂေါပြည်နယ်၊ ဆီပန်မြို့ရှိ အသစ်ဆောက်လုပ်လျက်ရှိသော ရှီးယားမန်းတက္ကသိုလ် ၀န်းကျင်တွင် မြို့သစ်တစ်ခုတည်ဆောက်တော့မည်ဖြစ်ကြောင်း ကွာလာလမ်ပူအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းတက္ကသိုလ်သည် တရုတ်နိုင်ငံမှ တည်ထောင်သည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး မလေးရှားနိုင်ငံတွင် ပထမဆုံးတည်ထောင်လျက်သော တရုတ်တက္ကသိုလ်လည်း ဖြစ်ကာ မလေးရှားရှိ တရုတ်တက္ကသိုလ်ခွဲတစ်ခုဟုလည်းဆိုနိုင်သည်။

ရှီးယားမန်းတက္ကသိုလ်ကို ဧက ၁၅၀ အကျယ်အ၀န်းရှိမြေနေရာတွင်ဆောက်လုပ်ရန် စီမံကိန်းချထားပြီး တက္ကသိုလ်အဆောက်အအုံများ၏ စုစုပေါင်း အကျယ်အ၀န်းမှာ စတုရန်းမီတာ ၄၇၀၀၀၀ ရှိသည်။
တက္ကသိုလ်တွင် ပို့ချမှုများကို ပြုလုပ်ရာ၌ တရုတ်ဘာသာစကားသင်ကြားမှုနှင့် တရုတ်တိုင်းရင်းဆေး ဘာသာရပ်များမှလွဲပြီး အခြားဘာသာရပ်အားလုံးကို အင်္ဂလိပ်ဘာသာစကားသုံးကာ သင်ကြားပို့ချမည် ဖြစ်သည်။
အစပထမတွင် အဆိုပါတက္ကသိုလ်ကို အဆောက်အအုံ ၁၀ လုံးပါ တက္ကသိုလ်အဖြစ်သာ တည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒေသတွင်း၌ အကောင်းဆုံးတက္ကသိုလ်ဖြစ်လာစေရန်နှင့် ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခု ဖြစ်လာစေရန် ရည်မှန်းကာ ဧက ၁၅၀ မြေပေါ်တွင် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ ဖြစ်သည်။

တက္ကသိုလ် တည်ဆောက်မှုကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး ယခင်နှစ်အတွင်းက စီမံကိန်း ပထမဆင့် ပြီးစီးခဲ့ရာ ကျောင်းသားရေးရာလှုပ်ရှားမှု ခန်းမနှင့် ကျောင်းသားဆောင်များအနက် ဘလောက်တစ်ခု ပြီးစီးခဲ့ပြီဖြစ်သည်။လာမည်နှစ်တွင် တက္ကသိုလ်တည်ဆောက်မှု ပထမဆင့် အပြီးသတ်မည်ဖြစ်ရာ ကျောင်းသားပေါင်း ၅၀၀၀ အတွက် စတုရန်းမီတာ ၃ သန်းကျော် ပြီးစီးမည် ဖြစ်သည်။
ကျောင်းဝန်းတစ်ခုလုံးပြီးစီးပါက ကျောင်းသား ၁၀၀၀၀ မှ ၂၀၀၀၀ အကြား ပညာသင်ယူနိုင်မည် ဖြစ်သည်။ယခုအခါအဆိုပါတက္ကသိုလ်ဝန်းကျင်တွင် ၅၂၅ ဧက ကျယ်ဝန်းသော မြေပေါ်၌ မြို့သစ်တစ်မြို့ တည်ထောင်ရန် စီစဉ်လျက်ရှိခြင်း ဖြစ်သည်။

မြို့သစ်ကို ဆန်းဆုရီယာဟု အမည်ပေးထားပြီး ကုန်တိုက်တစ်ခု၊ ဟိုတယ်၊ တိုက်ခန်းများ၊ ရုံးခန်းများအခြေစိုက်နိုင်မည့် အဆောက်အအုံ၊ အထပ်မြင့်နှင့် ခြံဝန်းကျယ်နေအိမ်များ ပါဝင်မည် ဖြစ်သည်။
မြို့သစ်တည်ဆောက်ခြင်းကို ဆန်းဆုရီယာကုမ္ပဏီနှင့် Welcome Global Co Ltd တို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်ပြီး ပိုင်ဆိုင်မှု အချိုးမှာ ၆၀း ၄၀ ဖြစ်သည်။
ဆန်းစုရီယာမှ အမှုဆောင်အရာရှိချုပ် ကောင်ဝေဆန်က ပြောကြားရာတွင် မြို့သစ်အတွက် ပထမဆုံးလူနေအိမ်ရာစီမံကိန်းကို လာမည့် စက်တင်ဘာတွင် စတင်တည်ဆောက်သွားမည်ဖြစ်ပြီး The Olive ဟု အမည်ပေးထားကြောင်း ပြောကြားသည်။
ယင်းအိမ်ရာစီမံကိန်းတွင် လူနေခန်းပေါင်း ၆၆၃ ခန်းပါဝင်မည်ဖြစ်ပြီး အခန်းအကျယ်အ၀န်း ၈၁၈ စတုရန်းမီတာ ရှိမည်ဖြစ်ကာ တစ်ခန်းချင်းတန်ဖိုး ရင်းဂစ် ၃၈၃၉၉၉ ခန့် ရှိဖွယ်ရာရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service