ပန်းကန်ဆေးသမားဘ၀မှ ဘီလျံနာဘ၀သို့ တက်လှမ်းခဲ့သည့် ဖူလ်ဟမ်အသင်းပိုင်ရှင်

ပန်းကန်ဆေးသမားဘ၀မှ ဘီလျံနာဘ၀သို့ တက်လှမ်းခဲ့သည့် ဖူလ်ဟမ်အသင်းပိုင်ရှင် - Property News in Myanmar from iMyanmarHouse.com
14 Jun 2016 10:47 am တွင် တင်ခဲ့သည်
17573 ကြိမ် ကြည့်ရှု့ပြီး
ရှာဟစ်ခန်သည် ပါကစ္စတန်မှ အမေရိကန်ပြည်ထောင်စုသို့ ဗိသုကာပညာသင်ယူရန် ထွက်ခွာလာခဲ့ချိန်တွင် အသက် ၁၆ နှစ်အရွယ်သာရှိသေးသည်။ အမေရိကသို့ ထွက်ခွာလာသည့်အချိန်မှာ ၁၉၆၇ ခုနှစ်၊ ဇန်န၀ါရီလဖြစ်ပြီးသူ၏ အိတ်ကပ်ထဲတွင် ဒေါ်လာ ၅၀၀ မျှသာရှိသည်။

ဗိသုကာအတတ်ပညာဖြင့် အသက်မွေးလျှင် ၀င်ငွေမည်မျှသာ ရနိုင်သည်ကိုသိရှိပြီးနောက် အီလီနွိုက်တက္ကသိုလ် ပထမနှစ်စတွင်ပင် သူ၏ အိပ်မက်ကိုစွန့်လွှတ်လိုက်၏။
“ဗိသုကာပညာကို ကျွန်တော်မြတ်နိုးပါတယ်။ ဒါပေမယ့် ဗိသုကာပညာရှင် တွေဟာငွေအများကြီး မရနိုင်ဘူးဆိုတာ ခပ်စောစောသိလိုက်ရတယ်” ဟုရှာဟစ်ခန်က ပြန်ပြောင်းပြောပြသည်။
ရှာဟစ်ခန်ကို ရှက်ခန်ဟုလည်း ခေါ်ကြပြီး ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့၌ ၁၉၅၀ ခုနှစ်၊ ဇူလိုင် ၁၈ တွင် မွေးဖွားသည်။

မိဘများမှာလူလတ်တန်းစားများဖြစ်ကြသည်။ ဗိသုကာပညာရပ် ကိုကျောခိုင်းပြီးရှာဟစ်ခန် သည် စက်မှုအင်ဂျင်နီယာ ပညာသင်ရန် ဆုံးဖြတ်ခဲ့သည်။
အမေရိကသို့ ရောက်သည့် ပထမဆုံးညတွင် ၀ိုင်အမ်စီအေခန်းမတွင် တည်းခိုခဲ့၏။
အခန်းခ ၂ ဒေါ်လာသာပေးရသော် လည်းငွေပြတ်သွား မည်ကိုများစွာပူပန်သောရှာဟစ်ခန်သည် မိုးလင်းသောအခါတွင် အလုပ်လုပ်ရန်အတွက် အလုပ်လိုက်ရှာလေသည်။

ထိုအကြောင်းနှင့် စပ်လျဉ်း၍ သတင်းမီဒီယာ တစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖြေကြားခဲ့ရာ၌
“အိပ်ယာထပြီးတော့ ရိုက်လမ်းပေါ်မှာလျှောက်ကြည့်တယ်။ အဲဒီမှာပန်းကန်ဆေးသမားအလုပ်ခေါ်တာတွေ့တယ်။ တစ်နာရီကို ၁ ဒသမ ၂၀ ဒေါ်လာရမယ်။ ဟုတ်ပြီ။ ဒါကိုငါလုပ်ရမယ်။ ဒါဟာ ငါ့အတွက် ထွက်ပေါက်ပဲ လို့ တွေးလိုက်တယ်”
ဟုဆိုသည်။

Shahid Khan: Got up and walked up on Wright Street and they were hiring dishwashers - a buck 1.2 an hour. I was, "Wow, I think I'm gonna make it. This is my liberation. I control my destiny and -
Byron Pitts: A job washing dishes...
Shahid Khan: Yes.

အဆိုပါငွေမှာပါကစ္စတန်တွင် လူ ၁၀၀ လျှင် ၉၉ ဦးရှာနိုင်သည့် ၀င်ငွေထက် ပိုမိုများပြားကြောင်း ရှာဟစ်ခန်က ဆိုသည်။ ကျောင်းပြီးသော အခါတွင် ရှာဟစ်ခန်သည် Flex-N-Gate အမည်ရှိမော်တော် ကားပစ္စည်းများ ထုတ်လုပ်သည့်ကုမ္ပဏီတွင် ၀င်ရောက်လုပ်ကိုင်သည်။ ၁၉၈၀ ပြည့်နှစ် တွင် ကုမ္ပဏီဝန်ထမ်းရှာဟစ်ခန်သည် ယင်းကုမ္ပဏီကိုဒေါ်လာ ၈၀၀၀၀၀ ဖြင့် ၀ယ်ယူလိုက်တော့သည်။

အမေရိကတွင် ရောင်းချပြီးသမျှ လူစီးနှင့် ထရပ်ကားအားလုံး၏ သုံးပုံနှစ်ပုံတွင် Flex-N-Gate မှ ထုတ်လုပ်သည့်ပစ္စည်း များကိုတပ်ဆင် ထားကြခြင်းဖြစ် သည်။ ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်းကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဖိုးရောင်းချခဲ့ရသည်။ ယနေ့အချိန်တွင် ကမ္ဘာပေါ်၌ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအ၀င်ဖြစ်နေပြီဖြစ်ပြီး ဖော့ဘ်မဂ္ဂဇင်းကြီးက ကမ္ဘာပေါ် တွင်အချမ်းသာဆုံးပုဂ္ဂိုလ် ၄၀၀ စာရင်းတွင် နံပါတ် ၈၄ နေရာ၌ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသည်။

ရှာဟစ်ခန်သည် အမေရိကန်ဘောလုံး အသင်းဖြစ်သော ဂျက်ဆင်ဗီလီဂျာဂွါးနှင့် အင်္ဂလန်ဘောလုံး ကလပ် ဖြစ်သော ဖူလ်ဟမ်အသင်း တို့ကိုလည်း ၀ယ်ယူထားသူ ဖြစ်သည်။
၂၀၁၃ ခုနှစ် ဇူလိုင်တွင် လန်ဒန်အခြေစိုက် ဖူဟမ်အသင်းကို ၀ယ်ယူရန်အတွက် မိုဟာမက် အယ်လ်ဖာယက်နှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ပေါင် သန်း ၁၅၀ မှ ၂၀၀ အကြားဈေးနှုန်းဖြင့် ၀ယ်ယူခဲ့သည်ဟု ခန့်မှန်းရသည်။
၂၀၁၆ ခုနှစ်၊ မတ်လစာရင်းများအရရှာဟစ်ခန်၏ အသားတင်ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံကျော်ရှိသည်။

ထို့ကြောင့် တစ်ချိန်ကပန်းကန်ဆေးခဲ့ ရသောရှာဟစ်ခန် သည် တစ်ကမ္ဘာလုံးအတိုင်းအတာတွင် ၃၆၀ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီးပါကစ္စတန်တွင်မူအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီ ဖြစ်သည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ပန်းကန်ဆေးသမားဘ၀မှ ဘီလျံနာဘ၀သို့ တက်လှမ်းခဲ့သည့် ဖူလ်ဟမ်အသင်းပိုင်ရှင် - Property News in Myanmar from iMyanmarHouse.com
ပန်းကန်ဆေးသမားဘ၀မှ ဘီလျံနာဘ၀သို့ တက်လှမ်းခဲ့သည့် ဖူလ်ဟမ်အသင်းပိုင်ရှင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service