ကွန်ဒိုဥပဒေအတည်ပြုပြီးဖြစ်သော်လည်း နိုင်ငံခြားသားအများစု တိုက်ခန်းများတွင်သာ အနေများ

ကွန်ဒိုဥပဒေအတည်ပြုပြီးဖြစ်သော်လည်း နိုင်ငံခြားသားအများစု တိုက်ခန်းများတွင်သာ အနေများ - Property News in Myanmar from iMyanmarHouse.com
14 Jun 2016 9:42 am တွင် တင်ခဲ့သည်
878 ကြိမ် ကြည့်ရှု့ပြီး
ကွန်ဒိုဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးဖြစ်သော်လည်း နိုင်ငံခြားသား အများစုသည် ဈေးနှုန်းသက်သာသည့် ရပ်ကွက်တွင်းတိုက်ခန်းများတွင်သာ ငှားရမ်းနေထိုင်ကြသူ များပြားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

နိုင်ငံခြားမှ လာရောက်သူအများစုသည် ငွေကြေး သုံးစွဲနိုင်သည့်လူတန်းစားထက် သာမန်ဝင်ငွေအဆင့်ရှိရုံ ကုမ္ပဏီဝန်ထမ်းအများစု ဖြစ်သဖြင့် ယခုကဲ့သို့ ရပ်ကွက်များအတွင်းရှိ လူနေတိုက်ခန်းများသို့ ၀င်ရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘ကျွန်တော်ဆောက်ထားတဲ့ မုဒိတာတန်ဖိုးနည်းအိမ်ရာမှာဆို လူမျိုးစုံပဲ။ လာငှားနေကြတာတွေ အများကြီးရှိတယ်’’ဟု တော်ဝင် ဆောက်လုပ်ရေး လုပ်ငန်းရှင်ဦး ကိုကိုထွေးကဆိုသည်။

အများစုကရပ်ကွက်များအ တွင်းရှိ ဈေးနှုန်းသင့်တင့်သော လူနေတိုက်ခန်းများတွင် ငှားရမ်း နေထိုင်ကြကြောင်း အိမ်ခြံမြေအ ရောင်းအ၀ယ်ပြုလုပ်သူများကဆို သည်။

‘‘ကွန်ဒိုမှာ ငှားနေရင်တစ်လ ၁၀သိန်းကနေ ၁၅သိန်းလောက်ရှိ တယ်။ ရပ်ကွက်ထဲနေရင် နှစ်သိန်း လောက်နဲ့ အခန်းသန့်သန့် ရ တယ်’’ ဟု ရွှေအိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းရှင်ဦးတိုးနိုင်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က ဂျပန်လူမျိုးများအတွက် လုံး ချင်းအိမ်ပြင်ဆင်ပြီး ပရိဘောဂအ စုံအလင်ပါ တစ်လကျပ်ငါးသိန်းနှုန်းဖြင့် တောင်ဥက္ကလာပမြို့နယ်၌ ငှားရမ်းပေးခဲ့ရကြောင်း ၎င်းကပြောသည်။

ကွန်ဒိုဥပဒေပြဋ္ဌာန်းပြီးပါက လုပ်ငန်းရှင်များက နိုင်ငံခြားသားများအား ငှားရမ်းရဖွယ်ရှိသည်ဟု တွက်ချက်မှန်းဆ၍ အလုံးအရင်းဖြင့် တည်ဆောက်ကြသော်လည်း လတ်တလောတွင် ထင်သလောက်ရောင်းချနိုင်ခြင်း မရှိကြောင်းတော်ဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင်ဦးကိုကိုထွေးကဆိုသည်။

နိုင်ငံခြားသားများကို ရောင်း ချရန်အခက်အခဲဖြစ်နေရခြင်းမှာ ကွန်ဒိုဥပဒေပါ အချို့အချက်အ လက်များသည် လက်တွေ့ကျင့်သုံးရန်ခက်ခဲသဖြင့် နိုင်ငံခြားသားများ ၀ယ်ယူမှု နည်းပါးခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ဇန်န၀ါရီ ၂၂ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် စုပေါင်းအဆောက်အအုံ ဥပဒေ (ကွန်ဒိုဥပဒေ)အပေါ် အပိုဒ်လိုက် ဆွေးနွေးကာ ဥပဒေတစ်ခုလုံးကို အတည်ပြုလိုက်ပြီး ပြည်တွင်းရှိ ကွန်ဒိုအဆောက်အအုံ တစ်ခု၏ အခန်းများအနက် ၄၀ ရာခိုင်နှုန်း ကို နိုင်ငံခြားသားများအား ရောင်း ချခွင့်ရှိသည်ဟူသော အချက်အပါအ၀င် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင် ကွန်ဒိုအ ထပ်မြင့် တိုက်ခန်းများ ဆောက် လုပ်မှု များပြားလာသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက နောက်ဆုံးကောက်ယူ ထားသည့် စာရင်းများအရ ကွန်ဒိုဝယ်ယူနိုင်သည့် အိမ်ထောင်စုသည် လေးသောင်းခန့်သာရှိပြီး ၎င်းတို့က ကွန်ဒိုများဝယ်ယူမှုမရှိ၍ ကွန်ဒိုတိုက်ခန်းဈေးကွက်မှာ ယနေ့အထိ အေးစက်နေဆဲဖြစ် သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service