ကွန်ဒိုဥပဒေအတည်ပြုပြီးဖြစ်သော်လည်း နိုင်ငံခြားသားအများစု တိုက်ခန်းများတွင်သာ အနေများ - Property News in Myanmar from iMyanmarHouse.com
873 Views

ကွန်ဒိုဥပဒေအတည်ပြုပြီးဖြစ်သော်လည်း နိုင်ငံခြားသားအများစု တိုက်ခန်းများတွင်သာ အနေများ

ကွန်ဒိုဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးဖြစ်သော်လည်း နိုင်ငံခြားသား အများစုသည် ဈေးနှုန်းသက်သာသည့် ရပ်ကွက်တွင်းတိုက်ခန်းများတွင်သာ ငှားရမ်းနေထိုင်ကြသူ များပြားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

နိုင်ငံခြားမှ လာရောက်သူအများစုသည် ငွေကြေး သုံးစွဲနိုင်သည့်လူတန်းစားထက် သာမန်ဝင်ငွေအဆင့်ရှိရုံ ကုမ္ပဏီဝန်ထမ်းအများစု ဖြစ်သဖြင့် ယခုကဲ့သို့ ရပ်ကွက်များအတွင်းရှိ လူနေတိုက်ခန်းများသို့ ၀င်ရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘ကျွန်တော်ဆောက်ထားတဲ့ မုဒိတာတန်ဖိုးနည်းအိမ်ရာမှာဆို လူမျိုးစုံပဲ။ လာငှားနေကြတာတွေ အများကြီးရှိတယ်’’ဟု တော်ဝင် ဆောက်လုပ်ရေး လုပ်ငန်းရှင်ဦး ကိုကိုထွေးကဆိုသည်။

အများစုကရပ်ကွက်များအ တွင်းရှိ ဈေးနှုန်းသင့်တင့်သော လူနေတိုက်ခန်းများတွင် ငှားရမ်း နေထိုင်ကြကြောင်း အိမ်ခြံမြေအ ရောင်းအ၀ယ်ပြုလုပ်သူများကဆို သည်။

‘‘ကွန်ဒိုမှာ ငှားနေရင်တစ်လ ၁၀သိန်းကနေ ၁၅သိန်းလောက်ရှိ တယ်။ ရပ်ကွက်ထဲနေရင် နှစ်သိန်း လောက်နဲ့ အခန်းသန့်သန့် ရ တယ်’’ ဟု ရွှေအိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းရှင်ဦးတိုးနိုင်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က ဂျပန်လူမျိုးများအတွက် လုံး ချင်းအိမ်ပြင်ဆင်ပြီး ပရိဘောဂအ စုံအလင်ပါ တစ်လကျပ်ငါးသိန်းနှုန်းဖြင့် တောင်ဥက္ကလာပမြို့နယ်၌ ငှားရမ်းပေးခဲ့ရကြောင်း ၎င်းကပြောသည်။

ကွန်ဒိုဥပဒေပြဋ္ဌာန်းပြီးပါက လုပ်ငန်းရှင်များက နိုင်ငံခြားသားများအား ငှားရမ်းရဖွယ်ရှိသည်ဟု တွက်ချက်မှန်းဆ၍ အလုံးအရင်းဖြင့် တည်ဆောက်ကြသော်လည်း လတ်တလောတွင် ထင်သလောက်ရောင်းချနိုင်ခြင်း မရှိကြောင်းတော်ဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင်ဦးကိုကိုထွေးကဆိုသည်။

နိုင်ငံခြားသားများကို ရောင်း ချရန်အခက်အခဲဖြစ်နေရခြင်းမှာ ကွန်ဒိုဥပဒေပါ အချို့အချက်အ လက်များသည် လက်တွေ့ကျင့်သုံးရန်ခက်ခဲသဖြင့် နိုင်ငံခြားသားများ ၀ယ်ယူမှု နည်းပါးခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ဇန်န၀ါရီ ၂၂ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် စုပေါင်းအဆောက်အအုံ ဥပဒေ (ကွန်ဒိုဥပဒေ)အပေါ် အပိုဒ်လိုက် ဆွေးနွေးကာ ဥပဒေတစ်ခုလုံးကို အတည်ပြုလိုက်ပြီး ပြည်တွင်းရှိ ကွန်ဒိုအဆောက်အအုံ တစ်ခု၏ အခန်းများအနက် ၄၀ ရာခိုင်နှုန်း ကို နိုင်ငံခြားသားများအား ရောင်း ချခွင့်ရှိသည်ဟူသော အချက်အပါအ၀င် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင် ကွန်ဒိုအ ထပ်မြင့် တိုက်ခန်းများ ဆောက် လုပ်မှု များပြားလာသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက နောက်ဆုံးကောက်ယူ ထားသည့် စာရင်းများအရ ကွန်ဒိုဝယ်ယူနိုင်သည့် အိမ်ထောင်စုသည် လေးသောင်းခန့်သာရှိပြီး ၎င်းတို့က ကွန်ဒိုများဝယ်ယူမှုမရှိ၍ ကွန်ဒိုတိုက်ခန်းဈေးကွက်မှာ ယနေ့အထိ အေးစက်နေဆဲဖြစ် သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service