အေးရိပ်ဖြင့် ချွေးသိပ်နေဆဲ မဟာဆန်သူ

အေးရိပ်ဖြင့် ချွေးသိပ်နေဆဲ မဟာဆန်သူ - Property News in Myanmar from iMyanmarHouse.com
23 May 2016 10:00 am တွင် တင်ခဲ့သည်
1442 ကြိမ် ကြည့်ရှု့ပြီး
မြို့ကွက်တစ်ခုဖော်ထုတ်ရာတွင် ထိုမြို့ကွက်အတွင်းနေ ထိုင်ကြမည့် မိသားစုများအတွက် ကျောခင်းနေ ထိုင်ရာအဆောက်အအုံ အိမ်ရာများ တည်ဆောက်ပေး ရုံနှင့်ပြီးသည်မဟုတ်။ နေထိုင်အခြေချရာမိသားစုများ အဆင်ပြေချောမွေ့မှုရှိစွာ ရှငိသန်ရပ်တည်နိုင်မည့် မြို့ပြအင်္ဂါအခင်းအကျင်းများလည်း ထည့်သွင်း တည်ဆောက်ပေးနိုင် ရန် လိုအပ်လှပေသည်။ မြို့ကွက်ထဲမှ ပင်မ မြို့လယ်နှင့်တကွ အခြားသောနေရာများသို့ အလွယ်တကူသွားလာကူးသန်းနိုင်မည့် လမ်းများ ဖောက်လုပ်ပေးရန်လိုအပ်သလို ထိုလမ်းများပေါ်တွင်ပြေးဆွဲသည့် ယာဉ်လိုင်းများ လုံလောက်စွာရှိနေရန်မှာလည်း အရေးကြီး၏။ မိသားစုဝင်တို့၏ကျန်းမာရေးအတွက် ဆေးပေးခန်းများ၊ ပညာရေးအတွက် စာသင်ကျောင်းများ၊ နိစ္စဓူဝ စားသောက်ချက်ပြုတ်ရေးအတွက် ဈေးများ တည်ဆောက်ပေးရန် လိုအပ်သည့်နည်းတူ အပန်းဖြေရန် ကစားကွင်းများ၊ ရုပ်ရှင်ရုံများ၊ ပန်းခြံများလည်း မရှိမဖြစ်ထည့်သွင်းတည်ဆောက်ပေးရန်လိုအပ်သည်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံရမှု တစ်စတစ်စ ရှားပါးလျော့ရဲလာသည့် ယခုလိုခေတ်မျိုးတွင် သဘာဝပတ်ဝန်းကျင်အငွေ့အသက်ကို အတတ်နိုင်ဆုံ ရရှိခံစားနိုင်စေသည့် အပန်းဖြေအေးရိပ်ဆာရာစခန်း လိုကိုလိုအပ်လှသည်မှာကား မြေကြီးလက်ခတ်မလွဲ ဖြစ်ပေချိမ့်။

တစ်ချိန်သောအခါက သဘာဝပတ်ဝန်းကျင်၏ ထိတွေ့မှုရသ ကို အပြည့်အ၀ထက် ပိုလျှံလွန်ကဲစွာ ဖြည့်ဆည်းပေး ခဲ့သော ဒေသ၀န်းကျင်တစ်ခု ရန်ကုန်သူ ရန်ကုန်သား များ၏အသိသညာတွင် စွဲမြဲစွာ တည်တံ့ခဲ့ဖူးသည်။ ယင်းမှာ အခြားမဟုတ် နိုင်ငံတော့်မျက်နှာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏၀န်းကျင်တွင်ပင်ရှိသော ကန်တော်ကြီး ပင်ဖြစ်တော့၏။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် တစ်လျှောက်လုံး မည်သည့်အရပ်မျက်နှာမှချင်းနင်း သည်ဖြစ်စေ ၀င်ကြေးဟူ၍ တစ်စိုးတစ်စိမျှပေးစရာမလိုဘဲ မိတ်ဆွေသူငယ်ချင်းများနှင့်သော်လည်းကောင်း၊ မိသားစုလိုက်သော်လည်းကောင်း၊ ကြင်နာသူနှင့် ရွှေလက်မြဲမြဲတွဲ၍သော်လည်းကောင်း သွားရောက်အပန်းဖြေရင်း မြို့ပြအပူငွေ့များ ကိုလျှော်ဖွပ်ခ၀ါချရာအရပ်လည်း ဖြစ်ခဲ့၏။

ရုပ်ဝတ္ထုပစ္စည်းတိုးတက်ခြင်း နိမ့်ပါးသော ကာလ ဖြစ်သည့် အားလျော်စွာ ပြုပြင်ထိန်းသိမ်းမှုဖြန့်ကြက်အား နည်းပါးသဖြင့် ကန်တော်ကြီး၏နယ်နိမိတ်ပမာဏ အတော်များများသည် သဘာဝပတ်ဝန်းကျင် ဂေဟဗေဒ စနစ်တို့ ပြည့်စုံလုံလောက်သောဝန်းကျင် ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်ပြောမည်ဆိုလျှင် နေရာအတော်များများတွင် အရိုင်းဆန်သော သဘာဝပတ်ဝန်းကျင်များက ကြီးစိုးနေသည်။ ကန်တော်ကြီးနယ်နိမိတ်၏အစပ် လမ်းမတန်းများနှင့်ကပ်လျက် အပြင်ပိုင်းလောက်တွင်သာ လူတို့ပြုပြင်မွမ်းမံထားသော လက်ရာများဖြင့် သပ်ရပ်အမြင်တင့်နေသော်လည်း ကန်ရေပြင်အနီးအနား အတွင်းပိုင်းအထိ နက်နက်ရှိုင်းရှိုင်းတိုးဝင်သွားလျှင်မူ အရိုင်းဆန်သော တောအုပ်ခပ်ပါးပါးအတွင်း ၀င်ရောက်သွားရဘိသကဲ့သို့ ခံစားရမည်မှာ ဧကန်မုချ။

ကန်တော်ကြီးရေပြင်ဆိုသည်ကလည်း နည်းသည့်အကျယ်အ၀န်းပမာဏမဟုတ်။ သည်တော့ လူစည်သည့်အ၀င်လမ်းမှ တိုသောလမ်းကြောင်းနှင့် သွားကာမျှဖြင့် ကန်တော်ကြီးရေပြင်စပ်သို့ တိုက်ရိုက်ရောက်နိုင်သောလမ်းကြောင်း ရှိသလို လမ်းကွေ့လမ်းကောက်များတစ်လျှောက် နေပြောက်မထိုးနိုင်သည့်အပင်ကြီးများအောက် တမေ့တမောလျှောက် သွားပြီးမှ ရောက်နိုင်သည့် လမ်းကြောင်းများကလည်း မနည်း။ လူတစ်ရပ်မကသော တံမြက်စည်းပင်များကို တိုးဝှေ့ဖြဲဖယ်ကာ ၀င်သွားပြီးမှ ဘွားခနဲတွေ့လိုက်ရသည့် သဲသာသောင်ခြေ အနားသတ် ကန်ရေပြင်ကြည်လဲ့လဲ့က မြို့ပြနယ်နိမိတ်အတွင်းမှ ရှားရှားပါးပါး သဘာဝပန်းချီကားတစ်ချပ်။

ထိုသို့သောအခင်းအကျင်းသည် အေးရိပ်ရှာသူတို့အတွက် လှပသောနားခိုရာဖြစ်သည့်နည်းတူ ဒုစရိုက်မှုတို့မွမ်းထုံရာ လူသားများအတွက် ခိုလှုံရာအကာအကွယ် နယ်ပယ်တစ်ရပ် လည်း ဖြစ်ချေသည်တမုံ့။ ဘတ်စ်ကားပေါ်မှ ခါးပိုက်နှုက်တစ်ဦးဖြစ်စေ၊ လမ်းသွားလမ်းလာထံမှ လုယက်သူတစ်ဦးဖြစ်စေ ကန်တော်ကြီးနယ်မြေအတွင်း ချင်းနင်းဝင်ရောက်သွားပြီဆိုပါက မိနိုင်ခြေမှာ ရာခိုင်နှုန်း လေးပုံတစ်ပုံမျှပင်မပြည့်။ အကြောင်းမှာ ချုံနွယ်ပိတ်ပေါင်းထူထပ်သော သည်နယ်မြေသည် အကြံအစည်ဖြင့်ပုန်းခိုခြင်းပြုရန် ၀င်ရောက်လာသူအတွက် ကြီးစွာသောလုံခြုံမှုကို ပေးစွမ်းသည်။ နောက်မှလိုက်သူသည် တစ်ယောက်စနှစ်ယောက်စ အင်အားမျှလောက်ဖြင့်တော့ မျက်ကွယ်လုံလောက်စွာရနေသည့်ဒေသတွင်းသို့ အရဲကိုးဝင်ရောက်ခြင်းငှါ မစွမ်းသာနိုင်။ နောက်မှလိုက်သောသူတို့ အင်အားကောင်းပြီး ဖျတ်လတ်သန်စွမ်းလျှင်တော့ ဒုစရိုကသမား မသက်သာ၊ အမိခံ အထုအထောင်းခံရသည်မှာ မုချ။

အေးရိပ်ရှာ၍ ဆိတ်ငြိမ်ခြင်းကို ခုံမင်စွာမွေ့လျှော်ကြသူတို့တွင် ချစ်သူစုံတွဲများက ထိပ်ဆုံးမှနေရာယူထားကြ၏။ သစ်ပင်ရိပ်တို့၏ အေးမြမှု၊ ချုံပင်နွယ်ပင်တို၏ စိမ်းမြဖက်ပွေ့မှု၊ ကန်ရေပြင်၏ တည်ငြိမ်ချမ်းမြေ့မှု၊ ရေလွှာကိုဖြတ်တိုက်လာသော လေပြည်လေညင်း၏ ကလူကျီစယ်ဆော့ကစားမှု စသည်တို့က ချစ်သူတို့နှလုံးသားကို အင်အားကြီးမားစွာ ဖမ်းစားညှို့ငင်နိုင်စွမ်း ရှိနေသည်။ ကန်တော်ကြီး၏ သဘာဝပတ်ဝန်းကျင်အလှကို ရေပြင်ထက်မှ ကြည့်ရှုခံစားနိုင်အောင် အပျော်စီးလှေ နာရီပိုင်းဖြင့်ငှါးရမ်းသူများလည်း ရှိနေရကား ရေကြောင်းတွင် လှေလောင်းစီးရင်း ချစ်တေးသံပြိုင်သီကျူးကြသည်။ ထိုမှတစ်ဆင့် ဆိတ်ငြိမ်သော သီးသန့်ကမ္ဘာငယ်လေးများဖြစ်နေ သည့် ရေပြင်လယ်မှ ကျွန်းငယ်လေးများပေါ် သို့ ခြေဦးတည်ကာ အချစ်ခရီးရှည်ဆန့်ကြသည်။

မြန်မာ့ရိုးရာ အမျိုးသားပွဲတော်ဖြစ်သော သင်္ကြန်ရေသဘင် ဆင်ယင်ကျင်းပရာရက်များတွင်တော့ ကန်တော်ကြီး အနီးတစ်ဝိုက်သည် ကြက်ပျံ၍မကျအောင်ပင် စည်ကားသိုက်မြိုက်လှချေ၏။ ရန်ကုန်နယ်နိမိတ်အတွင်း မည်သည့်မြို့နယ်ရပ်ကွက်များသို့ ခြေဆန့်ရေကစားကြသော သင်္ကြန်နွှဲအပျော်ရှာသူများမဆို နေ့လယ်နေ့ခင်း အပူရှောင်အနားယူရာအရပ်ကို ကန်တော်ကြီး သာ ရွေးချယ်ကြ၏။ ကန်တော်ကြီးပတ်ပတ်လည်တွင် တစ်ထီးတစ်နန်းဆောက်လုပ်နေထိုင်ကြသော အိမ်ကြီးအိမ်ကောင်းတို့ကလည်း အဆိုအတီး မဏ္ဍပ်များဖြင့် ဖြေဖျော်ချွေးသိပ်ခြင်းအမှု ပြုကြ၏။ ခြုံ၍ဆိုရ လျှင် ရှေးလွန်ခဲ့သော နှစ်ပေါင်း ၂၆၀ ကတည်းက အသက်ဝင်ခဲ့သည့် ကန်တော်ကြီးနယ်နိမိတ်သည် ချဉ်းကပ်ခိုနားလာသူတို့အား အေးရိပ်တွင် ချွေးသိပ်စေနိုင်သည့် အာနိသင် ရှိရာ မြို့ပြအိုအေစစ်တစ်ခုအဖြစ် တည်တံ့ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကတော့ ထိုအိုအေစစ်သည် ၀င်ကြေးပေးရန်မလို၊ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလျက် အရိုင်းဆန်သော သဘာ၀၀န်းကျင်အလှတရားများဖြင့် ကပိုကရိုအလှကြွယ်ခဲ့သည်။

၁၉၈၈ နောက်ပိုင်း စီမံချက်ကြီးများချမှတ်ကာ ကန်တော်ကြီး ၀န်းကျင် ပြုပြင်ပြောင်းလဲရေးများ လုပ်လိုက်သည့်အခါ မှာတော့ ကျေးလက် ၏သမီးပျိုအဖြစ်မှ မြို့ကြီးသူ အသွင်ရောက် ဝေဠုဝတီမင်းသမီးလေးပမာ ခမ်းနားဝင့်ထည်သောအလှဖြင့် တစ်သွေးတစ်မွေးဖြစ် လာသော ကန်တော်ကြီးလှကညာ ကို နေ့ချင်းညချင်း ပင် မြင်တွေ့လိုက်ရ၏။ မြေသားဖုံရုံမျှသော မြစိမ်းကမ္ပလာမြက်ခင်းပြင်ကို ပုံကျအောင်တိဖြတ် ထားသော မြေပြင်၊ ကွေ့ကောက်ရစ်ခွေသော လူသွားလမ်းတစ်ဖက်တစ်ချက်မှ ပုံစံချကိုက်ဖြတ်ထားသော သစ်ပင်ပုကလေးများ၊ ကောင်းကင်တွင် ဟိုတစ်စသည်တစ်စ လင်းလက်နေသည့် ကြယ်ပွင့်ကလေးများကဲ့သို့ ဟိုမှသည်မှ ပြိုးခနဲပြက်ခနဲ မြင်တွေ့ရသည့် အရောင်အသွေးစုံ ပန်းရုံကလေးများ . . . ကန်တော်ကြီးအပျိုမ၏ နဂိုနေနှင့်မတူကွဲပြားစွာသော ပြောင်းလဲမှုအလှသည် နတ်ရေကန်ထဲမှပြန်တက်လာသော သတို့သမီးငယ်အလား။

ဆန်းသစ်ဝင့်ထည်သောအလှတရားနှင့်အတူ ကန်တော်ကြီးနယ်နိမိတ်အတွင်း အပြိုင်းအရိုင်းပေါ်ထွန်းလာသည်တို့က အမျိုးမျိုးအဖုံဖုံသောစားသောက်ဆိုင်များနှင့် ကစားကွင်းများ။ အချက်အချာကျသည့်နေရာတွင်တည်ရှိပြီး သဘာဝပတ်ဝန်းကျင်ရသ များစွာခိုင်မြဲနေသေးသည့် ကန်တော်ကြီးဒေသသည် တစ်ချိန်ကလို လူတိုင်းထိတွေ့ခံစားနိုင်သည့် အများနှင့်သက်ဆိုင်သောနေရာဒေသတစ်ခု မဟုတ်တော့ဘဲ ဧရိယာတော်တော်များများက ငွေသံပေးမှ မျက်နှာရသည့် အလွှာခွဲဝန်းကျင်ဖြစ်နေသည်။ သာမန်မိသားစုတို့ အခမဲ့လာရောက်အပန်းဖြေနိုင်သောနေ ရာများ မရှိမဟုတ်၊ ရှိပါ၏။ ပမာဏ နည်းပါးလှခြင်းသာ။ သို့သော် ရန်ကုန်မြို့ကျက်သရေဆောင် ကန်တော်ကြီးဒေသကတော့ အများဆိုင်နယ်မြေအဖြစ် အရိုင်းဆန်ဆန်လှခဲ့တုန်းကလည်း ခိုဝင်သူတို့ကို အေးရိပ်တစ်သမတ်တည်းပေးခဲ့သလို တန်ဖိုးကြီးကန့်သတ်ဧရိယာများဖြင့် မဟာဆန်ဆန်လှနေသည့် ယခုအချိန်တွင်လည်း ယခင်ထက်မလျော့သည့်အေးရိပ်ဖြင့် ခိုဝင်သူတို့ကို ချွေးသိပ်ပေးစေနိုင်မြဲသာ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
mya-villa
mya-nandar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service