နိုင်ငံပိုင် ဟိုတယ်နှစ်လုံးကို ပြည်တွင်းလုပ်ငန်းရှင်များအား ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်

နိုင်ငံပိုင် ဟိုတယ်နှစ်လုံးကို ပြည်တွင်းလုပ်ငန်းရှင်များအား ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
29 Apr 2016 10:28 am တွင် တင်ခဲ့သည်
1170 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံပိုင် မြောက်ဦးဟို တယ်နှင့် ပြင်ဦးလွင်ရှိ ဂန္ဓာမာမြိုင် ဟိုတယ်တို့ကို ပြည်တွင်းလုပ်ငန်း ရှင်များအား ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

လိုက်နာရမည့် တင်ဒါစည်း ကမ်းချက်များကို မေလ ၅ ရက် တွင်ဝန်ကြီးရုံး၌အသေးစိတ်ရှင်းလင်းထုတ်ပြန်ပေးမည်ဖြစ်ပြီး တင်ဒါ တင်သွင်းလိုသည့် လုပ်ငန်းရှင်နှင့် ကုမ္ပဏီ ဒါရိုက်တာများ ကိုယ်တိုင် တက်ရောက်ရမည်ဟု ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

‘‘ဒီဟိုတယ်နှစ်ခုကို အရင် တုန်းက ငှားထားတာပါ။ အခု ၁၅ နှစ်ပြည့်လို့ ပြန်အပ်တာပါ။ ဒါကို နောက်ထပ် ၁၅ နှစ်ပြန်ငှားမှာပါ’’ ဟု ဟိုတယ်တင်ဒါခေါ်ယူရေးလုပ် ငန်းကော်မတီ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မြောက်ဦးဟိုတယ်သည် မြေ ဧရိယာ ငါးဧကကျော်ရှိပြီး ပြင်ဦး လွင် ဂန္ဓာမာမြိုင်ဟိုတယ်သည် သုံး ဧကခန့် ရှိသည်။ တင်ဒါတင်သွင်းသူများသည် ဟိုတယ်ကို ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်နှင့် အကျိုးအမြတ်များကို လည်း တင်ပြရမည်ဟုဆိုသည်။

လက်ရှိငှားရမ်းထားသူများသည် နာမည်ပြောင်း၍ ထပ်မံလျှောက်ထားခွင့်မရှိကြောင်း ဆိုသည်။

နိုင်ငံပိုင်ဟိုတယ်များ ပုဂ္ဂလိ ကလုပ်ငန်းရှင်သို့ ငှားရမ်းလုပ်ကိုင် ရာတွင် လုပ်ငန်းရှင်အချို့သည် စည်းကမ်းကိုမလိုက်နာဘဲ ဆောင် ရွက်နေသည်ကို တွေ့ရသဖြင့် ယခုလျှောက်ထားလိုသူများသည် စည်းကမ်းများ လိုက်နာရန်လိုအပ် သည်ဟု အဆိုပါ ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံပိုင်ဟိုတယ်များကို ပုဂ္ဂ လိကလုပ်ငန်းရှင်များထံ လွှဲပြောင်းရာတွင် ယခင်က ငွေကြေးအများ ဆုံးပေးသူကိုသာ ရွေးချယ်လေ့ရှိ သော်လည်း ယခုအခါ ၀န်ကြီးဌာန က သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှသာ လုပ်ကိုင်ခွင့်ပေးသည့် စနစ်ကို ၂၀၁၄ နှစ်လယ်ပိုင်းက စတင်ကျင့်သုံးခဲ့ သည်။

ငွေကြေးအများဆုံးပေးအပ် သူကိုသာ ရွေးချယ်သည့် စနစ် သည် အရှုံးများပြီး တစ်ဆင့်ပြန် လည် ငှားရမ်းသည့်ပြဿသာနာများ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ သိရသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service