ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘီလ်ဂိတ်)

ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘီလ်ဂိတ်) - Property News in Myanmar from iMyanmarHouse.com
4 Apr 2016 10:45 am တွင် တင်ခဲ့သည်
1654 ကြိမ် ကြည့်ရှု့ပြီး
ဘီလ်ဂိတ်၏ ကန်ဒေါ်လာ ၆၃ သန်းတန်နေအိမ်ကြီးမှာ မျက်မှောက်ခေတ်အိမ်ခြံမြေဈေးကွက်တွင် ကျွန်ုပ်တို့ မြင်တွေ့ရလေ့ရှိသည့် အသွင်မျိုးမ ဟုတ်ဘဲစိတ်ကူးယဉ်သိပ္ပံရုပ်ရှင်များထဲမှ အသွင် သဏ္ဍာန်မျိုးဖြစ်နေသည်။

အမေရိကန်ပြည်ထောင်စု၊ ၀ါရှန်တန်ဒီစီရှိ ၀ါရှင်တန်ရေကန်ကြီးဘေးတွင်တည်ရှိကာ အကျယ်အ၀န်း စတုရန်းပေ ၆၆၀၀၀ ရှိသည်။ အဆိုပါနေအိမ်ကို ဇာနာဒူ ၂.၀ ဟုအမည်ပေးထားသည်။

တောင်ကုန်းဘေးတွင် ဆောက်လုပ်ထားပြီးဆန်းကြယ် လှသောဒီဇိုင်းအသွင်ရှိသည့် အဆိုပါနေအိမ်ကြီးကို ၇ နှစ်အချိန် ယူဆောက်လုပ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင် ယင်းနေ အိမ်ကြီး၏ တန်ဖိုးမှာကန်ဒေါ်လာ ၁၄၇ ဒသမ ၅ သန်းအထိတန်ကြေးရှိနေပြီ ဖြစ်သည်။

နေအိမ်ဆောက်လုပ်ပြီးနောက်ပိုင်းအဆိုပါအိမ်အတွက် အထွေထွေအခွန်ဆောင်ရသည့်ပမာဏကန်ဒေါ်လာ ၁ ဒသမ ၀၆၃ သန်းအထိရှိခဲ့သည်။
ဘီလ်ဂိတ်၏ နေအိမ်မှာအခြားပုံမှန်နေအိမ်များထက် ထူးခြားဆန်းကြယ်သည့် facility များစွာ ပါဝင်သည်။

ယင်းတို့အနက် အချို့ မှာနေအိမ်ခြံဝန်းအတွင်း ၁၈ မီတာကျယ်သောရေကူးကန်ရှိပြီးအဆိုပါရေကူးကန်တွင် ရေအောက်တေးဂီတစနစ် ပါဝင်သည်။ စားသောက်ခန်းမှာ စတုရန်းပေ ၁၀၀၀ အထိကျယ်ဝန်းပြီး အားကစားခန်းမကိုလည်းစတုရန်းပေ ၂၅၀၀ ခန့်အထိကျယ်ပြန့်စွာဆောက်လုပ်ထားသည်။

ရုပ်ရှင်ရုံမှာစတုရန်းပေ ၁၅၀၀ ကျယ်ဝန်းပြီး လူ ၂၀ ၀င်ဆန့်သည်။ လူ ၁၅၀ ခန့် လက်ခံနိုင်သည့် ဧည့်ခန်းပါဝင်ပြီးရေချိုးခန်းမှာ ၂၄ ခန်းအထိ ပါဝင်သည်။
ကားဂိုဒေါင်မှာကား ၂၃ စင်းခန့်အထိရပ်နားနိုင်သည်။
စတုရန်းပေ ၂၁၀၀ ကျယ်ဝန်းသော စာဖတ်ခန်းပါဝင်ပြီးစာအုပ်စင်နှစ်ခုသည် လျှို့ ဝှက်နေရာနှစ်ခုကို အံဝှက်တံခါးသဖွယ် တပ်ဆင်ထားသည်။
ယင်းအနက် စာအုပ်စင်တစ်ခု လျှို့ ဝှက်တံခါးအဖြစ် တပ်ဆင်ထားသည့်အခန်းမှာအရက်ဘားခန်း ဖြစ်သည်။

အဆိုပါ စာဖတ်ခန်းအတွင်းထားရှိသည့် ရှားပါးပစ္စည်းတစ်ခုမှာမိုနာလီဆာအပြုံးပန်းချီကားကိုရေးဆွဲခဲ့သည့် ကမ္ဘာကျော်ပန်းချီဆရာကြီးလီယိုနာဒိုဒါဗင်ချီ၏ လက်ရေးမှတ်တမ်းစာအုပ် ဖြစ်ပြီးအဆိုပါစာအုပ်ကို ဘီလ်ဂိတ် က၁၉၉၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကန်ဒေါ်လာသန်း ၃၀ ကျော်ဖြင့် လေလံဆွဲ ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘီလ်ဂိတ်) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘီလ်ဂိတ်) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘီလ်ဂိတ်) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘီလ်ဂိတ်) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ

American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...

ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ

တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service