အရစ်ကျစနစ်ဖြင့် တိုက်ခန်းဝယ်ယူထားသူများ ငွေပေးသွင်းရန် အခက်ကြုံလာ

အရစ်ကျစနစ်ဖြင့် တိုက်ခန်းဝယ်ယူထားသူများ ငွေပေးသွင်းရန် အခက်ကြုံလာ - Property News in Myanmar from iMyanmarHouse.com
31 Mar 2016 10:02 am တွင် တင်ခဲ့သည်
1968 ကြိမ် ကြည့်ရှု့ပြီး
ဈေးကွက်အနေအထားကြောင့် တိုက်ခန်းနှင့် ကွန်ဒိုများကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူသူများ ငွေပေးသွင်းရန် အခက်အခဲ ရှိလာသည့်အတွက် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ပြန်လည်ညှိနှိုင်းကာ စာချုပ်ပြန်လည်ချုပ်ဆို၍ ရောင်းချနေရသည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

"အရစ်ကျဝယ်ထားပေးမဲ့ အခုနောက် ပိုင်းဝယ်သူတွေ တော်တော်မျာများက ငွေဆက် သွင်းဖို့ အခက်အခဲတွေကြုံလာလို့  ပြန်ညှိပေး နေရတယ်။ ဈေးကွက်အခြေအနေကလည်း အားလုံးသိတဲ့ အတိုင်း စောင့်ကြည့်အနေ အထား ဖြစ်နေတယ်။ အရင်စာချုပ်စည်းကမ်း အရသာဆိုရင် ငွေဆက်မ သွင်းနိုင်ရင် ၀ယ်သူ ဆုံးရှုံးမှာ ဖြစ်သလို ကုမ္ပဏီလည်း နာမည်ပျက် နိုင်လို့ အခုနောက်ပိုင်း နှစ်ဦးနှစ်ဖက် အဆင် ပြေတဲ့ နည်းလမ်းတွေရှာပြီး အဆင်ပြေအောင် လုပ်လာရတယ်။ ဆပ်ရမယ့် ကာလအပိုင်း အခြားကို တိုးပေးတာတို့၊ ဘဏ်တွေနဲ့ ၀ယ် သူတွေကို ပြောင်းချိတ်ပေးတာတို့အထိ လုပ်လာရတယ်"ဟု ၎င်းက ပြောသည်။

ဧပြီ ၁ ရက်တွင် အစိုးရသစ်တက်မည့် အချိန်တွင် သင်္ကြန်ကာလ ရက်ရှည်ရုံးပိတ်ရက် များနှင့် တိုက်ဆိုင်နေသည့်အပြင် ဆောက်လုပ် ရေးလုပ်ငန်းဈေးကွက်၏ သဘောသဘာဝ အရ အရောင်း အ၀ယ်အေးစက်တတ်သည့် မိုးရာသီအကြိုကာလကြောင့် မိုးရာသီကုန်ဆုံး သည့် အောက်တိုဘာလဆန်းခန့်မှသာ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများ အရောင်းအ၀ယ် ပြန်လည်ကောင်းမွန်လာနိုင် သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ခန့်မှန်းသုံးသပ်ထားကြ သည်။ "မေ၊ ဇွန်လောက်မှာ ဈေးကွက်ပြန်လှုပ် လာရင်တောင် မိုးကာလနဲ့ ဆက်သွားလို့ အောက်တိုဘာလဆန်းလောက်မှ ဈေးကွက်ပြန်ကောင်း မယ်လို့ထင်တယ်။ အရစ်ကျနဲ့ ၀ယ်ပြီး ကုမ္ပဏီကို ပုံမှန်းသွင်းတဲ့ ပိုက်ဆံ ကို မသွင်းနိုင်တော့တာ။ လုပ်ငန်းတစ်ခုရပ်တာ နဲ့ အကုန် လုံးရပ်သွားတဲ့ သဘောဖြစ်ပါတယ်။ အခုဆောက်နေကြတာကလည်း လာမယ့် ဈေးကွက်အတွက် မှန်းပြီးပြင်ဆင်တဲ့သဘော ပါ ဟု "ဟု ဦးကျော်ကျော်စိုးက ပြောသည်။ ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် အရောင်း အ၀ယ်အေး စက်နေသလို ၀ယ်လက် များ ပျောက်ဆုံးနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ် သည့်အပြင် နိုင်ငံရေး အပြောင်းအလဲ များကြောင့် ရင်းနှီး မြှုပ်နှံသူများက စောင့်ကြည့်နေဆဲကာလဖြစ် သဖြင့် အိမ်ခြံမြေဈေးကွက်နှင့် တိုက်ရိုက် ဆက်စပ်နေသည့် ပြည်တွင်းဆောက်လုပ် ရေးလုပ်ငန်းများတွင်ပါ အရောင်းအ၀ယ်အေးစက် လျက်ရှိသည်။

ဆောက်လုပ်ရေး လုပ်ငန်းများတွင် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားသည့် တိုက်ခန်းများ၊ ကွန်ဒိုများ ကိုလည်း ဈေးနှုန်းများလျှော့ချ ရောင်းချခြင်း၊ အရစ်ကျစနစ်ဖြင့် ရောင်းချခြင်း၊ အိမ်ခြံ မြေပြပွဲများ ကျင်းပကာ ဈေးကွက်မြှင့်တင် ရောင်းချခြင်းများကို ပြုလုပ်လာကြသော် လည်း ၀ယ်ယူလိုသူနည်းပါးနေဆဲ ဖြစ်သည်။ "ဘဏ်တွေက ၀င်ပြီး ထမ်းပေးဖို့ ဆိုတာ ကလည်း တော်တော်အန္တရာယ်ရှိနိုင်တဲ့ အနေအထားဖြစ်တယ်။ အခုတောင် ဘဏ်တွေ ဘက်မှာ ကျွံနေတဲ့ကိစ္စရပ်တွေ အများကြီးရှိ တယ်။ အစိုးရအပြောင်းအလဲနဲ့ မူဝါဒကို စောင့်ကြည့်နေတဲ့ အချိန်ဖြစ်တယ်။ ဈေးကွက်က ပြန်ကောင်းဖို့ တာစူနေပါပြီ"ဟု ဇေကမ္ဘာကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇေသီဟက ပြောသည်။

အိမ်ခြံမြေဈေးကွက်အရောင်းအငှား စစ်တမ်း များအရ ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီး တိုက်ခန်းပေါင်း ၅၀,၀၀၀ ကျော်ရှိသည့် အတွက် ဈေးကွက်ပြန်လည် ကောင်းမွန်လာနိုင်မည်ဖြစ်သော်လည်း အိမ်ခြံမြေဈေးနှုန်း များမှာ လက်ရှိဈေးနှုန်းထက် ပြန်လည်ကျ ဆင်းလာနိုင်ခြေရှိကြောင်း သိရသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service