ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(The Rock)

ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(The Rock) - Property News in Myanmar from iMyanmarHouse.com
29 Mar 2016 9:49 am တွင် တင်ခဲ့သည်
721 ကြိမ် ကြည့်ရှု့ပြီး
WWE ချန်ပီယံဆုကိုအကြိမ်ကြိမ်ရရှိခဲ့သည့် ကမ္ဘာ့ချန်ပီယံဒွိန်းသည်ရော့ခ် ဂျွန်ဆင်သည် နပန်းလောကမှ ဟောလိဝုဒ်နယ်သို့ အောင်မြင်စွာကူးပြောင်းနိုင်ခဲ့သည့် တစ်ဦးတည်းသောနပန်းသမားဖြစ်သည်။

သည်ရော့ခ်သည် ဟောလိဝုဒ်သို့ ခြေချခဲ့ပြီးနောက်ပိုင်းFast and Furious နှင့် G.I. Joeဇာတ်ကားများဖြင့် တဟုန်ထိုးကျော်ကြားလာခဲ့သည်။
အဆိုပါဇာတ်ကားများတွင် ခန့်ထည်သော ရုပ်ပိုင်းဆိုင်ရာ ကြံ့ ခိုင်မှုကိုဖော်ထုတ်ပြသနိုင် မှုကြောင့် အောင်မြင်မှု များရရှိခဲ့ခြင်း ဖြစ်ပြီးမကြာမီထုတ်လုပ်တော့မည့် Hercules: Thracian Wars ဇာတ်ကားတွင်လည်းအဆိုပါ ဟန်ပန်မျိုးတွေ့မြင် ရဖွယ်ရာရှိသည်။
အရပ် ခြောက်ပေငါးလက်မရှိပြီး အားကစားသမားဘ၀မှ သရုပ်ဆောင်နယ်သို့ ကူးပြောင်းလာသူတစ်ဦးအတွက် ကျယ်ပြန့်ကာကျန်းမာရေးလိုက်စားရန် ကောင်းမွန်သောနေအိမ်တစ်လုံးလိုအပ်မည် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါတောင်ပိုင်းရှိစတုရန်းပေ ၁၃၁၅၃ ခန့် ကျယ်ပြန့်သောနေအိမ်ဆိုလျှင် သည်ရော့ခ်အတွက် အေးအေးလူလူနေထိုင်နိုင်မည် ဖြစ်သည်။
အဆိုပါနေအိမ်တွင် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၇ ခန်းပါဝင်ပြီးတစ်ချိန်ကမိုင်အမ်မီဒေါ်လ်ဖင် မှ အမေရိကန်ဘောလုံးသမားဗာနွန်ကာရေးပိုင်ဆိုင်ခဲ့ဖူးသည်။
တိုက်ဆိုင်မှုဟုပင်ဆိုရမည်။

သည်ရော့ခ်သည်လည်းမိုင်အမ်မီတက္ကသိုလ်တွင် Hurricanesအသင်း၌ ပါဝင်ကစားခဲ့ဖူးသည်။
ယင်းနေအိမ်ကိုကန်ဒေါ်လာ ၃ ဒသမ ၂ သန်းဖြင့် ရောင်းချလာရာမိုင်အမ်မီတွင် နေထိုင်လိုသောသည်ရော့ခ်အတွက် အဆင်ပြေသွားသည်။
အဆိုပါငွေကြေးမှာသည်ရော့ခ်အတွက်ဆိုလျှင် မပြောပလောက်သောကိန်းဂဏန်းဖြစ်မည်သာ ဖြစ်သည်။

သက်တောင့်သက်သာဇိမ်ကျကျဖြင့် နေထိုင်လိုသူတို့အတွက်ဆိုလျှင် သည်ရော့ခ်ဝယ်ယူလိုက်သော နေအိမ်သစ်သည် အရာရာပြီးပြည့်စုံသည်ဟုဆိုရမည်ပင် ဖြစ်သည်။

ကျယ်ပြန့်သောမီးဖိုဆောင်မှနေ၍ ပင်လယ်အတွင်းရှိ ကျွန်းများဆီသို့ ရှုမြင်နိုင်ပြီးပရိုတိန်းဓာတ်ကဲသော အစားအသောက်များကိုယင်းမီးဖိုဆောင်အတွင်းသည်ရော့ခ်အတွက် ချက်ပြုတ်ပြင်ဆင်ပေးသည်။

အိပ်ခန်းအတွင်းတွင်ကားကြေးနီရောင်ရှေးရိုးလိုက်ကာများကာရံထားသည်။ ၎င်း၏ မိခင်သည် ဆာမိုအာ တိုင်းရင်းသူဖြစ်သည်။ နေအိမ်၏ ထူးခြားချက်တစ်ခုမှာ အခန်းတိုင်းတွင် ရှေးရိုးအရောင်များဖြင့်သာမွမ်းမံထားသည်ကိုတွေ့ရခြင်း ဖြစ်သည်။ ကလေးများ၏ အိပ်ခန်းတစ်ခုတွင် သာ ယနေ့ခေတ်မြင်ကွင်းမျိုးတွေ့ရသည်။ အိမ်တွင်းရုပ်ရှင်ရုံ တွင် သားရေထိုင်ခုံများခင်းကျင်းထားပြီးလူ ၂၀ စာ ၀င်ဆံ့သည်။

နေအိမ်တစ်ခုလုံးကိုပန်းဥယျာဉ်ဖြင့် ၀န်းပတ်ထားပြီး ခြံအတွင်းတွင် ကြီးမားသောရေကန်ကြီးတစ်ခုပါရှိပြီးအဆိုပါရေကန်ဘေးတွင် ပါတီပွဲများကျင်းပလေ့ ရှိသည်။
ထို့အပြင် သည်ရော့ခ်၏ မော်တော်ကားများထားရှိသည့် ကား ၃ စင်းဆန့် ကားဂိုဒေါင် ၂ ခုလည်း ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(The Rock) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(The Rock) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(The Rock) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ(The Rock) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service