ကျောက်ဖြူအထူးစီးပွားရေး စက်မှုဇုန်တင်ဒါအောင်တရုတ်ကုမ္ပဏီက တွဲဖက်လုပ်ဆောင်မည့် မြန်မာကုမ္ပဏီများ ဖိတ်ခေါ်

ကျောက်ဖြူအထူးစီးပွားရေး စက်မှုဇုန်တင်ဒါအောင်တရုတ်ကုမ္ပဏီက တွဲဖက်လုပ်ဆောင်မည့် မြန်မာကုမ္ပဏီများ ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
25 Mar 2016 10:24 am တွင် တင်ခဲ့သည်
1134 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူအထူးစီးပွားရေးဇုန်တင်ဒါအောင် တရုတ် ကုမ္ပဏီနှင့် တွဲဖက်လုပ်ဆောင်ရန် မြန်မာဘက်မှ အများပိုင်ကုမ္ပဏီ တွင် ပူးပေါင်းပါဝင်လိုသည့် မြန်မာကုမ္ပဏီများကို ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက စတင်ဖိတ်ခေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖိတ်ခေါ်ရာတွင် ပူးပေါင်း ဆောင်ရွက်ရန် တိုင်းရင်းသားပိုင်ကုမ္ပဏီများနှင့် အများပိုင်ကုမ္ပဏီများကို ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ဆိုသည်။

ပူးပေါင်းပါဝင်လိုသည့် နိုင်ငံသားပိုင် မြန်မာကုမ္ပဏီများသည် မတ်လ ၂၃ ရက်မှ ၃၁ ရက်အတွင်းစိတ်ဝင်စားမှုဖော်ပြလွှာတင်ရ မည်ဖြစ်ကြောင်း အဆိုပါကော်မတီက ဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင် စက်မှုဇုန်နှင့် ရေနက်ဆိပ် ကမ်းစီမံကိန်းအကောင်အထည် ဖော်ရန် ကုမ္ပဏီခြောက်ခုဖြင့် ဖွဲ့စည်းထားသော တရုတ်အစိုးရပိုင် CITIC Consortium က တင်ဒါအောင်မြင်ကြောင်း အစိုးရက ဒီဇင်ဘာ ၃၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

CITIC Consortium သည် စီမံကိန်းနှစ်ခုစလုံးအတွက် အမေရိကန်ဒေါ်လာ ကိုးဘီလီယံရင်းနှီး မြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုစီမံကိန်း၏ ချေးငွေမှာ အတိုးမဆပ်နိုင်ပါက လုပ်ငန်းပါ သိမ်းယူနိုင်သည့် ချေးငွေပုံစံဖြစ် ပြီး လုပ်ငန်းအမြတ်မှာ နှစ် ၄၀ ကျော်မှရရှိမည် ဖြစ်သော်လည်း ချေးငွေအတွက် အတိုးက အမြတ်မရမီကပင် ပေးဆပ်ရမည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

အထူးစီးပွားရေးဇုန်နည်းဥပ ဒေ၌ တင်ဒါအောင်မြင်ပြီး ကုမ္ပဏီနှင့် ခြောက်လအတွင်း သဘော တူညီချက်စာချုပ်ချုပ်ဆိုနိုင်သည် ဟု ပြဋ္ဌာန်းထားသဖြင့် လာမည့် ခြောက်လအတွင်း စာချုပ်နှင့် ပတ်သက်၍ မြန်မာအစိုးရက ဆုံးဖြတ် ချက်ထပ်မံပေးပိုင်ခွင့်ရှိသည်။

တရုတ် CITIC Consortium တွင် တရုတ်ဆိပ်ကမ်းအင်ဂျင်နီ ယာကုမ္ပဏီ၊ တရုတ်ကုန်သည် များဦးပိုင်ကုမ္ပဏီ၊ TEDA ရင်းနှီး မြှုပ်နှံမှု ဦးပိုင်ကုမ္ပဏီနှင့် ယူနန် ဆောက်လုပ်ရေးအင်ဂျင်နီယာ အုပ်စုစသည့် တရုတ်ကုမ္ပဏီများ အပြင် ထိုင်းစီပီကုမ္ပဏီလည်း ပါ ၀င်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service