ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘရုစ်ဝီလီ)

ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘရုစ်ဝီလီ) - Property News in Myanmar from iMyanmarHouse.com
18 Mar 2016 11:36 am တွင် တင်ခဲ့သည်
1658 ကြိမ် ကြည့်ရှု့ပြီး
(၁) ဘရုစ်ဝီလီ

ဘရုစ်ဝီလီသည် ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Die Hard ဇာတ်ကားဖြင့် လူသိများလာသူဖြစ်သည်။
Armageddon (1998), The Sixth Sense (1999), Unbreakable (2000), Sin City (2005), Red (2010), The Expendables 2 (2012) တို့ အပါအ၀င် ဇာတ်ကားပေါင်း ၆၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဘရုစ်ဝီလီသည် သရုပ်ဆောင်ခြင်းဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၆၄ ဘီလီယံမှ ၃ ဒသမ ၀၅ ဘီလီယံအကြား ရရှိခဲ့သည်။
အင်မီဆု ၂ ကြိမ်၊ ရွှေကမ္ဘာလုံးဆု ၂ ကြိမ် ရရှိခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင် ဒီမီမိုးနှင့် ၁၉၈၇ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားသမီး ၃ ဦးထွန်းကားကာ ၂၀၀၀ ပြည့်နှစ်တွင် ကွာရှင်းပြတ်စဲခဲ့သည်။
ထို့နောက်ပိုင်း မော်လ်ဒယ် အင်မာ ဟဲမင်းနှင့် လက်ထပ်ခဲ့ပြီး သမီး ၂ ဦးထွန်းကားသည်။

ဘရုစ်ဝီလီလက်ရှိနေထိုင်လျက်ရှိသော နေအိမ်မှာ လော့စ်အိန်ဂျလိစ်ရှိ ဟောလိဝုဒ်သရုပ်ဆောင်တို့ အခြေစိုက်ရာ ဘီဗာလီဟေးလ်တွင် တည်ရှိသည်။
စပိန်ဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါနေအိမ်မှာ အကျယ်အ၀န်း စတုရန်းပေ ၁၀၀၀၀ ရှိပြီး ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
အိမ်အ၀င်တွင် ကြီးမားလှပသော သစ်သားထုတ်တန်းများတွင် ချိတ်ဆွဲထားသည့် ကြီးမားသော မီးပန်းဆိုင်းကြီးကို တွေ့ရမည် ဖြစ်သည်။
ကျယ်ပြောသော ဧည့်ခန်းမှာ အလှဗေဒကို ပီပြင်စွာဖော်ကျူးလျက်ရှိပြီး luxury ဖြစ်မှုလည်း တွေ့ရသည်။

မီးဖိုဆောင် ၃ ခုပါဝင်ပြီး နယူးယောက်၏ ခေတ်သစ် မီးဖိုဆောင်များကဲ့သို့ မွမ်းမံထားသည်။
အိပ်ခန်းကို ဂန္ထ၀င်ဟန် မွမ်းမံထားပြီး မီးလင်းဖိုလည်း ပါဝင်သည်ကို တွေ့ရသည်။
အိပ်ခန်းကုတင်ရှိ ကြီးမားသော ကုတင်ခေါင်းရင်းနံရံနှင့် အိစက်သော မွေ့ယာမှာ ဟောလိဝုဒ် သရုပ်ဆောင်တစ်ဦး၏ အိပ်ခန်းဖြစ်ကြောင်း ဖော်ပြနေသည်။
ရေချိုးခန်းမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး သစ်မာသား ကြမ်းခင်းများခင်းထားကာ spa –style ရေချိုးခန်း ဖြစ်သည်။

နေအိမ်ခြံဝန်းနောက်ဘက်တွင် ရေတံခွန်တစ်ခုတွေ့ရပြီး မှန်တံခါးများ၊ သစ်မာသားကြမ်းခင်းများ၊ စပိန်ဟန်အ၀င်ပေါက်များဖြင့် အသက်ရှုမှားဖွယ် နှစ်ထပ်အဆောက်အဦတစ်လုံးကိုလည်း တွေ့ရသည်။ရေကူးကန်တစ်ခုလည်းပါဝင်ပြီး ရေကူးကန်ဘေးတွင် လဟာပြင်မီးဖို၊ သစ်မာသားများဖြင့် ခင်းထားသော ရေကန်ဘေး ကြမ်းပြင်များဖြင့် မွမ်းမံထားပြီး နေ့ရောညပါ အပန်းဖြေနိုင်ရန် စီစဉ်ထားသည်ကို တွေ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘရုစ်ဝီလီ) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘရုစ်ဝီလီ) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘရုစ်ဝီလီ) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘရုစ်ဝီလီ) - Property News in Myanmar from iMyanmarHouse.com
ထင်ပေါ်ကျော်ကြားသူတို့၏ နေအိမ်များ (ဘရုစ်ဝီလီ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service