အခွန်ကောက်တာထက် လုပ်ငန်းမလုပ် ၊ လူမနေတာကိုသိမ်းယူတာက ဈေးကစားတာကို ပိုထိန်းချုပ်နိုင်ဟုဆို

အခွန်ကောက်တာထက် လုပ်ငန်းမလုပ် ၊ လူမနေတာကိုသိမ်းယူတာက ဈေးကစားတာကို ပိုထိန်းချုပ်နိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
26 Feb 2016 11:14 am တွင် တင်ခဲ့သည်
1635 ကြိမ် ကြည့်ရှု့ပြီး
မြေကစားတာ ၊ မြေဈေးမြင့်တာ ၊ ငွေကြေးခဝါချတာတွေကို အခွန်ကောက်ခံတာမျိုးနဲ့ ဖြေရှင်းတာထက်ပြန်သိမ်းတဲ့ နည်းလမ်းမျိုးနဲ့ဖြေရှင်းတာက လုပ်ငန်းမလုပ် ၊ လူမနေဘဲ ဝယ်ယူထားပြီးဈေးကစားတာတွေကို ပိုထိန်းချုပ်ရာရောက်နိုင်တယ်လို့ စီးပွားရေးကျွမ်းကျင်သူတချို့နဲ့ အကျိုးဆောင်တချို့ကပြောပါတယ်။

အမျိုးသားမြေအသုံးချမှု့မူဝါဒမှာ မြေဈေးကစားမှုနဲ့ မြေလက်ဝါးကြီးအုပ်တာတွေကို ကာကွယ်ဖို့ပိုင်ဆိုင်ထားတဲ့ဧကအလိုက် အခွန်ကောက်ခံတာမျိုးပြုလုပ်မယ့်အချက်လည်းပါဝင်တယ်။ ဧပြီကစပြီး ဝင်ငွေခွန်နှုန်းထား တိုးမြင့်ကောက်ခံတာတွေကို ထောက်ပြဝေဖန် တာတွေရှိပါတယ်။ တကယ်ဈေးကစားပြီး လက်ဝါးကြီးအုပ်ထားသူတွေကို ထိခိုက်မှုရှိစေတာထက် အောက်ခြေနဲ့ တကယ်လိုအပ်လို့ ဝယ်တဲ့သူတွေကို တိုက်ရိုက်ပိုထိခိုက်မူ့ရှိစေတာလို့ပြောပါတယ်။

စီးပွားရေးနဲ့ ဥပဒေလမ်းညွန်ဦးတင်သန်းဦး ‘အခွန်ငွေကောက်တာက ဖြစ်သင့်တဲ့အလုပ်ပါ ၊ ကောက်ခံသင့်ပါတယ် ၊ ဒါပေမယ့် အကျိုးဖြစ်စေဖို့နဲ့ရည်ရွယ်ချက်ကို ထိရောက်စေဖို့တော့လိုတယ်၊ စက်မူ့ဇုန်မြေတွေမှာတောင် မြေလွတ်တွေ ၊ လုပ်ငန်းမလုပ်တာတွေ ကို ပြန်သိမ်းမယ်ဆိုတာမျိုးအခုထိအရေးယူတာမကြားမိဘူး ၊ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ငွေကြေးခဝါချမူ့တွေနဲ့ဆက်စပ်ပြီး အရေးယူမှုတွေ မကြားမိသေးဘူး’လို့ ပြောပါတယ်။

တချို့ကတော့ကျူးကျော်မြေတွေနဲ့ စက်မှုဇုန်နဲ့လယ်ယာမြေတွေကို အခွန်တိုးကောက်တာမျိုး ၊ ကုမ္ပဏီတွေနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် ချပေးထားတဲ့မြေတွေ ၊ ဌာနပိုင်(အသုံးမပြုတော့တဲ့) မြေတွေကို လုပ်ငန်းမလုပ်ရင် ၊ အသုံးမပြုတော့ရင် ပြန်သိမ်းတာမျိုး စတဲ့နည်းလမ်းတွေနဲ့ ပြုလုပ်ရင်လည်း ထိရောက်မှုရှိစေနိုင်တယ်လို့ သိရတယ်။

ဝယ်ရောင်းအကျိုးဆောင်ဦးအောင်ကျော်က ‘အခွန်ကောက်တာကို တရားဝင်ဆောင်တာ တကယ်နေတဲ့သူတွေနဲ့ ဝယ်ရောင်းသမားတချို့ လောက်ပဲရှိတာ ၊ အများစုက မဆောင်ကြဘူး ၊ စက်မှုမြေတွေဆိုလဲ နှစ်တောင်ကြာပြီ ထိထိရောက်ရောက်လုပ်တာမျိုးတွေမရှိသေးဘူး ၊ ထုပ်ပြန်ထားတဲ့အတိုင်း အရေးယူရင်သင့်တင့်တဲ့ အခွန်နှုန်းထားတွေဖြစ်ရင် မြေဈေးကစားတာတွေက လျော့သွားမှာပါ’လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ငွေမည်းနဲ့အိမ်ခြံမြေဈေးကစားရင် ထောင်ဒဏ် ၁၀ နှစ်အထိနဲ့ ဒဏ်ငွေကျပ်သန်း ၅၀၀ အထိချမှတ်နိုင်တယ်လို့ ဥပဒေပုဒ်မ ၄၃ မှာပြဌာန်းထားခဲ့ပါတယ်။ သည်လိုဥပဒေတွေရှိပေမဲ့ ငွေမည်းစီးဝင်နေတာမျိုးကို ထိထိရောက်ရောက် အရေးယူမယ် ၊ သိန်း၁၀၀၀ကျော်ရင် စိစစ်တာမျိုး ဒါတွေကို ချမှတ်ထားတာရှိပါတယ်။

အခွန်ကောက်တဲ့နှုန်းထားတွေကို ငွေကြေးပမာဏနဲ့ သတ်မှတ်တဲ့အပြင် တစ်ကြိမ်ထက်ပိုတဲ့ အမည်ပေါက်ဖြစ်နေတာတွေ ၊ဝယ်ယူတာတွေကို အခွန်တိုးမြှင့်ကောက်တာမျိုးပါပြုလုပ်သင့်တာလို့ သိရပါတယ်။ ဈေးကွက်ထဲမှာက အရပ်စာချုပ်တွေနဲ့နေတာပိုများလာနိုင်တဲ့အပြင် ပိုင်ဆိုင်မှုအရှုပ်အရှင်းတွေရှိလာနိုင်တာကိုပါ ဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးလုပ်ဆောင်သင့်တယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။ အခုလိုမျိုး အခွန်နှုန်းထားတိုးမြှင့်တာက အိမ်ပိုင်ဖြစ်ဖို့ အခွင့်အလမ်းကို ပိုနည်းစေနိုင်ပြီး အခွန်ရှောင်မှုတွေပိုများလာနိုင်တဲ့အပြင် သွယ်ဝိုက်တဲ့နည်းတဲ့အိမ်ငှားဈေးကွက်ကိုပါ တိုးမြှင့်သွားစေနိုင်တယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service