လျော့ချုပ်စာချုပ် ဘယ်လိုချုပ်

လျော့ချုပ်စာချုပ် ဘယ်လိုချုပ် - Property Knowledge in Myanmar from iMyanmarHouse.com
16 Feb 2016 11:58 am တွင် တင်ခဲ့သည်
26094 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

တစ်နေ့တော့ iMyanmarHouse.com မှ ဖွင့်လှစ်သော အိမ်ခြံမြေသင်တန်းမှ သင်တန်းသားတစ်ယောက်က ဆရာ ကျွန်တော်တစ်ခုမေးချင်ပါတယ်၊ ဥပမာ - သိန်း ၅၀၀၀ နဲ. အရောင်းအဝယ်ဖြစ်တဲ့မြေကွက် တစ်ကွက်ကို စာချုပ် ချုပ်ပေး ရင် ကျွန်တော်တို.က တန်ဖိုးကို လယ်လောက်လောက် လျော့ချုပ်ရမလဲဆရာ၊ အမှန်ပဲချုပ်ရမှာလား၊ အဆင်ပြေအောင်ပေါ့ဆရာရယ် လို. မေးလာပါတယ်။

ဒါကို ကျွန်တော်က ခင်ဗျာမေးတာတော့ မမှားဘူးမေးသင့်ပါတယ်။ ဒါပေမဲ့ သင်တန်းစာထဲမှာ ပါနေပါတယ်၊ မကြာခင်သင်ရတော့မှာပါ။ ဒါပေမဲ့ ကြိုသင်သလိုဖြစ်တော့လည်းကောင်းတာပါပဲ။ ဇတ်လမ်းကတော့ ခပ်ရှည်ရှည်ပဲဗျ။ ပျားအုံးတုတ်နဲ. ထိုးမိသလိုပဲ၊ ရှင်းပြရင်အဆုံးသတ်ထိ ရှင်းပြရတာမျိုးပါဗျာ။

ကဲဗျာ ခင်ဗျားကိုယ်တိုင်ပဲ အိမ်နဲ.မြေကွက်တစ်ခုကို ဒီနေ.ဝယ်တယ်ဆိုပါစို.။ ဒီနေ.ငွေအပြေချေတယ်လို.
ပြောချင်တာပါ။ စရံပေးတာနဲ. စစ်ဆေးတာတွေအကုန်ပြီးလို. ဒီနေ.ငွေချေတယ်။ ကျပ်သိန်း ၅၀၀၀ အပြေချေလိုက်ပြီဆိုပါတော့၊ ဒီနေ. သိန်း ၅၀၀၀ ပေးပြီးဂရန်ရယ်၊ ဆက်စပ်စာချုပ်တွေရယ်၊ အစစအစုံယူလို.စာချုပ်ကိုလဲ၊ ရှေ.နေတစ်ဦးဦး၊ ဒါမှာမဟုတ်အတော်အတန် ကျွမ်းကျင်သူတစ်ဦးဦးနဲ. ချုပ်ဆိုကြပြီဆိုရင် ၊ ဘာကိုမှ မစဉ်းစားနိုင်သေးဘူး။ အခုလက်ငင်းပေးလိုက်တဲ. သိန်းငါးထောင်နဲ.ပဲ စာချုပ်ချုပ်ဖြစ်ကြပါတယ်။

ဆရာ ကျွန်တော်မေးတာက သိန်း ၅၀၀၀ ပဲချုပ်ရမလား၊ ဘယ်လောက်လောက်လျော့ချုပ်ထားသင့်သလဲလို. မေးတာလေ ဆရာရဲ.။

ဖြေပါမယ်ဗျာ၊ ကဲအဲဒီလိုပဲ သိန်း ၅၀၀၀ နဲ. စာချုပ်ချုပ်ပြီးလို.ပျော်ရွှင်နေကြတဲ့အချိန်မှာ တစ်ယောက်က
စပြောလာပါလိမ့်မယ်။

ကဲ ကဲ ကဲ လူစုံရှိတုန်းလျော့ချုပ်မဲ့ စာချုပ်ကို ဘယ်လောက်တန်ဖိုးနဲ.ချုပ်ကြမှာလဲ၊ အခုပဲချုပ်မှာလား၊ ညှိကြပါအုံးဗျာ၊ နောက်ရက်ဆိုရင် ကျွန်တော်တို.ဆုံဖြစ်ဖို.မလွယ်ဘူးလို.ပြောလာမှာပါဗျာ။ အဲဒီအချိန်ရောက်ရင် နောက်တစ်ဦးဦးက ပေါ်လာဦးမှာ ဟုတ်ပါပြီဗျာ၊ ကျုပ်မှာ တိုင်းဒေသကြီးက ကကန်.သတ်ပေးထားတဲ့ ကာလတန်ဖိုးစိစစ်ရေး အဖွဲ.ရဲ.စံနှုန်းစာအုပ်ပါခဲ့ပါတယ်၊ ဒါကိုအရင်ကြည့်ပြီး အဲဒီကတန်ဖိုးနဲ. ကြည့်လုပ်ကြရင် အမှားနဲတာပေါ့ လို.ပြောလာမှာသေချာပါတယ်။

ဒါက စာအုပ်-ရာဖြတ် ပေါ့နော်လို.ပြောတဲ့ သူကပြောနဲ.၊ စာအုပ်ထဲမှာပါတဲ့အတိုင်း မြို.နယ်ရယ်၊ လမ်းရယ်၊ စတုရန်းပေနှုန်းထားရယ်နဲ. ကိုယ့်မြေကွက် အကျယ်အဝန်းကို တွက်လိုက်တော့ တန်ဖိုးတစ်ခု ထွက်လာပါပြီ။ အဲဒါက ဒုတိယတန်ဖိုး (သို.မဟုတ်) စာအုပ်ရာဖြတ်တန်ဖိုးပေါ့ဗျာ။ ဒီစာအုပ်ကဘာလဲ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန က နှစ်စဉ်ထုတ်တဲ့နှုန်းထားတွေမို. လျော့တွက်လို.မရပါဘူး။

ဆရာ- လိုရင်းပြောပြတော့လေလို. အဲဒီသင်တန်းသားကရယ်ပြီးထောက်လိုက်တော့ ကျွန်တော်ကခင်ဗျားကိုကျွန်တော်ပြောပြီးပြီးပဲ တန်ဖိုးအကြောင်းမေးတယ်၊ ရှင်းအောင်ပြောရမယ်ဆိုရင်ပျားအုံးလိုပါပဲလို.
ပြောပြီးသားလေဗျာ။ ဒါနဲ.တကယ်ရောင်းကြ၊ ဝယ်ကြတာက သိန်း ၅၀၀၀ စာအုပ်ရာဖြတ် နဲ.တွက်ကြည့်တော့ သိန်း ၂၆၀၀ ဆိုပါတော့။ အဲဒီအချိန်မှာရှိနေတဲ့အရေးပါသူတတစ်ယောက်ယောက်က ဟုတ်ပါတယ်လေ၊ အခုကျွန်တော်တို.ဘယ်လောက်ရေးရေး၊ ချုပ်ချုပ်၊ တာဝန်ရှိတဲ့သူတွေက ပြင်ကြအုံးမှာပါဗျာ၊ ဒါကြောင့်ကြည့်ကောင်းရလေအောင် သိန်း ၂၄၀၀ လောက် ချုပ်လိုက်ကြရင် မကောင်းဘူးလားရယ်လို. အပြောအဆိုရှိလာအုံးမှာ။

အဲဒီလို နည်းနည်းလျော့လိုက်ပါ။ နည်းနည်းတိုးသင့်သေးတယ်နဲ.၊ ရောင်းသူဝယ်သူမျက်နှာစုံညီရှိတုန်းမှာ ကဲပါဗျာ သိန်း ၂၄၀၀ လောက်ဆို အကောင်းဆုံးပါပဲလို. ပြောကြပြီးမြေကွက်တန်ဖိုးသိန်း ၂၄၀၀နဲ.ပဲစာချုပ်တစ်စောင်ကိုထပ်ချုပ်လိုက်ကြတယ်
ဆိုပါတော့၊ အဲဒီသိန်း ၂၄၀၀ ဟာမြေကွက်ရဲ. တတိယအကြိမ်သတ်မှတ်ခံရတဲ့တန်ဖိုးလို.ပြောလည်း ရပါတယ်၊ စာချုပ်အတု လို.ပြောချင်လည်းရပါတယ်၊ ဒါပေမဲ့
ထိုစာချုပ်အတုသည် တကယ်တော့ ပြသနာမဖြစ်သော စာချုပ်ပါ။ (အကြောင်းကတော့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ.ရှိနေတယ်လေ)

ဆရာ ဦးကြည်စီုးရေ - ဆရာပြောသလိုဆို အခုတောင် တန်ဖိုးပြောင်းသွားတာ (၃) ကြိမ်ရှိနေပါပြီးလား ၊ ဟုတ်ပါတယ် ဦးလွှမ်းမိုးသူ ရေ၊ လွန်ခဲ့တဲ့အချိန်(၁)နာရီလောက်ကအကယ်ဝယ်တဲ့တန်ဖိုး သိန်း ၅၀၀၀ ပါ။

တိုင်းဒေသကြီးကာလတန်ဖိုး စိစစ်ရေးအဖွဲ.ရဲ. စာအုပ်ကို လေ့လာကြည့်လိုက်တော့၊ ပြည်တွင်းအခွန်များ ဦးစီးဌာနက သတ်မှတ်ပေးထားတဲ့တန်ဖိုးအရဆိုရင် သိန်း ၂၆၀၀၊ ဒါလဲအခိုင်အမာပါတဲ့။ အဲဒီစာအုပ် ရာဖြတ်၊ ရာဖြတ်စာအုပ်ကို မှီငြမ်းပြုပြီး ရောင်းသူဝယ်သူတို.က ကိုယ့်သဘောနဲ. ကိုယ်လျော့ချုပ်တန်ဖိုးက သိန်း ၂၄၀၀ (ဆိုကြပါစို.)၊ အဲဒီသိန်း ၂၄၀၀ စာချုပ်နဲ. မြေပုံမြေရာဇဝင် နဲ.တွဲပြီး သက်ဆိုင်ရာမြို.နယ် ကာလတန်ဖိုး စိစစ်ရေးအဖွဲ. လက်ထဲကို ထည့်လိုက်ရပါတယ်။

မြို.နယ်ကာလတန်ဖိုး စိစစ်ရေးအဖွဲ.မှာ ကျွန်တော် ပါဝင်ခွင့်မရှိပါဘူး။ သူတို.ကကျွန်တော်တို.ရဲ. ကွယ်ရာမှာနှုတ်နဲ. ပေးမဲ့မှတ်ချက်က ဒီမြေကွက် အရောင်းအဝယ်လုပ်တဲ့လူတွေက လူလည်တွေပဲ၊
တိုင်းရာဖြတ်စာအုပ်ကိုလည်း ကြည့်ပြီးမှ စာချုပ်ချုပ်ထားပုံရတယ်၊ ဒါပေမဲ့ ဒီလူတွေက တို.ကိုလည်း မစော်ကားကြပါဘူး။ လေးလေးစားစားရှိကြပါတယ် လို. သူတို.ရဲ. စိစစ်ရေးအစည်းအဝေး မှာ ပြောကြမှာပါဗျာ။ (ကျွန်တော်မှန်းရေးတာ မလွဲနိုင်ပါဘူး၊ ပုံမှန်ပါဘဲ) အဲဒီစိစစ်ရေးအဖွဲ.မှာက ထွေအုပ်ရယ်၊ စည်ပင်ရယ်၊ အခွန်ဦးစီးရယ်၊ ရဲတပ်ဖွဲ.နဲ. မီးသတ်ဦးစီးကစလို. ဌာနတော်တော်စုံပါတယ်။

အထိန်းအကွပ်နဲခဲ့တဲ့ အချိန်တွေကလိုတော့ သတ်မှတ်ဈေးတွေ ကမောက်ကမဖြစ်တာမျိုး မရှိတော့ပါဘူး။ ခင်ဗျားတို.ကလည်း ရဲရဲကြီးသာတန်ဘိုးလျော့ချုပ်ကြပါ၊ ရပါတယ်။ အဲဒီအဖွဲ.က ကာလတန်ဖိုး
စိစစ်ရေးအဖွဲ့တဲ့။ကာလတန်ဖိုးနဲ. ပြန်စိစစ်မယ်၊
ပြန်ဆွဲတင်မယ်ပေါ့။

ကျွန်တော်ဝယ်ထားတာ(၃)နှစ်ကျော်ပြီ။ အဲဒီတုန်းက ဟိုဈေး ဘဲရှိတယ်။ အခုဒီဈေး ရယ်လို. ခင်ဗျားတို. လုပ်လို. မရဘူးနော်။ အဲဒီအဖွဲ.ရဲ.နာမည်က ကာလတန်ဖိုး တဲ့၊ အခုဈေး နဲ.ပဲရာဖြတ်မှာ ထပ်ပြီးအတွန်.တက်ရင် ခင်ဗျားတို. ပစ္စည်းလွဲပြောင်းခြင်းကို ကန်.သတ်သည့် ဥပဒေပုဒ်မ(၁၃)ကိုဖတ်မကြည့်ဘူးလားလို.
ပြောလာမယ်နော်၊ သတိထားပါ။

တကယ်သတိထားရမယ့် ပုဒ်မပါဗျာ။ ခင်ဗျားတို.ကို ကျွန်တော်ကဗျာလေးနဲ. သင်ထားတာလေ ၊ ပျက်ကွက်၊ မမှန် ၊ ထိမ်ချန် (၃)နှစ် လေဗျာ။

သင်တန်းသားဦးလွှမ်းမိုးသူက၊ ဒါမျိုးကတော့ ကျွန်တော်လည်းကြောက်တတ်ပါတယ်ဆရာရယ်။ တန်ဖိုးက သုံးမျိုး ရောက်သွားပြီဆိုတော့ နောက်ထပ်ပြီးတော့။ ဒါနဲ. မြို.နယ်ရာဖြတ် ပဲအတိုဆိုပါစို.။ အဲဒီအဖွဲ.ကလည်း ဘောင်ဝင်အောင်၊ ကြည့်ကောင်းအောင် အထက်ကဆရာတွေကလဲ အပြစ်မပြောရလေအောင်ဆိုပြီး
ခင်ဗျားတို.လျော့ချုပ်ထားတဲ့စာချုပ်အပေါ်မှာ မှတ်ချက်ရေးသင့်တာရေးပြီး သိန်း၂၉၀၀ လို.စိစစ်ဆုံးဖြတ်လိုက်ကြမယ်။ (ဆိုပါစို.)

ခင်ဗျားတို. တကယ်ဝယ်တာ သိန်း ၅၀၀၀၊ ရာဖြတ်စာအုပ်မှာကြည့်တော့ သိန်း ၂၆၀၀ တဲ့၊ ခင်ဗျားတို.လျော့ချုပ်တော့ သိန်း ၂၄၀၀ မြို.နယ် ကာလတန်ဖိုးစိစစ်ရေးက ဆုံးဖြတ်လိုက်တာက သိန်း ၂၉၀၀ တဲ့။ တန်ဖိုးကတော့ လေးမျိုးတောင်ပြောင်းသွားပြီး။

ဆရာ ဒါဆိုရင် ပြီးရောလား ဆရာ။

မပြီးသေးပါဘူးဗျာ တိုင်း ကာလတန်ဖိုးစိစစ်ရေးအဖွဲ. ကိုတင်ပေးရတယ်။တိုင်းဒေသကြီး ကာလတန်ဖိုးစိစစ်ရေးအဖွဲ.က ပြောကြားမယ့် မှတ်ချက်စကားလုံးတွေကို မှန်း ကြည့်ပေးပါဆိုရင်၊

ဟ လူတွေက အကုန်လည်လည်ပတ် ပတ်တွေ ဖြစ်ကုန်ကြပြီကွ၊ ဒါပေမဲ့ သူတို.လုပ်တာတွေ မျှတကြပါတယ်ကွာ။ ဒီတော့ ဒို.က သိန်း ၃၂၀၀ လို.ဖြတ်ပေးလိုက်ကြရင် OK ပါတယ်နော်ဆိုပြီး ၊ သဘောထားယူအတည်ပြုလိုက်ကြမှာပါ။

ဆရာ … ဆရာ ကျွန်တော်ဝယ်တယ်ဆို တဲ့ မြေကွက်တန်ဘိုးအတည်ဖြစ်ပါပြီလား။

ဖြစ်သွားပါပြီဗျာ။ ခင်ဗျားကလဲ မသင်ရခင်ကြိုမေးလို.အရှည်ကြီး ရှင်းပြနေရတာပေါ့။ အဲဒီအခါကြမှ ခင်ဗျာတို. အခွန်တော်တံဆိပ်ခေါင်းဝယ်ဘို.၊ အခွန်ဆောင်ဘို. အတည်ဖြစ်သွားတာပေါ့။

ခင်ဗျားတို.ကို ကျွန်တော်ရဲ.ထုံးစံအတိုင်းကဗျာလေးနဲ. လိုက်အောင်သင်တဲ့အခါ စာချုပ်တန်ဖိုး(၅)မျိုး တိုင်းကအတည် လို.သင်မှာလေဗျာ ။

အခုအချိန်မျာ အလုပ်လုပ်ရတာ အရမ်းကောင်းပါတယ် ဘောင်အတွင်း ကကျော်ပြီး လုပ်လို.မရကြတော့ပါဘူး၊ လျော့တဲ့လူကလဲ အထိုက်အလျောက်လျော့ ။ ပြင်တဲ့လူက လည်း ဘောင်အတွင်းပြင်ပြီး၊ နောက်ဆုံး ဆုံးဖြတ်တဲ့တန်ဖိုးကိုက တကယ်အရောင်းအဝယ်ဖြစ် တဲ့တန်ဖိုးထက်တော့ အများကြီးနည်းကြပါတယ်ဗျာ။

မှတ်ချက် ။ မြေကွက်ရဲ. ကာလတန်ဖိုးစိစစ်ဖို. ဆိုတာက ၊ စည်ပင်သာယာရေးကော်မတီရဲ. အမိန်.
ကြော်ငြာစာ အမှတ် ၃/၂၀၀၁၊ အခန်း(၂)အပိုဒ်၎(င)အရ မြေတန်ဖိုးဖြစ်ကြသည်။

Credit: Kyi Soe( IC)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service