ကျူးကျော်များ နေရာချရန် မြေနေရာရှာနေကြောင်း ရန်ကုန်တိုင်းနယ်လုံဝန်ကြီးဆို

ကျူးကျော်များ နေရာချရန် မြေနေရာရှာနေကြောင်း ရန်ကုန်တိုင်းနယ်လုံဝန်ကြီးဆို - Property News in Myanmar from iMyanmarHouse.com
3 Feb 2016 9:53 am တွင် တင်ခဲ့သည်
906 ကြိမ် ကြည့်ရှု့ပြီး
နေအိမ်များ ဖယ်ရှားခံထားရသော ကျူးကျော်များအားနေရာ ချထားပေးရန် မြေနေရာရှာဖွေနေကြောင်း ရန်ကုန်တိုင်း လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။

ဖယ်ရှားခံရသော ကျူးကျော် များအား မြေနေရာချထားပေးရန် ဆောက်လုပ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက မြေနေရာ လွတ်များရှာဖွေနေကြောင်း ဗိုလ် မှူးကြီးတင်အောင်ထွန်းကပြော ကြားသည်။

‘‘လောလောဆယ်တော့ မြေ ရှာခိုင်းထားတုန်းပဲရှိသေးတယ်။ အပိုင်ပေးမှာမဟုတ်ဘူး။ အပိုင် တောင်းလို့တော့မရဘူး။ ကျွန် တော်တို့က ကျူးကျော်တွေကို စာ ရင်းကောက်ထားပါတယ်။ အဲဒီ စာရင်းကို မူတည်ပြီးမှ ရတဲ့မြေ ကွက်ပေါ်ကို ကြည့်ပြီး အကွက် လေးရိုက်ပြီးတော့ အငှားအနေနဲ့ ချပေးမှာပါ။ ရောင်းလို့တော့ မရ ဘူး။ နေလို့တော့ရတယ်’’ဟု ဗိုလ် မှူးကြီးတင်အောင်ထွန်းက 7Day Daily သတင်းစာအားပြောသည်။

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့ နယ်ရှိ အစိုးရစီမံကိန်းနယ်မြေများ တွင် နှစ်ပေါင်း ၂၀ခန့်ကြာ နေ ထိုင်ခဲ့သည်ဆိုသော ကျူးကျော် အိမ်ခြေနှစ်ရာကျော်ကို ရန်ကုန် မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦး စီးဌာနက ဇန်န၀ါရီ ၂၃ရက်တွင် အင်အားသုံးဖယ်ရှားခဲ့ခြင်းဖြင့် ယခုနှစ်အတွင်း ကျူးကျော်ရှင်း လင်းမှုကို ပြန်လည်စတင်ခဲ့သည်။

ယင်းနောက် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်ရှိ နေရာသုံးခုမှ ကျူးကျော်အိမ်ထောင်စု လေးရာကျော်ကို အင်အားသုံးဖယ်ရှားခဲ့သည်။

လှိုင်သာယာမြို့နယ် ရွှေ လင်ဗန်းစက်မှုဇုန်ဘေးရှိ ဘော လုံးကွင်းဧရိယာအတွင်း ကျူး ကျော်နေထိုင်နေသော နေအိမ် များကိုလည်း ဇန်န၀ါရီ ၂၉ရက် နောက်ဆုံးဖယ်ရှားပေးရန် မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေးစာထုတ်ပြန်ထားသည်။

‘‘ဘယ်နေရာကို ချပေးမလဲ ဆိုတာတော့ တိတိကျကျမသိရ သေးဘူး။ ဆောက်လုပ်ရေးဝန် ကြီးဌာနတို့၊ အိုးအိမ်တို့၊ စည်ပင် တို့ပဲသိမယ်။ ဘယ်နေရာမှာ မြေ ကွက်လပ်ရှိတယ်ဆိုတာသူတို့ပဲ သိမယ်’’ဟု ဗိုလ်မှူးကြီးတင် အောင်ထွန်းကပြောသည်။

ကျူးကျော်ရှင်းလင်းမှုမှာ နောက်အစိုးရအတွက် ကူညီ ဆောင်ရွက်ပေးသည့်လုပ်ရပ်ဟု ထင်မြင်နိုင်စရာအခြေအနေရှိ သော်လည်း စီမံကိန်းရှိသည့်နေ ရာများမှ ကျူးကျော်များကို ဦးစား ပေးရှင်းလင်းခြင်း၏ နောက်ကွယ် တွင် စေတနာမှန်မှုရှိ၊မရှိစဉ်းစား စရာဖြစ်နေသည်ဟုလည်းတက် ကြွလှုပ်ရှားသူအချို့က သုံးသပ် ပြောကြားသည်။

‘‘သူတို့ကို ကယ်ဆယ်ရေးလို အခန်းတွေမှာ ခိုလှုံခွင့်ပေးဖို့လို တယ်။ အစားထိုးနေလို့ရအောင် တာဝန်ယူပေးဖို့လည်းလိုတယ်။ အဲဒီနည်းနဲ့ ပြဿနာကိုဖြေရှင်း လိုက်ရင် ပြည်သူလူထုရဲ့ မျက် ရည်တွေလျော့နည်းလာမှာဖြစ်ပါ တယ်။ ဒါကို ဖြေရှင်းတဲ့နေရာမှာ ဥပဒေကိုလည်း ကြည့်ပါ။ ကရုဏာစာနာမှုကိုလည်း ကြည့်ပါ။ ပြည်သူလူထုကလည်း စားဝတ် နေရေးအခက်အခဲဖြစ်နေတဲ့အခါ မှာ သူတို့တွေကို တတ်နိုင်သမျှ ၀ိုင်းဝန်းကြည့်ဖို့လိုတယ်။ ပြည်သူ ကရော၊ အစိုးရရော မှန်မှန်ကန် ကန်ကိုင်တွယ်နိုင်ရန် ကျူးကျော် ပြဿနာအဖြေကို ရလိမ့်မယ်လို့ ထင်တယ်’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ကျူးကျော်အရေးဖြေရှင်းရာတွင် ဆောင်ရွက်သင့်သည့်
လုပ်ငန်းစဉ် အပေါ် အကြံပြုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service