လမ်း၊ တံတားနှင့် မြို့ပြအိမ်ရာ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

လမ်း၊ တံတားနှင့် မြို့ပြအိမ်ရာ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
27 Jan 2016 11:08 am တွင် တင်ခဲ့သည်
1001 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင် သည် မြန်မာ - ဂျပန် တတိယ အကြိမ် ဒုတိယ ဝန်ကြီးအဆင့် Infrastructure Development အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် ဂျပန်နိုင်ငံ Ministry of Land Infrastructure and Transport , Vice - Minister for Engineering Affairs , Ph.D. Koji IKEUCHI ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဇန်နဝါရီ (၂၆) ရက် နံနက် (၉)နာရီ အချိန်တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂျပန်နိုင်ငံ Ministry of Land Infrastructure and Transport , Vice - Minister for Engineering Affairs , Ph.D. Koji IKEUCHI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၁၅) ဦးတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာ - ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေး အတွက် အဆောက်အဦ၊ လမ်း၊ တံတား နှင့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရေး၊ ရန်ကုန်မြို့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သီလဝါ အထူးစီးပွားရေး ဇုန် လုပ်ငန်းများ ပိုမို တိုးတက်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာအကူအညီ အထောက်အပံ့ ရရှိရေး ၊ သုဝဏ္ဏ ဗဟို သင်တန်းကျောင်း အဆင့် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ၊ သဘာဝ ဘေးဒဏ် ကျရောက်ခဲ့သည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသ ဖွံ့ဖြိုးရေးနှင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် စက် ၊ ယာဉ် ၊ ယန္တရားများ ကူညီပေးမှုတို့နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service