သီလ၀ါအထူးစီးပွားရေးဇုန်တွင် ၁၃ နိုင်ငံမှ ကုမ္ပဏီ ၅၂ ခု ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေ

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ၁၃ နိုင်ငံမှ ကုမ္ပဏီ ၅၂ ခု ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေ - Property News in Myanmar from iMyanmarHouse.com
22 Dec 2015 11:27 am တွင် တင်ခဲ့သည်
1665 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင်ပထမ ဆုံးဖွင့်လှစ်ခဲ့သည့်သီလ၀ါအထူး စီးပွားရေးဇုန်ဖွင့်လှစ်ပြီး သုံးလအ တွင်း နိုင်ငံပေါင်း ၁၃နိုင်ငံမှ ကုမ္ပဏီ ၅၂ခုဝင်ရောက်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သီလ၀ါအထူးစီးပွား ရေးဇုန်အများပိုင်ကုမ္ပဏီ(MTS H) ဥက္ကဋ္ဌဦးဝင်းအောင်က ပြော သည်။

‘‘တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ကို လိုလားပါတယ်။ အလုပ်သ မားတွေအတွက် အလုပ်အကိုင် ဖန်တီးပေးမယ့် စက်ရုံမျိုးကို ပိုလို လားပါတယ်။ ဒါမှ နိုင်ငံအတွက် အကျိုးရှိစေမယ်’’ဟု ၎င်းကဆက် လက်ပြောသည်။

၂၀၁၅ စက်တင်ဘာတွင် ဖွင့်လှစ်ခဲ့သောအထူးစီးပွားရေး ဇုန်၌ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီ ၅၂ခုအနက် ကားအပို ပစ္စည်းစက်ရုံနှင့် အထည်ချုပ်စက် ရုံစုစုပေါင်းစက်ရုံနှစ်ခုမှာအပြည့် အ၀လည်ပတ်နေပြီဖြစ်သည်။

ထို့အပြင် လက်အိတ်စက်ရုံနှင့် အီလက်ထရွန်နစ်ပစ္စည်း စက်ရုံတို့မှာလည်း မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။

နိုင်ငံခြားကုမ္ပဏီလာရောက် ရင်းနှီးမြှုပ်နှံမှုအတွက် မြေရောင်း ချခြင်းကြောင့် သီလ၀ါ အထူးစီး ပွားရေးဇုန် အများပိုင် ကုမ္ပဏီ သည် အမြတ်ငွေများ ရရှိနေ၍ ရှယ်ယာ ထည့်ဝင်ထားသူများကို အမြတ်ဝေစုများ ပေးနိုင်ပြီဖြစ် ကြောင်း ၎င်းကဆိုသည်။ ရှယ်ယာ အမြတ်ငွေမှာ စီမံကိန်းများဖော် ထုတ်ခြင်း၊ လူနေအဆောက်အအုံ များတည်ဆောက်ခြင်း၊ ရုံးများနှင့် ဈေးဆိုင်များမှရရှိသော ငွေများပါ ၀င်သည်ဟု ၎င်းကဆိုသည်။ ထို့ အပြင် အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်သည့် လုပ်သားများအ တွက် အဆောက်အအုံများလည်း ဆောက်လုပ်ရန် စီစဉ်နေသည်ဟု ဦ၀င်းအောင်ကပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန် မြေနေရာအတွက် ၂၀၁၄ မတ်လ တွင် သတ်မှတ်ခဲ့ပြီး လက်မှတ်ရေး ထိုးခဲ့စဉ်က ကုမ္ပဏီပေါင်း ၄၈ခုပါ ၀င်ခဲ့သည်။ ပါဝင်သည့်ကုမ္ပဏီအများစုမှာ ဂျပန်ကုမ္ပဏီများဖြစ်ပြီး ကုမ္ပဏီ ၂၃ခုပါဝင်သည်ဟု ဂျပန်ဘက်မှ စီမံကိန်းအကောင်အထည်ဖော်ရာတွင်ပါဝင်ခဲ့သည့် ဆူမူတိုမိုကော်ပရေးရှင်းဥက္ကဋ္ဌကဆိုသည်။ ထို့အပြင် တရုတ်နှင့် ကိုရီးယားကုမ္ပဏီများလည်း ပါဝင်သည်။

ပြည်တွင်း၌ ထားဝယ်အထူး စီးပွားရေးဇုန်၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် သီလ၀ါအထူးစီး ပွားရေးဇုန်ဟူ၍ အထူးစီးပွားရေး ဇုန်သုံးခုအကောင်အထည်ဖော် နေရာ ပထမဦးဆုံးအကောင်အ ထည်ပေါ်လာသည့် စီမံကိန်းဖြစ် သည်။

သီလ၀ါအထူးစီးပွားရေးဇုန် ကို မြန်မာဘက်မှ ၅၁ရာခိုင်နှုန်း နှင့် ဂျပန်နိုင်ငံမှ ၄၉ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်နေသော စီမံကိန်းဖြစ်သည်။

မြန်မာဘက်မှ အစိုးရ အပြင် ပြည်တွင်းကုမ္ပဏီ ကိုးခု စုပေါင်းထားသည့် MTSH ကုမ္ပဏီနှင့် ဂျပန်ဘက်မှ အစိုးရ ကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ကုမ္ပဏီတို့က ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

Credit : 7Days News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service