တိုက်ခန်းများ အရောင်းအဝယ်ပါးသဖြင့် တရားမဝင်ဆောက်လုပ်မှု လျော့နည်းသွား

တိုက်ခန်းများ အရောင်းအဝယ်ပါးသဖြင့် တရားမဝင်ဆောက်လုပ်မှု လျော့နည်းသွား - Property News in Myanmar from iMyanmarHouse.com
14 Dec 2015 10:37 am တွင် တင်ခဲ့သည်
1470 ကြိမ် ကြည့်ရှု့ပြီး
တိုက်ခန်းအရောင်း အဝယ်များ ကျဆင်းသွားသဖြင့် ခွင့်ပြုချက်မဲ့ တည်ဆောက်သည့် တရားမဝင်အထပ်မြင့်အဆောက် အအုံများ ဆောက်လုပ်မှု လျော့ နည်းသွားကြောင်း ရန်ကုန်မြို့တော်စည်ပင် (အင်ဂျင်နီယာနှင့်အဆောက်အအုံဌာန)မှ သတင်းရရှိသည်။

‘‘အခန်းတွေက ထင်သလောက် ရောင်းမထွက်တော့ မဆောက်ရဲကြတော့ဘူး။ ဒဏ် ကြေးတွေကလည်း တိုးလိုက်တဲ့ အတွက်ကြောင့် အခုလိုလျော့ လာတာ’’ဟု အဆိုပါဌာနမှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၁၅ သြဂုတ်အထိ စာရင်း များအရ လိုင်စင်မဲ့ ကန်ထရိုက် တာများ တည်ဆောက်သည့် ခွင့်ပြုချက်မဲ့ အဆောက်အအုံ နှစ် ထောင့်ငါးရာခန့် ရှိသော်လည်း ဒီဇင်ဘာ ပထမပတ်တွင် အဆောက်အအုံ သုံးထောင်ခန့်သာရှိ၍ ထင်သလောက် မြင့်တက်လာခြင်း မရှိကြောင်း သိရသည်။

၂၀၁၅ အတွင်း တိုက်ခန်း အရောင်းအဝယ်များ ကျဆင်းခြင်းကြောင့် ရပ်ကွက်များအတွင်း တရားမဝင် တည်ဆောက်သည့် ကန်ထရိုက်တာများအထိ ရိုက် ခတ်ပြီး အခန်းဈေးနှုန်းများကျဆင်းလာခြင်း၊ အရောင်းအဝယ်လုပ် မည့်သူနည်းပါးလာခြင်းတို့ကြောင့်ဆောက်လုပ်မှု လျော့ကျသွားခြင်းဖြစ်သည်။

ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ခြင်းကို တစ်ရက်လျှင် ဒဏ်ကြေးငွေ ကျပ်တစ်သောင်းမှ ငါးသောင်းသို့ တိုးမြှင့်လိုက်ပြီး ခွင့်ပြုသည့် ဧရိယာထက် ပိုမိုဆောက်လုပ်ပါက တစ်သောင်းမှ တစ်သောင်းခွဲအထိ တိုးမြှင့်လိုက်သဖြင့် ဆောက်လုပ်သူ လျော့ကျလာခြင်းဖြစ်ကြောင်း လမင်းဧရာဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမြင့်ကပြောသည်။

ခွင့်ပြုချက်မဲ့ အဆောက်အအုံများ တည်ဆောက်မှု လျော့နည်းလာသကဲ့သို့ အဆောက်အအုံ ဆောက်လုပ်ခွင့် တရားဝင်တောင်းခံနှုန်းမှာလည်း ယခင်နှစ်ကထက် ထက်ဝက်လျော့ကျလာ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

တရားမဝင် ဆောက်လုပ်မှု များ လျော့နည်းစေရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေး ကော်ပိုရေးရှင်းနှင့် ပူးပေါင်းကာ လျှပ်စစ်မီးမရရှိအောင်ပြုလုပ်သည်အထိ တားမြစ်ထားသည်။

ခွင့်ပြုချက်မဲ့ အဆောက်အအုံအများစုကို သင်္ဃန်းကျွန်း၊ သာကေတ၊ တောင်ဥက္ကလာပ၊ မရမ်းကုန်းနှင့် လှိုင်မြို့နယ်များတွင် အများဆုံး တည်ဆောက်နေပြီး ပြီးခဲ့သည့်နှစ်က ထောင်နှင့်ချီသော အဆောက်အအုံများကို တရားစွဲဆိုခဲ့ကာ ထပ်မံတရားစွဲဆိုမည့် အဆောက်အအုံများစွာ ရှိသေး ကြောင်း သိရသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service