ပခုက္ကူခရိုင် ရေစကြိုနှင့် မြိုင်မြို့နယ် အတွင်းရှိ အကျယ် အဝန်း မြေဧက တစ်သောင်းသုံး ထောင်ကျော်ကို တောရိုင်း တိရ စ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ် မည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
ယင်းဘေးမဲ့တောကို ရှင်မ တောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောဟု အမည်ပေးထားပြီး ဧရိ ယာစတုရန်းမိုင် ၂၀ ကျယ်ဝန်း၍ ဥပဒေအရ တရားဝင်သတ်မှတ် မှုကို ၂၀၁၆ ဧပြီတွင် လုပ်ဆောင် မည်ဖြစ်သည်။
‘‘အဲဒီဒေသကို ဘေးမဲ့တော အဖြစ် သတ်မှတ်ဖို့ ရည်ရွယ်ထား တဲ့အတွက် ရက်ပေါင်း ၁၂၀ အ တွင်း ဒေသခံတွေဘက်က ကန့် ကွက်ကြောင်း စာတွေ တင်သွင်း မယ်ဆိုရင် တင်သွင်းလို့ရပါ တယ်။ ဒီဧရိယာက ထွေအုပ်၊ သစ်တော၊ မြေစာရင်းကအောက် ခြေအထိ သွားပြီးစာရင်းကောက် ထားတာပါ’’ဟု ဝန်းကျင်/သား ငှက်ဌာန ညွှန်ကြားရေးမှူး ဦး ဝင်းနိုင်သော်က ပြောသည်။
တရားဝင်မသတ်မှတ်မီ ဘေးမဲ့တောဧရိယာအတွင်း မြေ ယာအရှုပ်အရှင်းများနှင့်ပတ် သက်၍ ရက်ပေါင်း ၁၂၀ အတွင်း ဒေသခံပြည်သူများ ကန့်ကွက်နိုင် သည်ဟုဆိုသည်။
သဘာဝထိန်းသိမ်းရေးနယ် မြေအဖြစ် ဥပဒေအရ သတ်မှတ် ပြီးပါက ယင်းဒေသအတွင်း အမဲ လိုက်သူများ၊ မြေယာတိုးချဲ့သူ များ၊ နေထိုင်သူများကို သစ်တော ဥပဒေ၊ နည်းဥပဒေနှင့် တောရိုင်း တိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေ များထိန်းသိမ်းရေးဥပဒေ၊ နည်းဥ ပဒေအဖြစ် အရေးယူနိုင်သည်။
မြန်မာနိုင်ငံတွင် တည် ထောင်ပြီးသော သဘာဝထိန်း သိမ်းရေးနယ်မြေ ၃၉ ခုရှိပြီး ယခု ရှင်မတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ၄၀ ခုမြောက် သဘာဝနယ်မြေဖြစ်လာမည်ဖြစ် သည်။ မြန်မာနိုင်ငံတွင် သတ်မှတ် ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ ဧက ကိုးသန်းခွဲကျော်ရှိကာ သဘာဝထိန်းသိမ်းရေးနယ်မြေ သည် စုစုပေါင်း သစ်တောဖုံးလွှမ်း မှု၏ ၅ ရာခိုင်နှုန်းကျော်ရှိသည်။
Credit : 7Day Daily