မန္တလေးတိုင်းဒေသကြီးအစိုးရခွင့်ပြုချက်ရပါက ကျူးကျော်များအတွက် အငှားအိမ်ရာများ စတင်ငှားရမ်းမည်

မန္တလေးတိုင်းဒေသကြီးအစိုးရခွင့်ပြုချက်ရပါက ကျူးကျော်များအတွက် အငှားအိမ်ရာများ စတင်ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
16 Nov 2015 10:34 am တွင် တင်ခဲ့သည်
1048 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ ဧရာဝတီ မြစ်ကမ်းနားတွင် တည်ဆောက် နေသည့် ကျူးကျော်များအတွက် အငှားအိမ်ရာများကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ရရှိပါ က စတင်ငှားရမ်းတော့မည်ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိ သည်။

အငှားအိမ်ရာများ စတင်ငှား ရမ်းပေးနိုင်ရန် ငှားရမ်းပေးသည့် လူနေမှုအဆင့်အတန်း၊ ငှားရမ်းခ ဈေးနှုန်း၊ ငှားရမ်းသူများလိုက်နာ ရန် စည်းကမ်းချက် အစရှိသည် တို့ကို စီမံချက်ရေးဆွဲနေပြီး တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ ကာ အဆိုပါစီမံချက်ကို လက်ခံပါ က စတင်ငှားရမ်းပေးနိုင်မည်ဖြစ် ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။

‘‘အခု အစိုးရအဖွဲ့က အ တည်မပြုသေးဘူး။ အတည်ပြုပြီ ဆိုတာနဲ့ မြရည်နန္ဒာတိုက်ခန်းတွေ တုန်းကလိုပဲ ကော်မတီဖွဲ့ပြီး ငှား ရမ်းမယ့်လုပ်ငန်းတွေ စတင် ဆောင်ရွက်ပေးမှာပါ’’ဟုမန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံဌာနမှူး ဦးလှမျိုး က ပြောသည်။

အငှားအိမ်ရာ စီမံကန်းကိုပြီး ခဲ့သည့် မတ်လက စတင်ခဲ့ပြီး မန္တလေးမြို့ ဧရာဝတီမြစ်ကမ်း ဘေး မြို့ပတ်ကမ်းနားလမ်း အောင်မြေသာစံမြို့နယ် ညောင် ကွဲရပ်ကွက် ၁၀ လမ်းနှင့် ၁၂ လမ်းကြား၌ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလကုန်တွင် တည် ဆောက်ပြီးစီးတော့မည်ဖြစ်ပြီး မန္တလေးမြို့ ဧရာဝတီမြစ်ကမ်း ဘေးရှိ ကျူးကျော်နေထိုင်သူများ နှင့် ရွှေ့ပြောင်းလုပ်သားများကို ဦးစားပေးငှားရမ်းမည်ဟု သိရ သည်။ ထို့အပြင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲ ဖက်အတွင်းရေးမှူး ဦးသက်နိုင် ထွန်းက ကျူးကျော်နေထိုင်သူများ အတွက် တိုက်ခန်းများကို တစ်လ လျှင် ကျပ်နှစ်သောင်းခန့်ဖြင့် ငှား ရမ်းပေးမည်ဟု စီမံကိန်းစတင်ချိန် က ပြောကြားထားသည်။

တိုက်ခန်းများသည် ပေ ၁၀×၂၀ တိုက်ခန်းများဖြစ်ပြီး ၁၂ ခန်းတွဲ ခြောက်ထပ်ပါ အဆောက် အအုံ အလုံးပေါင်း ၂၂ လုံး တည် ဆောက်ထားသည်။ တိုက်ခန်း စုစုပေါင်း ၁,၅၈၄ ခန်းရှိပြီး ရေ ချိုးခန်း၊ ရေလောင်းအိမ်သာနှင့် အမှိုက်စွန့်ပစ်မှုစနစ်များ ပါဝင် သည်ဟု မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီ
အ ဆောက်အအုံနှင့် ကုန်ရုံဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောသည်။ ၂၀၁၄ ဒီဇင်ဘာက ဧရာဝတီမြစ် ကြောင်းမှတစ်ဆင့် နော်ဝေး ဘုရင်လာရောက်စဉ် ဂေါဝိန်ဆိပ် ကမ်းမှ ကျူးကျော်နေထိုင်သူများ ကို မန္တလေးမြို့တော်စည်ပင်က ဖယ်ရှားထားခဲ့ခြင်းကြောင့် ဝေ ဖန်မှုများကြုံတွေ့ခဲ့ရပြီး မကြာမီ အငှားအိမ်ရာစီမံကိန်းစတင်ခဲ့ ခြင်းဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service