အိုးပိုင်အိမ်ပိုင်အိပ်မက်နှင့် မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတကာအဆင့်မီ အထပ်မြင့်အိမ်ရာ

အိုးပိုင်အိမ်ပိုင်အိပ်မက်နှင့် မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတကာအဆင့်မီ အထပ်မြင့်အိမ်ရာ - Property News in Myanmar from iMyanmarHouse.com
14 Oct 2015 10:37 am တွင် တင်ခဲ့သည်
2523 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့နေပြည်သူအများစု အမြဲမက်ခဲ့သည့် အိပ်မက်တစ်ခု ရုပ်လုံးပေါ်လာသည်။ မြို့ပြ၏လူနေမှုအသွင်သဏ္ဌာန် တန်ဖိုးတစ်ခုဖြစ်သည့် အိုးပိုင်၊ အိမ်ပိုင်ဆိုသောဘဝမျိုးဖြင့် နေရဖို့ဆိုသည်မှာ ရုန်းကန်နေရသည့် ဘဝများအတွက်တော့ တစ်ချိန်က အိပ်မက်တစ်ခုမျှသာဖြစ်ခဲ့သည်။

ယခုအခါ နိုင်ငံတော်ကပုဂ္ဂလိကနှင့် ပူးပေါင်းအကောင်အထည်ဖော်နေ သည့် တန်ဖိုးသင့်အိမ်ရာများကြောင့် အိပ်မက်ပိုင်ရှင်များ၏ မျှော်လင့်ချက် ရောင်ခြည်များ ပေါ်ထွက်လာခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ် ကမ်းမြို့နယ်၌ တည်ဆောက်လျက် ရှိသည့် လူဦးရေရှစ်သောင်းကျော် နေထိုင်နိုင်မည့် ဧရာဝဏ်ရတနာ အထပ်မြင့် အိမ်ရာစီမံကိန်းက မြို့ပြတွင်နေထိုင်လိုသူများ၏ အိုးပိုင် အိမ်ပိုင်အိပ်မက်ကို အသက်ဝင်လာ စေခဲ့သည်။

ရန်ကုန်မြို့ရှိ အိမ်ရာစီမံကိန်း များတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ ပထမဆုံးအဆင့်မြင့် နည်း ပညာသုံး အထပ်မြင့်အိမ်ရာစီမံကိန်း အဖြစ် ဖော်ဆောင်နေသည့် ဧရာဝဏ် ရတနာအထပ်မြင့် အိမ်ရာစီမံကိန်း သည် အထပ် (၁၈)ထပ်ရှိသော အဆောက်အအုံ ၄၉ လုံးပါဝင်သည့် ရန်ကုန်မြို့၌ ပထမဆုံးနိုင်ငံတကာ အဆင့်မီသည့် အထပ်မြင့် အိမ်ရာ တစ်ခုဖြစ်လာတော့မည်။ ယင်းစီမံ ကိန်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီ ၃၂ ခုတို့ ပူးပေါင်းဆောက်လုပ်လျက်ရှိရာ အဆိုပါ အိမ်ရာစီမံကိန်းနှင့် စပ်လျဉ်း ၍မြန်မာ့သတင်းစဉ်က တာဝန်ရှိသူ များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ဦးကျော်ဇေယျ
လက်ထောက်ညွှန်ကြားရေးမှူး
ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

မေး။ ဒီအဆင့်မြင့်အိမ်ရာ ဆောက် လုပ်ရေးစီမံကိန်းနဲ့ပတ်သက်ပြီး တည် ဆောက်နေမှုအပိုင်းကို ပြောပြပေးပါဦး။
ဖြေ။ ဒီအဆောက်အအုံကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနက သေချာကြီးကြပ်ပြီး ဆောက်နေတာပါ။မြန်မာနိုင်ငံရဲ့ ပထမဆုံးအထပ်မြင့် ပရီကပ်စနစ်နဲ့ တည်ဆောက်နေတာ ပါ။ နိုင်ငံတကာအဆင့်မီပါတယ်။ ဒီမှာနေတဲ့သူက စင်ကာပူမှာ နေရတဲ့ အဆင့်ကိုမီပါတယ်။ အတွင်းပိုင်း အပြင်အဆင်တွေကလည်း ကောင်း မယ်။ အခန်းဖွဲ့စည်းပုံလည်းကောင်း မယ်။ ဓာတ်လှေကားလည်းပါပါတယ်။ နေထိုင်မယ့်သူတွေအတွက် အဆင့် မီမီ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။

မေး။ လက်ရှိဆောက်လုပ်ပြီးစီးမှု အပိုင်းကို သိပါရစေ။
ဖြေ။ လတ်တလောအခြေအနေမှာ တော့ ဆောက်လုပ်ရေးဝန်ကြီးဌာန က အဆောက်အအုံ ၁၁ လုံး ဆောက် လုပ်နေတယ်။ ၁၁ ထပ်အထိ ပြီးသွား ပြီ။ နောက်ထပ် ခုနစ်ထပ်ကျန်နေ သေးတယ်။၂ဝ၁၆ ခုနှစ် ဧပြီလအပြီး တည်ဆောက်သွားမှာပါ။ ကျန်တဲ့ အဆောက်အအုံ ၃၈ လုံးကိုတော့ တိုင်းရင်းသား ကုမ္ပဏီတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

မေး။ ဆောက်လုပ်မှုအပိုင်း ပြီးစီး သွားရင် ဘယ်လိုပုံစံ၊ နှုန်းထားတွေနဲ့ ရောင်းချသွားဖို့စီစဉ်ထားပါသလဲ။
ဖြေ။ အဆောက်အအုံပြီးစီးသွားရင် ဦးရာလူကို အရစ်ကျစနစ်နဲ့ ရောင်းချ ပေးသွားဖို့ စီစဉ်ထားပါတယ်။ တကယ်အရည်အသွေး ကောင်း ကောင်းနဲ့ အဆင့်မြင့်လုပ်ထားတာဖြစ် ပါတယ်။ အိမ်ရာတစ်ခုရဲ့ အခြေခံ လိုအပ်ချက်တွေပါ အပြည့်တည် ဆောက်သွားမှာ ဖြစ်ပါတယ်။ ဥပမာ-ဈေး၊ကျောင်း၊ ဆေးရုံ၊ ဥယျာဉ်၊ ကစားကွင်းတွေ၊ မြို့တွင်းခရီးသွား လုပ်ငန်းတွေ အကုန်ပါဝင်မှာ ဖြစ်ပါ တယ်။ အဆင့်မြင့်အိမ်ရာဆိုတဲ့ အတိုင်း မြေညီထပ်ဆို ဈေးကောင်းရ ပေမယ့် အခန်းမလုပ်ဘဲနေမယ့်သူတွေ အဆင်ပြေအောင် ကားပါကင် အဖြစ်ပဲထားပါတယ်။ ပတ်ဝန်းကျင်ကို လည်း သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်း ကျင်ဖြစ်အောင် အခန်းတွေကိုလည်း လေဝင်၊လေထွက်ကအစ အားလုံး အဆင့်မီလုပ်ထားတာပါ။

ဦးရဲလင်း (မန်နေဂျင်းဒါရိုက်တာ)
ဓနစံရာဆောက်လုပ်ရေးကုမ္ပဏီ

မေး။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီးပါဝင် ဆောင်ရွက်နေမှုအပိုင်းကိုပြောပြပေး ပါဦး။
ဖြေ။ ဒီစီမံကိန်းမှာ ကျွန်တော်တို့က အဆောက်အအုံတစ်လုံး တာဝန် ယူထားပါတယ်။ ဈေးနှုန်းကလည်း အခု တရားဝင်ဖွင့်ပြီး ရောင်းနေတာ မဟုတ်သေးပါဘူး။ သက်ဆိုင်ရာက ပြည်သူတွေအတွက် အကောင်း ဆုံးဖြစ်အောင် စီစဉ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ကန် ထရိုက်ပိုင်းကို တာဝန်ယူထားတဲ့ အတွက် ပြီးစီးမှုပိုင်းကိုတင်ပြပြီး ကျသင့်ငွေကို ယူရတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီတွေ တာဝန် ယူထားရတဲ့ အဆောက်အအုံတွေ ကတော့ လူအားစိုက်ရင်စိုက် သလောက် လုပ်သားအသုံးပြုမှုအပေါ် မူတည်ပြီးတော့ သတ်မှတ်ကာလထက် စောပြီးနိုင်မှာပါ၊ အဲဒီအခါ ပြည်သူ တွေကို စောစောရောင်းပေးနိုင်မှာဖြစ် ပါတယ်။

မေး။ စီမံကိန်းကြီး ပြီးစီးသွားရင် ပြည်သူတွေအတွက် ဘယ်လို အကျိုး ကျေးဇူးရရှိလာနိုင်ပါသလဲ။
ဖြေ။ ဒီနေရာ ပတ်ဝန်းကျင်မှာ လူဦး ရေ သုံးသိန်းကျော်လောက်နေထိုင် နိုင်လိမ့်မယ်လို့ ခန့်မှန်းထားတယ်။ သဘာဝပတ်ဝန်းကျင် ကောင်းမွန်မှု နဲ့ စိမ်းလန်းစိုပြည်မှုကိုလည်း အဓိက ထား ဆောင်ရွက်ထားလို့ နေထိုင်သူ တွေအတွက် အကောင်းဆုံးနဲ့ အဆင့် မြင့်မြင့်ဖြစ်မှာပါ။ဒီပရောဂျက်ကြီးက ကြီးတဲ့အတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောက်လုပ် ပြီးစီးသွားရင် ပြည်သူတွေဆန္ဒအရ နောက်ထပ်လည်း ဒါမျိုး အဆောက် အအုံတွေ အများကြီးထွက်ပေါ်လာ မှာပါ။

ဦးမောင်မောင်လွင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

မေး။ စီမံကိန်းနဲ့ ပတ်သက်ပြီး ရေနဲ့ လျှပ်စစ်အတွက် ဘယ်လိုစီစဉ်ဆောင် ရွက်ထားပါသလဲ။
ဖြေ။ စီမံကိန်းနဲ့ ပတ်သက်ပြီး အဆောက်အအုံ ၄၉ လုံး တည် ဆောက်နေပါတယ်။ အဲဒီအဆောက် အအုံတွေ ပြီးစီးသွားရင် လျှပ်စစ် သုံးစွဲနိုင်ဖို့အတွက် (၆၆)ုဠ ဏသတနမှအအေငသည နှစ်လုံးကို လိုအပ် ချက်အရ ဆောင်ရွက်ထားပါတယ်။ ရေအတွက်ကတော့ လျှပ်စစ်မီတာနဲ့ စတင်အသုံးပြုနိုင်အောင် ဆောင်ရွက် နေပါတယ်။

မေး။ အဆောက်အအုံ ဆောက်လုပ် ပြီးစီးမှုအပိုင်းကို ဘယ်လိုသတ်မှတ် ဆောင်ရွက်ထားပါသလဲ။
ဖြေ။ ဆောက်လုပ်မှုကို အပိုင်းနှစ်ပိုင်း နဲ့ဆောင်ရွက်နေတယ်။ ပထမအဆင့် အဆောက်အအုံ ၁၁ လုံးကို ၂ဝ၁၆ ခုနှစ် ဧပြီနဲ့ မေလအတွင်း အပြီးတည် ဆောက်သွားမယ်။ ဒုတိယအဆင့် အနေနဲ့ ဆက်လက်ပြီး အမြန်ဆုံး ပြီးစီးသွားအောင် ဆောင်ရွက်သွား မှာပါ။

မေး။ ဒီအိမ်ရာတွေပြီးစီးသွားရင် ဆက်လက်ပြီးဆောင်ရွက်သွားမယ့် အစီအစဉ်ကိုရှင်းပြပေးပါ။
ဖြေ။ မြို့ပြအင်္ဂါရပ်နဲ့အညီ ဒီ အဆောက်အအုံတွေပြီးရင် ပြည်သူ တွေ လာရောက်နေထိုင်တဲ့အခါမှာ သူတို့ရဲ့ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကျောင်းတွေ၊ ဆေးခန်းတွေ၊ စီးပွားရေးဆိုင်ရာ နေရာတွေ၊ သာသနာ့ဆိုင်ရာ အဆောက်အအုံနဲ့ ဈေးတွေပါရှိမှာ ဖြစ်တဲ့အတွက် လူမှုဘဝပြည့်စုံတဲ့ ဒေသဖြစ်အောင် ဆောင်ရွက်ထားပါ တယ်။

မေး။ အခုလက်ရှိအခြေအနေနဲ့ စပ်လျဉ်းပြီးဖြေကြားပေးစေလိုပါတယ်။
ဖြေ။ အခုလက်ရှိမှာလည်း တည် ဆောက်ရေးလုပ်ငန်းတွေကို တိုင်းရင်း သားလုပ်ငန်းရှင်တွေပါဝင်ပြီး ဆက် လက်ဆောင်ရွက်နေပါတယ်။

ဦးကြည်လှိုင်ဝင်း
(ညွှန်ကြားရေးမှူး၊အဆောက်အအုံဦးစီးဌာန - လျှပ်စစ်)

မေး။ ဆရာတာဝန်ယူထားရတဲ့ အပိုင်းကိုသိလိုပါတယ်။
ဖြေ။ ဧရာဝဏ်ရတနာအိမ်ရာစီမံ ကိန်းအတွက် ပူးတွဲတာဝန်ထမ်း ဆောင်နေတာပါ။ လျှပ်စစ်ပိုင်း အတွက် တာဝန်ယူထားပါတယ်။ အိမ် ရာတစ်ခန်းချင်းရဲ့ လျှပ်စစ်အသုံးပြု မှုအပေါ် မူတည်ပြီးတော့ ဝန်အား ဘယ်လောက်သုံးမယ်ဆိုတာကို အဆောက်အအုံတစ်ခုစာပြီးမှ ဒီမှာ အိမ်ရာ ၄၉ လုံးရှိတယ်ဆိုတော့ စီမံကိန်းတစ်ခုလုံးအတွက် အိမ်ခန်း ပေါင်း နှစ်သောင်းနီးပါးလောက် အတွက် လျှပ်စစ်စွမ်းအားအနေနဲ့ ဝန်အားသုံးနိုင်ဖို့ ၂၃ဝ ကေဗွီဓာတ် အားခွဲရုံကြီးကို တည်ဆောက်ထားပါ တယ်။ ဒီဓာတ်အားခွဲရုံကနေ ၆၆ ကေဗွီဓာတ်အားခွဲရုံနှစ်ခုမှ တစ်ဆင့် ၁၁ကေဗွီဓာတ်အားခွဲရုံ ၁၈ ရုံအထိ တည်ဆောက်ရပါတယ်။ ဒီ ၁၁ ကေဗွီ ဓာတ်အားခွဲရုံတွေကနေ အဆောက် အအုံ ၄၉ လုံးအတွက် ဓာတ်အား ထုတ်လွှတ်သွားမှာပါ။

မေး။ အခုလက်ရှိဆောင်ရွက်နေမှုအခြေအနေကိုလည်းရှင်းပြပေးစေ လိုပါတယ်။
ဖြေ။ အဆောက်အအုံငါးလုံးက တော့ ၁ဝ ထပ်နဲ့ အထက်ကို တည် ဆောက်ပြီးနေပြီ။ ကျန်တဲ့ အဆောက် အအုံတွေကိုလည်း တည်ဆောက်နေ ဆဲပါ။ အခြေခံအဆောက်အအုံပိုင်း တွေကိုပဲ ကျွန်တော်တို့ ဆောင်ရွက် ပေးနိုင်သေးတယ်။ အတွင်းခန်းတွေ အတွက်ကိုတော့ မဆောင်ရွက်ရသေး ပါဘူး။ အခုလက်ရှိ ၁၁ လုံး အမြန် အပြီးဆောက်ဖို့ ညွှန်ကြားထားတယ်။ ဒီအဆောက်အအုံတွေ ပြီးတာနဲ့ ပြည်သူတွေကို ဈေးနှုန်းသင့်တင့် မျှတစွာနဲ့ ရောင်းချသွားဖို့ စီစဉ် ထားကြောင်းသိရပါတယ်။ အဆောက် အအုံ ဒီဇိုင်းအားလုံးကို စင်ကာပူ ကုမ္ပဏီက ပုံစံထုတ်ပါတယ်။ ဒီဒီဇိုင်း ကို နမူနာယူပြီးကျန်တဲ့ အဆောက် အအုံတွေကို တည်ဆောက်ရမှာပါ။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service