တရုတ်စီးပွားရေးကျဆင်းမှု အကျိုးဆက် မြန်မာအပေါ် ချက်ချင်းမထိခိုက်နိုင်ဟု ဆို

တရုတ်စီးပွားရေးကျဆင်းမှု အကျိုးဆက် မြန်မာအပေါ် ချက်ချင်းမထိခိုက်နိုင်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
9 Oct 2015 10:11 am တွင် တင်ခဲ့သည်
723 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၏ စီးပွား ရေးကျဆင်းမှုအကျိုးဆက်ကို မြန် မာနိုင်ငံအပါအ၀င် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှာ နောက်ပိုင်းမှသာ ထိခိုက်မှုကြုံတွေ့နိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင်အကြီးအကဲ မစ္စတာ Sudhir Shetty က ပြောသည်။

တရုတ်စီးပွားရေးကျဆင်းမှု သည် အာဆီယံဒေသတွင်း နိုင်ငံ များအတွက် စိုးရိမ်နေရသည့်အ ခြေအနေများရှိနေသော်လည်း မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံ ကဲ့သို့ တရုတ်နိုင်ငံနှင့် စီးပွားရေး အနည်းငယ်သာလုပ်ကိုင်သော နိုင်ငံများအတွက် ဦးစွာထိခိုက်မှု မရှိနိုင်ကြောင်း ၎င်းကပြောသည်။

တရုတ်နိုင်ငံ၏ စီးပွားရေး သည် လာမည့် ၂၀၁၆-၁၇ တွင် တဖြည်းဖြည်းကျဆင်းလာမည်ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးတိုးတက်မှု အပြောင်းအလဲအစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်က ထောက်ပြမှုသည် အစိုးရ၏ ကြွေးမြီပြဿနာ၊ ဘဏ်စနစ်ပြင်ပငွေစုခြင်းကန့်သတ်သည့် စည်းမျဉ်းများနှင့် အစိုးရက ဘဏ္ဍာရေးစနစ်တို့တွင် ပါဝင်စွက်ဖက်နေမှုတို့ကြောင့် ဖြစ်ရခြင်းဟု ထောက်ပြထားသည်။

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအများစုမှာ သဘာဝသ ယံဇာတအပေါ်အခြေခံသည့် လုပ် ငန်းများသာ အများဆုံး ဖြစ်နေ သည်။

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ၌ တရုတ်စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု သိသာ စွာလျော့နည်းသည်ကို တွေ့နေရ ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ တွင် အများဆုံးရင်းနှီးမြှုပ်နှံထား သည့် နိုင်ငံဖြစ်သော်လည်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် သြဂုတ် လကုန်ထိ တရုတ်နိုင်ငံ၏ တိုးတက်လာသော ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်သာ ရှိ သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ လတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှုသည် အမေရိကန်ဒေါ်လာ ၁၄ဒသမ၁၈ ဘီလီယံရှိပြီး ၂၀၁၅-၁၆ဘဏ္ဍာနှစ်သြဂုတ်တွင် အမေရိ ကန်ဒေါ်လာ ၁၄ဒသမ၆၄ ဘီလီယံသို့ မြင့်တက်လာသည်။

တရုတ်-မြန်မာနှစ်နိုင်ငံကုန် သွယ်ရေးတွင် ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်၌ မြန်မာနိုင်ငံမှ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံမှ သွင်းကုန်သည် ၄၆ ဘီလီယံကျော်ရှိနေကာ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံဘက်မှ ပို့ကုန်ပမာဏလျော့နည်းနေသည်။

‘‘တရုတ်စီးပွားရေးကျဆင်း မှုက ကုန်သွယ်ရေးကို လတ်တ လောမှာမထိနိုင်သေးဘူး။ ဘာ ဖြစ်လို့လဲ ဆိုတော့ နယ်စပ်က သွားတာတွေကို မြန်မာဘက်က တရားဝင်ပေမယ့် သူ့ဘက်က တရားမ၀င်သွင်းတာဆိုတော့ သိ သာမှာမဟုတ်ဘူး’’ဟု မူဆယ်မြို့ မှ ဆန်ကုန်သည်တစ်ဦးက ပြော သည်။

တရုတ်နိုင်ငံအပေါ် မြန်မာ နိုင်ငံ၏ လက်ရှိ စီးပွားရေးမှီခိုမှု လျော့နည်းလာခြင်း၊ စင်ကာပူကဲ့ သို့ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ လာခြင်းစသည်တို့ကြောင့် မြန်မာ နိုင်ငံသည် တရုတ်စီးပွားရေးကျ ဆင်းမှု၏ အကျိုးဆက်ကို များစွာ မကြုံတွေ့နိုင်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

Credit : 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service