တန်ဖိုးသင့်အိမ်ရာများ မြေနေရာအခက်အခဲ ရေရှည်ပြဿနာဟု ဆို

တန်ဖိုးသင့်အိမ်ရာများ မြေနေရာအခက်အခဲ ရေရှည်ပြဿနာဟု ဆို - Property News in Myanmar from iMyanmarHouse.com
5 Oct 2015 11:28 am တွင် တင်ခဲ့သည်
912 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ မြို့ပြများ၌ တန်ဖိုးသင့် လူနေအိမ်ရာ လိုအပ်ချက်နှင့် အတူ ထိုအိမ်ရာများ ဆောက်လုပ်ရန် မြေနေရာ လိုအပ်ချက်သည် ရေရှည်ဖြေရှင်း ရမည့် ပြဿနာဖြစ်ကြောင်း
ဆောက်လုပ်ရေး ၀န်ကြီးဌာနဒုညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ပြောသည်။

“ရေရှည်မှာဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲဆိုတော့ ဒေသအစိုးရကလည်း သူ့ရဲ့ Responsibility(တာဝန်ယူမှု) အနေနဲ့ မြေကို လျာထားပေးရမယ်။ ဗဟိုအစိုးရကလည်း လိုအပ်တဲ့မြေနေရာတွေကို ပြန်သိမ်းယူနိုင်ရမယ်။

မြို့ထဲမှာဆို လွတ်လပ်လမ်းတွေ အများကြီးပဲ။ Land Use (မြေအသုံးချမှု)ကို သေသေချာချာ မသုံးထားဘဲနဲ့ အဆောက်အအုံတချို့ မည်ကာမတ္တ အဆောက်အအုံလေး ဆောက်ပြီး တချို့က ပစ်ထားတဲ့ ဟာမျိုးတွေ။ ဒီလိုမြေမျိုးကို ပြန်ပြီးသိမ်းယူနိုင်ခွင့် ရှိရမယ်။ သိမ်းယူနိုင်ခွင့် ရှိတဲ့အပြင် အဲဒီအပေါ်မှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်တဲ့ အခါမှာ တန်ဖိုးသင့်တင့်တဲ့ အိမ်ရာတွေ ပါရမယ်။ ဒီနည်းနဲ့ ဖြေရှင်းမှ ရေရှည်မှာ ရှင်းလို့ရပါမယ်”ဟု ဒေါ်မိုးသီတာက ပြောဆိုသည်။

လက်ရှိအချိန်၌ အစိုးရ၏ အရံမြေ (Reserve Land) အဖြစ် ထားရှိသည့် မြေနေရာများသည် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တင့် အိမ်ရာများ ဆောက်လုပ်ရန်အတွက် ရှားပါးနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်ရာလိုအပ်ချက်သည်လူဦးရေတိုးနှုန်းနှင့် နှိုင်းယှဉ်ပါက
နှစ်စဉ်တစ်နှစ်လျှင် ၇ သိန်းဝန်းကျင် ရှိနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးနည်းအိမ်ရာ လိုအပ်ချက်အား ၀င်ရောက်နိုင်ရေးသည် မြေဈေးကြီးမြင့်မှုနှင့်ထပ်တူ အခက်အခဲရှိနေမှုနှင့်ပတ်သက်ပြီး မြနန္ဒာ ဆောက်လုပ်ရေးကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးလင်းက “တန်ဖိုးနည်းဖို့ ဆိုတာကြီးက မြေအလကားရမှပဲရမှာ၊ ရန်ကုန်မှာက မြေဈေးကြီးနေတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဓိကကတော့ မြေရာခန့်ခွဲတဲ့ အပိုင်းမှာ အစိုးရက ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို မြေအလကား ပေးပြီးတော့မှ square feet လည်း သင့်တင့်သလောက်ပေါ့။ square feet ကျယ်မယ်ဆိုလည်း မလုပ်နိုင်ဘူး။ ဒါတွေက လုပ်ငန်းရှင်တွေကြီးပဲ၊ Risk(စွန့်စားမှု) ယူပြီး လုပ်လို့မရဘူးပေါ့။

အစိုးရက ပံ့ပိုးမှု အများကြီး လိုပါတယ်”ဟု ပြောသည်။
ယခုအချိန်တွင် ဆောက်လုပ်နေသည့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများတွင် ရင်းနှီးမြှုပ်နှံမှု ပြုနေကြသူများသည် ပြည်တွင်းလုပ်ငန်းရှင်များ ဖြစ်ကြပြီး နိုင်ငံခြားသားများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ဒေါ်မိုးသီတာက ပြောဆိုသည်။

တန်ဖိုးနည်း အိမ်ရာများနှင့် တန်ဖိုးသင့်တင့် အိမ်ရာများအတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများ ၀င်လာစေရန် ဖိတ်ခေါ်နေသော်လည်း လက်ရှိ ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများအခြေအနေသည်ရပ်တန့်သလောက်နီးပါး
ဖြစ်နေသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပြောဆိုကြသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ၌ ယခင်က တိုက်ခန်းများ ဆောက်လုပ်သည့်အခါ ကြိုပွိုင့်ရောင်းရခြင်းမှ ၅၀ ရာခိုင်နှုန်း အထက်ထိ အရင်းနှီးရခဲ့သော်လည်း ယခုအချိန်တွင် ကြိုပွိုင့်ရောင်းရချမှုမှ ၂၅ ရာခိုင်နှုန်းရဖို့ပင် မလွယ်ကူတော့သည့် အခြေအနေဖြစ်ကြောင်း၊ အရင်းအနှီး မြန်မြန်ရရှိရန်အတွက် ဈေးကွက်တွင်
လျှော့၍ရောင်းချနေရသည့်အခြေအနေ ဖြစ်ကြောင်း
ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။

Credit: Irrawaddy News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service