ကုန်သွယ်မှုလိုငွေပြချိန်တွင် ဗဟိုဘဏ်၏ ဒေါ်လာတန်ဖိုးမြှင့်ခြင်းက စီးပွားရေးကျပ်တည်းစေဟုဆို

ကုန်သွယ်မှုလိုငွေပြချိန်တွင် ဗဟိုဘဏ်၏ ဒေါ်လာတန်ဖိုးမြှင့်ခြင်းက စီးပွားရေးကျပ်တည်းစေဟုဆို - Property News in Myanmar from iMyanmarHouse.com
21 Sep 2015 10:38 am တွင် တင်ခဲ့သည်
1125 ကြိမ် ကြည့်ရှု့ပြီး
ကုန်သွယ်မှုလိုငွေပြနေ ချိန်တွင် ငွေလဲနှုန်းမြင့်တက်ရန် ဗဟိုဘဏ်ကအမေရိကန် ဒေါ်လာတန်ဖိုး မြှင့်တင်နေခြင်း
သည်တိုင်းပြည်စီးပွားရေးကိုပိုမိုအကျပ်အ
တည်းဖြစ်စေကြောင်း စီး ပွားရေးလုပ်ငန်းရှင်များက
ပြော သည်။

လက်ရှိတွင် ကုန်သွယ်မှုလို ငွေသည် ယခုဘဏ္ဍာနှစ်လေးလ အတွင်း အမေရိကန် ဒေါ်လာ ၂ ဘီလီယံခန့်ရှိနေရာ တိုင်းပြည် ၀င်ငွေ တစ်ခုဖြစ်သော ကုန်သွယ် မှုတွင် လိုငွေပြနေချိန်၌ မြန်မာ နိုင်ငံ ဗဟိုဘဏ်က ငွေလဲနှုန်းမြှင့် တင်နေမှုမှာ သွင်းကုန်များဈေး မြင့်တက်ပြီး လူအများအတွက် အကျပ်အတည်းဖြစ်စေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ငွေလဲနှုန်းမြင့်တက်မှုကြောင့် ပြည်ပမှသွင်းကုန်ပစ္စည်းများ
ဈေး တက်လာပြီး အထွေထွေကုန်ဈေး နှုန်းပါ လိုက်ပါမြင့်တက်နေခြင်း၊ ပုံမှန်ဝင်ငွေရှိသူများနှင့် ပင်စင်စားများ၊ ၀င်ငွေနည်းပြည်သူများ၏ ၀ယ်နိုင်အားလျော့ကျခြင်းများ ကြုံတွေ့နေရသည်။ စီးပွားရေးလုပ်ငန်းများတွင်လည်း ပြည်တွင်း၌ ကုန်ပစ္စည်းများအရောင်းအ၀ယ်ပြုလုပ်ရာ၌ ဈေးနှုန်းကြီးမြင့်သည့် အတွက် အ၀ယ်နည်းပြီး အမြတ် ငွေအပါအ၀င် ၀င်ငွေလျော့ကျမှု များဖြစ်စေကြောင်း စီးပွားရေး ပညာရှင် ဦးလှမောင်က ပြောသည်။

ငွေလဲနှုန်းမြင့်တက်မှုသည် နိုင်ငံတကာမှရယူထားသောချေး ငွေများနှင့်ပတ်သက်၍နိုင်ငံတော်အစိုးရက ပြန်လည်ပေး
ဆပ်ချိန်တွင် အပိုငွေများစွာ ပေးရမည်ဖြစ်ပြီး ငွေလဲနှုန်း တစ်ဒေါ်လာလျှင်ကျပ်၈၀၀ ကျော်ရှိချိန်တွင်
ချေးယူထားသောငွေသည်ယခုအချိန် ပြန်လည်ပေးဆပ်မည်ဆိုပါက တစ်ဒေါ်လာ၏ တန်ဖိုး၌ ကျပ် ၄၀၀ မှ ၅၀၀ ကြား ထပ်မံအပိုပေးရမည့် အခြေအနေမျိုးဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

‘ဒီအချိန်မှာ ဒေါ်လာကိုမြှင့်တာ ငွေကြေးဖောင်းပွမှု ဖြစ် အောင် လုပ်သလိုပဲ။ စီးပွားရေး အတွက်လည်းမကောင်းဘူးလို့ပဲ မြင်တယ်’’ ဟု မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောသည်။

ဗဟိုဘဏ်သည် ယခုတစ် ပတ်တွင် ပုဂ္ဂလိကဘဏ်များအား ရောင်းချသည့် ရည်ညွှန်း ငွေလဲ နှုန်းကို တစ်ဒေါ်လာလျှင် ရှစ်ကျပ် ဈေးမြှင့်တင်ခဲ့သည်။ စက်တင်ဘာ၁၄ ရက်တွင် ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းကို တစ်ဒေါ်လာ၁,၂၈၄ ကျပ် သတ်မှတ်ရာမှ စက်တင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာ၁,၂၉၂သို့မြှင့်တင်လာသည်။ဗဟိုဘဏ်က ငွေလဲနှုန်း မြှင့်တင်မှု ကြောင့် စက်တင်ဘာ ၁၈ ရက် တွင် ပုဂ္ဂလိကဘဏ်များက အမေ ရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁,၃၀၂ ခန့်ဖြင့် ဈေးဖွင့်သည်။

‘‘ပြင်ပ ဈေးကွက်နဲ့ မကွာ အောင်လို့ မြှင့်နေတာပါ’’ ဟု ကမ္ဘောဇဘဏ်အကြီးတန်းအကြံ ပေးပုဂ္ဂိုလ် ဦးသန်းလွင်က ပြောသည်။ဗဟိုဘဏ်က ဈေးမြှင့်တင်မှုကြောင့် ပုဂ္ဂလိကဘဏ်များက ဈေးမြှင့်တင်လာသော်လည်း ပြင် ပဈေးကွက်တွင် အမေရိကန်ဒေါ် လာဈေးနှုန်းမှာ စက်တင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင်၁,၂၉၄ ကျပ်ခန့်သာရှိသည်။

ငွေလဲနှုန်း မြင့်တက်ခြင်းသည်ပို့ကုန်သမားများအတွက်
ကောင်းကျိုး ရှိနေသော်လည်း ဆန်အပါအ၀င် ပဲ၊ ပြောင်းစသည့် လယ်ယာထွက်ကုန်များ ပြည်ပ တင်ပို့နိုင်မှုအနည်းငယ်သာရှိနေ သည်။ ပြည်တွင်း၌ သုံးစွဲနေသာ ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ လူ သုံး၊ အိမ်သုံးဆေးဝါးတို့အပါအ ၀င် ကုန်ပစ္စည်းများစွာမှာ ပြည်ပ ကတင်သွင်းနေရသဖြင့် ပုဂ္ဂလိက ကဏ္ဍမှ နိုင်ငံခြားငွေအသုံးမှာ မလျှော့ချနိုင်ပေ။

အများပြည်သူ အဓိက သုံးစွဲနေရသော စက်သုံး ဆီ၊ စားအုန်းဆီ တင်သွင်းရန်နိုင်ငံခြားငွေကို ဗဟိုဘဏ်က ရောင်းချပေးနေသော်လည်း ရည်ညွှန်းဈေးသည်ပြင်ပနှင့်မကွာသဖြင့် ဈေးလျှော့၍
ပြန်လည်ရောင်းချနိုင်မှုမရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

‘‘ငွေလဲနှုန်းက တစ်နှစ်အ တွင်းမှာ ၄၀ ရာခိုင်နှုန်းလောက် တက်လာတယ်’’ ဟု စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

ယခင်နှစ် စက်တင်ဘာတွင် ပြည်တွင်းငွေလဲနှုန်းသည် အမေ ရိကန် တစ်ဒေါ်လာလျှင် ၉၈၀ ကျပ်ခန့်မှ လက်ရှိတွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁,၃၀၀ ကျော်ထိ ဈေးမြင့်တက်လာသည်။

ကမ္ဘာပေါ်တွင်လည်း အမေ ရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက် မြင့်တက်နေသည်။ အမေရိကန် နိုင်ငံတွင် ဘဏ်တိုးနှုန်းတိုးမြှင့်မှု ကြောင့် ဒေါ်လာနှင့် လဲလှယ်သော သက်ဆိုင်ရာနိုင်ငံများ ပြည်တွင်းသုံး ငွေတန်ဖိုးကျဆင်းလာသည်။

စက်တင်ဘာ ၁၈ ရက်တွင် အမေရိကန်နိုင်ငံသည် ဘဏ်တိုးနှုန်းမြှင့်တင်မှုကိုရပ်နားလိုက်သဖြင့် ဒေါ်လာတန်ဖိုးမြင့်တက်မှုမှာလည်း ရပ်ဆိုင်းသွားနိုင်ကြောင်း ကမ္ဘောဇဘဏ်အကြီးတန်းအကြံပေးပုဂ္ဂိုလ်ဦးသန်းလွင်
ကပြောသည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service