ရှစ်မိုင်လမ်းဆုံနှင့် တာမွေလမ်းဆုံ ခုံးကျော်တံတားနှစ်စင်း ယခုနှစ်အတွင်း တည်ဆောက်မည်

ရှစ်မိုင်လမ်းဆုံနှင့် တာမွေလမ်းဆုံ ခုံးကျော်တံတားနှစ်စင်း ယခုနှစ်အတွင်း တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
16 Jul 2015 10:06 am တွင် တင်ခဲ့သည်
1022 ကြိမ် ကြည့်ရှု့ပြီး
ရှစ်မိုင်လမ်းဆုံနှင့်တာမွေလမ်းဆုံ ခုံးကျော်တံတား နှစ်စင်းကို ယခုနှစ်အတွင်းတည်ဆောက်မည်ဟု ရန်ကုန်တိုင်းဒေသကြီးဆောက်လုပ်ရေးဝန်ကြီး ဦးကျော်စိုးက ပြောသည်။ အဆိုပါ တံတားနှစ်စင်းတည်ဆောက်ရေးအတွက် ပုဂ္ဂလိကသို့တင်ဒါ ဖိတ်ခေါ်ထားပြီး တည်ဆောက်ရေးအတွက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို မကြာမီရွေးချယ်နိုင်မည်ဟု သိရသည်။

‘‘ရှစ်မိုင်လမ်းဆုံတံတားအတွက်ကတော့ တင်ဒါဖောက်ပြီးပြီ။ ရွေးတော့မရွေးရသေးဘူး။ ပညာရှင်တွေနဲ့ စိစစ်နေတုန်းပဲ။တာမွေတံတားအတွက်ကတော့ တင်ဒါမဖောက်ရသေးဘူး။ ဒီလထဲမှာ ဖောက်ဖြစ်ဖို့များတယ်’’ဟု ၀န်ကြီး ဦးကျော်စိုးကပြောကြားသည်။ လက်ရှိအချိန်တွင် ရှစ်မိုင်လမ်းဆုံတံတား တည်ဆောက်မှုအတွက် ကုမ္ပဏီငါးခုလျှောက်ထားပြီး
တာမွေငါးခွဆုံ တံတားအတွက် ကုမ္ပဏီခုနစ်ခုက အပြိုင်လျှောက်ထားမှုများရှိနေသည်ဟုဆိုသည်။
သို့သော် လျှောက်ထားသည့် ကုမ္ပဏီများအမည်စာရင်းကို ထုတ်ဖော်ပြောကြားနိုင်ဦးမည်မဟုတ်ဟု ဦးကျော်စိုးက ပြောကြားသည်။

‘‘ပွင့်လင်းမြင်သာစွာပဲ အားလုံးအရှေ့မှာ တင်ဒါဖောက်ရွေးချယ်သွားမှာပါ။ ရွေးချယ်ပြီးသွားရင် မိုးတွင်းကာလဖြစ်ပေမယ့် အခြေခံတည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်သွားနိုင်မှာဖြစ်လို့ နှစ်စင်းစလုံးက ဒီနှစ်ထဲမှာ အပြီး ဆောက်နိုင်မှာပါ’’ဟု၎င်းကဆိုသည်။ ရန်ကုန်မြို့တွင်၂၀၁၂ မှစ၍ ခုံးကျော်တံတား လေးစင်းဆောက်လုပ်ပြီးစီးခဲ့ရာ လှည်းတန်းခုံးကျော် တံတားကို
ရွှေတောင်ကုမ္ပဏီ၊ ရွှေဂုံတိုင်နှင့် မြေနီကုန်း ခုံးကျော်တံတားကို Capital De-velopment ကုမ္ပဏီ၊ ဘုရင့်နောင်ခုံးကျော်တံတားကို FMI ကုမ္ပဏီတို့က ဆောက်လုပ်ခွင့်ရရှိခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် ရှစ်မိုင်လမ်းဆုံ၊ တာမွေ ငါးခွဆုံနှင့် ကုက္ကိုင်းလမ်းဆုံတို့၌ခုံးကျော်တံတားများ ထပ်မံဆောက်လုပ်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ကုက္ကိုင်းလမ်းဆုံတံတားအတွက် ဖိတ်ခေါ်မှုပြုလုပ်ရန်
ကျန်နေသေးသည်ဟု သိရသည်။ ခုံးကျော်တံတားများတည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရ၏ ငွေလုံးငွေရင်းအသုံးစရိတ်တွင်ထည့်သွင်းထားပြီး တာမွေခုံးကျော်တံတား တည်ဆောက်ရန် ကျပ်သန်း ၂၂,၅၀၀၊ ရှစ်မိုင် လမ်းဆုံ ခုံးကျော်တံတားတည်ဆောက်ရန်ကျပ်သန်း ၁၆,၄၅၀ နှင့် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားတည်ဆောက်ရန် ကျပ်သန်း ၁၅,၄၀၀ ကုန်ကျမည်ဟု တိုင်းဒေသကြီး လွှတ်တော်က ကြေညာခဲ့သည်။

သို့သော် ခုံးကျော်တံတားများ၏ အရှည်၊ နေရာအတိအကျ နှင့် အသေးစိတ်အချက်အလက်များရွေးချယ်သတ်မှတ်ရခြင်း မရှိသေးပေ။ ထိုသို့ ခုံးကျော်တံတားသုံးစင်းကို ကျပ်သန်း ငါးသောင်းကျော်အကုန်ခံပြီး တိုင်းဒေသကြီးအစိုးရက တည်ဆောက်မည်ဖြစ်သကဲ့သို့ ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရာတွင် အသုံးစရိတ်အဖြစ် ကျပ်သန်း သုံးသောင်းသုံးရန် လျာထားသည်။

Credit: 7 Day News Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service