ငွေကြေးအခက်အခဲကြောင့် ဖျက်သိမ်းလိုက်ရသည့် ကန်ထရိုက်တိုက် အရေအတွက်ပိုများလာ

ငွေကြေးအခက်အခဲကြောင့် ဖျက်သိမ်းလိုက်ရသည့် ကန်ထရိုက်တိုက် အရေအတွက်ပိုများလာ - Property News in Myanmar from iMyanmarHouse.com
14 Jul 2015 9:50 am တွင် တင်ခဲ့သည်
5091 ကြိမ် ကြည့်ရှု့ပြီး
ကန်ထရိုက်တိုက်များ တည်ဆောက်ရန် ခွင့်ပြုချက် လျှောက်ထားပြီး ဆက်လက်တည် ဆောက်ရန် လုပ်ငန်းရှင်များဘက် တွင် ငွေကြေးအခက်အခဲ ရှိသော ကြောင့် ဖျက်သိမ်းလိုက်ရသည့် အရေအတွက် ပိုမိုများပြားလာ ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်များထံမှ သတင်းရရှိ သည်။

ယင်းကဲ့သို့ တည်ဆောက်သူ ဘက်မှ ခွင့်ပြုချက်တင်ပြီး ပြန် လည်ဖျက်သိမ်းခွင့်တင်ခဲ့၍ ကန်ထရိုက်တိုက်ခန်းများကို ကြိုပွိုင့် ဝယ်ယူထားသူများ အထိနာခဲ့ရ သည့် ဖြစ်စဉ်များ ပေါ်ပေါက်နေ သည်ဟု လမင်းဧရာဆောက်လုပ် ရေးလုပ်ငန်းရှင်က ပြောသည်။

‘‘တချို့ ကန်ထရိုက်တွေက လောဘကြီးပြီး စည်ပင်ကို တည် ဆောက်ခွင့်တွေ လျှောက်တင်ပြီး အခန်းတွေ ကြိုရောင်းကြတယ်။ အမှန်တော့ ကြိုပွိုင့်ဝယ်သူတွေက မြေပြင်မှာ လုပ်ငန်းတွေစမှ ဝယ် သင့်ပြီ’’ဟု ၎င်းက ဆိုသည်။

လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွင် ခွင့်ပြုမိန့်တင်ပြီးမှ ပြန်လည် ရုပ်သိမ်းသည့် အမှုတွဲပေါင်း ၁၀၀ ကျော်ရှိပြီး ကန်ထရိုက်၊ အင်ဂျင်နီယာ၊ အိမ်ရှင်သုံးဦး၏ လက်မှတ်များ ပါဝင်ပါက တည်ဆောက်ခွင့်အမှုတွဲကို ပိတ်သိမ်းနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်း ရှင်အများစုသည် ဘဏ်ချေးငွေ ကို မျှော်လင့်ပြီး တည်ဆောက်နိုင် သည်ဟုယုံကြည်သဖြင့် ရပ်ကွက် များအတွင်း ကန်ထရိုက်တိုက်များ မြောက်မြားစွာ တည်ဆောက်ရန်ကြိုတင်စာချုပ်ချုပ်ဆိုထားပြီးမှ ငွေကြေး
မလည်ပတ်တော့၍ ယခု ကဲ့သို့ ဖျက်သိမ်းသည့်အမှုတွဲ များ ပိုမိုများပြားလာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဖျက်သိမ်းရန်တင်ပြ လျှောက်ထားသည့် ဆောက်လုပ် ရေးလုပ်ငန်းအများစုတွင် ရင်းနှီး မြှုပ်နှံကြသည့် လုပ်ငန်းရှင်အများ စုမှာ ဆောက်လုပ်ရေးလောကမှ မဟုတ်ဘဲ ပြင်ပလောကမှ စီးပွားရေးလုပ်ငန်းရှင်များသာဖြစ် ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်အချို့က သုံးသပ်သည်။

ထို့ပြင် ဆောက်လုပ်ရေး လောကအတွင်း ငွေကြေးမလည်ပတ်နိုင်မှုကြောင့် ဆက်လက် တည်ဆောက်ရန် ကန်ထရိုက်တာ ဘက်မှ အခက်အခဲဖြစ်ပေါ်ခဲ့၍ မြေရှင်က စာချုပ်ဖောက်ဖျက်မှု ဖြင့် တရားစွဲဆိုခြင်းများ မကြာခဏ ဖြစ်ပေါ်နေပြီး ကြိုပွိုင့်ဈေး ကွက်မှာလည်း လုံးဝရပ်တန့်လုနီးပါးဖြစ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ယခု ဘဏ္ဍာနှစ်အတွင်း အဆောက်အ အုံ တည်ဆောက်ခွင့် စုစုပေါင်း ၂,၅၀၀ ကျော်ခွင့်ပြုထားသည်။ ၂၀၁၄ ခုနှစ်က ၁၃ နှစ်အတွင်း အများဆုံး အဆောက်အအုံတည် ဆောက်ခွင့်ပြုခဲ့သည့် နှစ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် အဆိုပါစံချိန်ကို ကျော်လွန်နိုင်ဖွယ် မရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထား သည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service