စီမံကိန်းများကြောင့်တော့ အိမ်ခြံမြေဈေးကွက်မပျက်နိုင်

စီမံကိန်းများကြောင့်တော့ အိမ်ခြံမြေဈေးကွက်မပျက်နိုင် - Property News in Myanmar from iMyanmarHouse.com
23 Jun 2015 11:09 am တွင် တင်ခဲ့သည်
2107 ကြိမ် ကြည့်ရှု့ပြီး
ယခုကာလအတွင် ရန်ကုန်မြို့သစ်စီမံကိန်းအား အမြန်ဆုံးအကောင်အထည်ဖော်ရေးလုပ်ငန်းများအား လွှတ်တော်မှ အတည်ပြုလိုက်သော်အခါ ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် မြေဈေးများလှုပ်ခပ်လာသည်ကို တွေ့ရသည်။ သို့သော်လည်း ယင်းမြို့သစ်စီမံကိန်းမှာ နှစ်ရှည်စီမံကိန်းဖြစ်ခြင်းကြောင့် လက်ရှိ ပြည်တွင်းအိမ်ခြံ မြေဈေးကွက်တွင် အိမ်ဈေး၊ တိုက်ခန်းဈေး၊ ကွန်ဒိုဈေးများသည်တည်ငြိမ်မှု နည်းပါးနိုင်သော်လည်း ရောင်း၊ ဝယ်၊ ငှား ဈေးကွက်မပျက်သွားနိုင်ပါ။ လက်ရှိ ပြည်တွင်းအိမ်ခြံမြေဈေးကွက် သုံးသပ်သူများမှလည်း ယင်းကဲ့သို့ သုံးသပ်နေကြသည်။

စီမံကိန်းတစ်ခုပေါ်ပေါက်လာတိုင်း ပြည်တွင်းအိမ်ခြံမြေဈေးကွက်သည် လိုက်ပါတိမ်းယိမ်းသည်မှာ ဖြစ်မြဲဖြစ်စဉ် ကိစ္စရပ်များသာဖြစ်သည့်အတွက် ယခုလိုရန်ကုန်မြို့သစ်စီမံကိန်း ထွက်ပေါ်လာသည့်အတွက် ယင်း စီမံကိန်းနေရာတစ်ဝိုက်တွင် မြေဈေးနှုန်းမြင့်တက်လာသည့်မှာ အထူးအဆန်းတော့ မဟုတ်ပေ။
သို့သော်လည်း ယင်းစီမံကိန်းကို အကြောင်းပြုကာ ရန်ကုန်မြို့ ရှိ တိုက်ခန်း၊ အိမ်ခြံမြေဈေးများကို ယခုထက်မြှင့်တင်ကြိုးပမ်း နေမှုများပင် ရှိလာခဲ့သည်။ ယခုပင်လျှင် ရန်ကုန်တိုင်းဒေသကြီးအိမ်ခြံမြေ ဈေးနှုန်းများသည် ဖွံ့ဖြိုးပြီး အနောက် ဥရောပ နိုင်ငံများ၏ ဈေးနှုန်းထက်မြင့်တက်နေပေသည်။ စီးပွားရေးအရ မဖွံ့ဖြိုးသေးသည့်အတွက် လူတစ်ဦးချင်းစီ၏ ဝင်ငွေမှာလည်း မြင့်မားခြင်းမရှိသော်လည်း အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေမှုမှာ အလွန်အန္တရာယ်ကြီးသည့် အရာပင်ဖြစ်လေသည်။ လက်ရှိ ကာလရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်သည် မြန်မာနိုင်ငံသားတို့အတွက် အမြင့်ဆုံး ဈေးနှုန်းများဖြစ်နေသော်လည်း ယခုအခါ ရန်ကုန်မြို့ သစ်စီမံကိန်းကြောင့် ရန်ကုန်အိမ်ခြံ မြေဈေးနှုန်းများ ထက်မံမြင့်တက်ရန် ဟန်ပြင်နေလေသည်။
သို့ရာတွင်လည်း စီမံကိန်းများကြောင့် အရှုံးကို မကြာခဏကြုံတွေ့နေရသော ပြည်တွင်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများသည် စီမံကိန်းအကြောင်းသိနေ၍ ယခုရန် ကုန်မြို့သစ်စီမံကိန်းထွက်ပေါ်လာစဉ်တွင် ဈေးနှုန်းလှုပ်ခပ်မှုများဖြစ်ပေါ်နေသည့်အတွက် အဝယ်မလိုက်ကြတော့ပေ။ တစ်နည်းအားဖြင့် ယခုရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ဝယ်လက်မရှိဘဲ ဈေးတက်ခြင်းမျိုးဖြစ်နေသည်။ “ ဒီလိုပါပဲ ၊ ဒလစီမံကိန်း၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက မြို့သစ်စီမံကိန်းတွေဖော်မယ်လဲဆိုရော မြေကွက်တွေ ပြေးဝယ်လိုက်ကြတာ၊ ဝယ်ရောင်းတွေလည်း ထိတဲ့သူထိတာပဲလေ။ အခုကတော့ အကင်းပါးသွားပြီ၊ ငါးမြှုံးထဲ ဝင်သလို မဝင်ကြတော့ဘူး၊ စီးပွားရေးဆိုတာ နိုင်ငံရေးလှည့်ကွက်တွေပါလာတတ်တဲ့အတွက် ကျွန်တော်တို့လို စီးပွားရေးသမားတွေ သတိထားရပါတယ်။ နောက်ပြီး ဒီအချိန်က ရွေးကောက်ပွဲနီးလာပြီဆိုတော့ သိပ်အတင့်ရဲ လို့မရဘူး။ အဲ့ဒါ့ကြောင့်ပဲ မြို့ပေါ်ကအိမ်တွေပဲ ကိုင်ထားတာ” ဟုဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးအကောက်မှ ဆိုခဲ့သည်။

ထို့အတွက် လက်ရှိအိမ်ခြံမြေဈေးကွက်သည် စီမံကိန်းရှိသော မြို့သစ်နေရာများတွင် အရောင်းအဝယ် ကိုပြုလုပ်ရန် ချင့်ချိန်နေကြသည့်အတွက် ယခင်ဒလစီမံကိန်းက ကဲ့သို့မြေဆင်းဝယ်ယူမှု နည်းပါးနေသေး သည်ကို တွေ့ရသည်။ ယခုလက်ရှိတွင်လည်း ဈေးကွက်အတွင်း၌ စသည့်ယုံကြည်ရသော မြို့တွင်းအိမ်ရာများ၊ တိုက်ခန်းများနှင့် မြေကွက်များသာ အရောင်းအဝယ်များလျက်ရှိသည်။ “ ကျုပ်ကတော့ အခုလက်ရှိ မြို့တွင်း အခန်းတွေပဲ ကိုင်ထားတယ်။ လမ်းမတော် မြို့ နယ် မြဝတီကွန်ဒိုက 1900 sqft M1, S2, AC3 ပြင်ပြီးတစ်ခန်း ရှိတယ် အရောင်းတော့မဟုတ်ဘူး တစ်လဒေါ်လာ 5000နဲ့အငှား၊ နောက်တစ်ခန်းကတော့ ရုံးခန်း ကောင်းကောင်းသုံးချင်သူတွေအတွက် ဗိုလ်တထောင်မြို့ နယ်၊ အနော်ရထာလမ်းမကွန်ဒိုမှာ 1800 sqft M1, AC3 ကိုဒေါ်လာ 2100 နဲ့ငှားဖို့ရှိတယ်၊ တိုက်ခန်းတော်တော်များက အငှားတွေများတယ်။ ဘယ်ပိုင်ရှင်မှ မရောင်းဘူး” ဟု လမ်းမတော်မှ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကပြောကြားခဲ့သည်။ ရန်ကုန်မြို့တွင်း တိုက်ခန်းဝယ်ချင်သော်လည်း ရောင်းမည့်အခန်းက ရှားပါးသလို အိမ်ပိုင်ရှင်အများစုမှလည်း ပိုမိုတွက်ချေ ကိုက်သော အငှားချသည့်ဈေးကွက်ကိုသာ ပိုမိုရွေးချယ်နေကြသည့်အတွက် ရန်ကုန်မြို့တွင်း အိမ်ခြံမြေဈေး ကွက်မှာ အငှားသီးသန့်ဈေးကွက်ဖြစ်နေသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ရန်ကုန်တွင် အငှားဈေးနှုန်းပင် မြင့်တက်နေသည်ကိုတွေ့ရပေမည်။ လက်ရှိ အနေအထားတွင် ဝယ်ရောင်းအချို့သည် မြေကွက်များထက် အိမ်များကိုသာ စိတ်ဝင်စားကြသည်။ မြေကွက် များသည် အရောင်းအဝယ်လုပ်ရာတွင် အရှုပ်အရှင်းအများဆုံးဖြစ်သည့်အတွက်လည်း ဖြစ်သည်။ ယခုလက်ရှိ ဈေးကွက်အနေအထားအရ မြို့တွင်း အိမ်ခြံမြေဈေးကွက်သည် ဈေးကွက်ပိုမိုသွက်နေပြီး၊ ဝါမဝင်ခင် ကာလ အထိ အိမ်ငှားဈေးကွက်သည် အမြင့်ဘက်သို့ ဦးတည်နေဦးမည်ဖြစ်သည်။ အဝယ်အထက်အငှားဈေးကွက် ပိုမို အရောင်းသွက်နေသည့်အတွက် ပြည်တွင်းစီးပွားရေး
လုပ်ငန်းရှင်အများစုသည် ရွေးကောက်ပွဲအပြီးကိုသာ
မျှော်နေကြကြောင်း ပြည်တွင်းအိမ်ခြံမြေဈေးကွက်လေ့လာသုံးသပ်သူများကို ဆိုထားသည်။


လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service