အစိုးရ၏ အငှားချအိမ်ရာ စီမံကိန်းများ တွင်ကျယ်စွာ ပြန်လည်၊အကောင်အထည်ဖော်ရန်၊လိုအပ်နေ

အစိုးရ၏ အငှားချအိမ်ရာ စီမံကိန်းများ တွင်ကျယ်စွာ ပြန်လည်၊အကောင်အထည်ဖော်ရန်၊လိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
17 Jun 2015 10:06 am တွင် တင်ခဲ့သည်
763 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် လွန်ခဲ့သည့်နှစ်များက အဖိုးခနည်းပါးသည့် အငှားချအိမ်ရာများ ဆောက်လုပ်ပေးခဲ့ပြီး
နှစ်ရှည်ငှားရမ်းနေထိုင်နိုင်ရန် ငှားရမ်းပေးခဲ့ဖူးသည့် အခြေအနေရှိခဲ့သော်လည်း ရေရှည်တွင်
မတွယ်ကျယ်ခဲ့ပေ။

ထို့ကြောင့် လူဦးရေများပြားလာပြီး အိမ်ခြံ မြေဈေးနှုန်းများလည်း မြင့်မားမှု
များနေသည့်ရန်ကုန်မြို့တွင် နေထိုင်ရန်အခက်အခဲဖြစ်နေကြသည့် ပြည်သူများအတွက် အစိုးရ၏
အငှားချ အိမ်ရာစီမံကိန်းများမှာ တွင်တွင် ကျယ်ကျယ် ပေါ်ပေါက်လာသင့်ကြောင်း အိုးအိမ်ဦးစီးဌာနက
တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးဝင်းနိုင်က ပြောသည်။

"တန်ဖိုးနည်းအိမ်ရာဆိုတာ
ဝင်ငွေနည်းပြည်သူတွေ လက်လှမ်းမီလောက်တဲ့အထိ ဆင်းပေးသင့်တယ်။
ဝင်ငွေနည်းပြည်သူတွေကဘယ်လောက်ပမာဏလောက်ကို ၀ယ်နိုင် မလဲဆိုတာ လေ့လာကြည့်လိုက်တော့ သိန်းသုံးဆယ်၊လေးဆယ်လောက်မှ အဆင်ပြေမှာ ဖြစ်တယ်။ ဒါကို ဘယ်လိုဖြေရှင်းမလဲ အဖြေ ရှာကြည့်တော့ပြည်သူ့အငှားချအိမ်ရာ (Public Rental Housing) ဆိုတာမျိုးတွေ ရှိသင့်တယ်"ဟု ဦးဝင်းနိုင်က
ပြောသည်။

ရန်ကင်းအိမ်ရာ၊ ဖဆပလအိမ်ရာနှင့် လမ်း သစ်အိမ်ရာများသည် ပြည်သူ့အငှားချအိမ်ရာ
များဖြစ်ပြီး ထိုကဲ့သို့သော အငှားချအိမ်ရာများ ကို ထပ်မံတည်ဆောက်သင့်ကြောင်း အိမ်ခြံမြေ
ကျွမ်းကျင်သူများက ပြောသည်။

"အခြားနိုင်ငံတွေမှာလည်း ၀င်ငွေနည်းတဲ့ ပြည်သူတွေအတွက် အစိုးရက ဒီလိုတန်ဖိုး
နည်းနည်းပေးနေနိုင်တဲ့ အငှားချအိမ်ရာမျိုး တွေကို ဆောက်ပေးကြတယ်။ မြန်မာနိုင်ငံမှာအခု လက်ရှိရှိနေတဲ့ အငှားချအိမ်ရာတွေက အရမ်းကို နည်းနေသေးတယ်။ အဲဒီထက် ပိုများတဲ့
အငှားချအိမ်ရာ စီမံကိန်းတွေကို ထပ် လုပ်ပေးသင့်တယ်"ဟု ၎င်းက ပြောသည်။

ယခုတည်ဆောက်ထားပြီးသော အငှားချ အိမ်ရာများကို ရေရှည်ထိန်းသိမ်းထားရန်လိုအပ်ပြီး ထိုကဲ့သို့ ရေရှည်ထိန်းသိမ်းထား နိုင်ရန် နေထိုင်သူ ပြည်သူများဘက်က ဂရုတစိုက်ထိန်းသိမ်းပေး
ရန်လိုအပ်ကြောင်း အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများ က ပြောသည်။ "အခုဆောက်ထားတဲ့
တန်ဖိုးနည်း အငှားချအိမ်ရာတွေမှာ နေထိုင်သူတွေက စည်းကမ်းမရှိတာတွေ ရှိတယ်။ ခေါင်မိုးက
ရေယိုတာတွေ၊ လမ်းတွေ ချိုင့်ခွက်ဖြစ်တာ တွေ စတဲ့အပျက်အစီးတွေကို ပြန်ပြင်ဖို့ အတွက်ကလည်း
မလွယ်ဘူး။ နေထိုင်သူတွေ ကို ကောက်တဲ့လခက နည်းလွန်းနေတော့ လခနဲ့ ပြန်ပြင်ဖို့လည်း
မပြင်နိုင်ဘူး"ဟု ဦးဝင်းနိုင်က ပြောသည်။

အငှားချ အိမ်ရာစီမံကိန်းသစ်များ ပြုလုပ်ရန် လိုအပ်နေ
သကဲ့သို့ ဆောက်လုပ်ပြီးသော အငှားချအိမ်ရာစီမံကိန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ
ပြုပြင်ထိန်းသိမ်းမှုများပြုလုပ် ရန် လိုအပ်နေသေးကြောင်း အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာန တာဝန်ရှိသူများက
ပြောသည်။

"အရင်ကဆောက်ခဲ့တဲ့ အငှားအိမ်ရာ တွေက သက်တမ်းလွန်ဖြစ်တော့မှာမို့လို
့ ပြန်ဆောက်ရတော့မယ်။ နောက်ထပ် ထပ်ဆောက်ဖို့ လိုအပ်နေတဲ့ အငှားချ အိမ်ရာစီမံကိန်းကလည်း
များနေသေးတယ်။ တကယ်လုပ်ရမှာတွေက များနေတယ်"ဟု ၎င်းက ပြောသည်။

သို့သော် ယခုနောက်ပိုင်း၌ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် တန်ဖိုးနည်းအိမ်ရာ
များကို အငှားချအိမ်ရာများအဖြစ် ဆောင်ရွက်ရန်လည်း စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ အဆောက်အအုံဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေ၀င်းက
ပြောသည်။ ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန အိုးအိမ်ဦးစီးဌာက လှိုင်သာယာမြို့နယ်တွင်
အိမ်ရာလိုအပ်ချက် မြင့်မားလျက်ရှိကာလူနေထူထပ်သည့် ရန်ကုန်မြို့တော်အတွက် တန်ဖိုးနည်း
ပါးသည့် လစဉ်ပေး အစိုးရ အငှားချအိမ်ရာများကိုဆောက်လုပ်ပေးပါကအိမ်ရာမဲ့သူများအတွက်အဆင်ပြေနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အိုးအိမ် ဦးစီးဌာနကတာဝန်ရှိသူများကပြော
သည်။

Credit:mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service