မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာအား အောင်ဘာလေထီ မဲနှိုက်သည့် စနစ်ဖြင့် ရောင်းချပေးမည်

မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာအား အောင်ဘာလေထီ မဲနှိုက်သည့် စနစ်ဖြင့် ရောင်းချပေးမည် - Property News in Myanmar from iMyanmarHouse.com
29 Apr 2015 10:45 am တွင် တင်ခဲ့သည်
1215 ကြိမ် ကြည့်ရှု့ပြီး
မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာများအား အောင်ဘာလေထီ မဲနှိုက်သည့် စနစ်မျိုးဖြင့် မဲနှိုက် ရောင်းချပေး သွားမည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင် (၂) ဦးခင်မောင်တင့်က ပြောသည်။

မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာ ၀ယ်ယူခွင့် လျှောက်လွှာများကို မန္တလေးခရိုင် အတွင်း၌ နေထိုင် ကြသည့် သက်ပြည့်၊ နှစ်ပြည့် အငြိမ်းစား ၀န်ထမ်းများ၊ ၀န်ထမ်းလုပ်သက် (၂၅) နှစ်နှင့် အထက်ရှိသည့် တာဝန် ထမ်းဆောင်ဆဲ ၀န်ထမ်းများ၊ တိုင်းပြည် အတွက် အသက် စွန့်လွှတ်ခဲ့ရသူ များ၏ မိသားစုများနှင့်ကိုယ် အင်္ဂါ စွန့်လွှတ်ခဲ့ရသူ များအား ဇန်န၀ါရီလမှ စတင် ရောင်းချပေး ခဲ့ပြီး လျှောက်လွှာ ၀ယ်ယူသူ စုစုပေါင်း (၁၇၄၁၇ ) ဦး ရှိခဲ့သည်။

ယင်းလျှောက်လွှာ များကို စည်းကမ်းချက်နှင့် ညီမညီ ပြန်လည် စိစစ်ရာတွင် စည်းကမ်းချက်နှင့် မညီသူ အငြိမ်းစား ထဲမှ ရှစ်ဦး၊ နိုင်ငံဝန်ထမ်း ထဲမှ (၂၇) ဦး တိုက်ပွဲတွင် အသက် စွန့်လွှတ်၊ ကိုယ်အင်္ဂါ စွန့်လွှတ်သူများ ထဲမှ (၁၀) ဦး တို့ကို ပယ်လိုက်ပြီး သတ်မှတ် စည်းကမ်းနှင့် ညီသည့် အတွက် ၀ယ်ယူခွင့် ရသူ (၁၂၇၉၀) ဦးအား အောင်ဘာလေထီ မဲနှိုက်သည့် စနစ်ဖြင့် ရောင်းချပေး သွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။

မဲနှိုက်မှာပေါ့။ မဲနှိုက်တဲ့ စနစ်ကလည်း တစ်ဦးချင်းနှိုက် မနေတော့ဘူး။ ထီမဲနှိုက် သလို အဖွဲ့အစည်း တစ်ခုခုနဲ့ အများမြင်သာ ထင်သာအောင် ကြိုက်တဲသူ လာကြည့်လို့ ရအောင် အဲဒီစနစ်ကို ကျင့်သုံး မှာပါ။ နံပါတ် (၁၀၀) မဲပေါက်တယ်ဆို အဲဒီနံပါတ် ကွန်ပျူတာ ထဲမှာ ထည့်ထား ပြီးသား မောင်ဖြူ ၀န်ထမ်း ဆိုလည်း ၀န်ထမ်း ဘယ်ဌာန မှတ်ပုံတင်နံပါတ် စသည်ဖြင့်ပေါ့။

အဲဒီစနစ်ကို ကျင့်သုံးမှာပါ။
လုံးဝ ရှင်းရှင်းလင်းအောင်လို့ နည်းမျိုးစုံ စဉ်းစားပြီးမှ ဒီနည်းကို ကျင့်သုံးဖို့ (တိုင်းဒေသကြီး အစိုးရအဖွဲ့) ထံတင်ပြ ထားတယ် ဟု ကော်မတီဝင်(၂) ဦးခင်မောင်တင့် က ပြောသည်။

မဲနှိုက်မည့် အစီအစဉ်နှင့် ရောင်းချပေးမည့် အစီအစဉ်တို့အား မန္တလေး တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြ ထားပြီး မဲနှိုက် ရောင်းချမည့် ရက်ကို လက်ရှိအချိန်ထိ အတိအကျ မသိရသေးကြောင်း၊ ရက် အတိအကျ သိရပါက အများ သိရှိစေရန် ကြေညာပေး သွားမည် ဖြစ်ကြောင်း ဦးခင်မောင်တင့်က ပြောသည်။

ချမ်းမြသာစည် မြို့နယ်တွင်းရှိ မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာရှိ အဆောက်အဦပေါင်း (၅၇) လုံး၊ တိုက်ခန်းပေါင်း (၁၃၄၄) ခန်းကို မြရည်နန္ဒာ ရပ်ကွက်နှင့် အောင်သာယာ ရပ်ကွက်ရှိ ရောင်းမှား ၀ယ်မှား ဖြစ်ခဲ့သူ အရေအတွက် သုံးရာကျော်ကို ဦးစားပေး ရောင်းချပေး ခဲ့ပြီး ကျန်သည့် တိုက်ခန်း (၉၀၀) ကျော်ကို ၀ယ်ယူခွင့်ရသူ (၁၂၇၉၀ဦး)အား အောင်ဘာလေထီ မဲနှိုက်သည့် စနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Innwa Pyae Sone Residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service