ရန်ကုန်မြို့တွင်း အိမ်ငှားရမ်းခများ ဈေးနှုန်း မြင့်တက်လာ မှုကြောင့် ဆင်ခြေဖုံး မြို့နယ်များနှင့် မြို့သစ် များသို့ ပြောင်းရွှေ့လာမှု များပြား လာကြောင်း ပြည်တွင်း အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။
ပြောင်းရွှေ့လုပ်သားတွေ များလာ တာရယ်၊ သွားရလာရ လွယ်ကူလာတယ် ရယ်ကြောင့်၊ မြို့ထဲလိုနေရာမျိုးမှာ ဈေးကောင်း ငှားနေမယ့်အတူတူ ဆင်ခြေဖုံးမြို့နယ်တွေနဲ့မြို့သစ်တွေဘက်ကို ပြောင်းရွှေ့
သွားကြတာ များတယ်။
တချို့ ဆင်ခြေဖုံးမြို့နယ်တွေမှာဆို ဈေးသက်သက်သာသာနဲ့ ကိုယ်ပိုင်ခြံလေး အိမ်လေးနဲ့တောင် ငှားလို့ရတယ် ဟု ရွှေစံမြတ်အိမ်ခြံမြေအကျိုးဆောင်မှဦးမျိုးချစ်က ပြောသည်။
လူဦးရေ တိုးပွားလာခြင်း မြေနေရာ လို အပ်ချက်များပြားလာခြင်းတို့ကြောင့် ရန်ကုန် မြို့တွင်း၌ အထပ်မြင့် အဆောက်အဦများ များပြား လာပြီး အိမ်ခန်းငှားရမ်းခများလည်း တက်လာသဖြင့် ယခုကဲ့သို့ မြို့စွန်မြို့သစ် များသို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ပိုများ လာကြောင်း၊ ယခု နောက်ပိုင်းတွင် မင်္ဂလာဒုံ မြို့နယ် မြောက်ဘက် အစွန်းပိုင်းတွင် တည်ရှိသည့် ပုလဲမြို့သစ်နှင့် ပတ္တမြားမြို့သစ် တို့တွင် သိသိသာသာ ပြောင်းရွှေ့လာမှု များရှိကြောင်း သိရသည်။
ဒီကိုပြောင်းရွှေ့လာမှု၊ ငှားရမ်းလာ မှုတွေက သိသိသာသာများ လာတယ်။ အခြေချ နေထိုင်ချင်တဲ့ သူတွေက ပတ္တမြား မြို့သစ်ကို ပြောင်းလာ တယ်၊ ဈေးကစားချင်တဲ့ သူတွေ ကတော့ ပုလဲမြို့သစ်ကို ၀ယ်ရောင်းလုပ် ကြတယ်။ အရင်ထက် စာရင် ဒီမြို့သစ် နှစ်ခုလုံး စည်ကား လာတယ် ဟု ပတ္တမြား မြို့သစ်မှ အိမ်ခြံမြေ အကျိုးဆောင် မနီလာက ပြောသည်။
လက်ရှိ အစိုးရအနေဖြင့် ဆင်ခြေဖုံး မြို့နယ်များနှင့် မြို့သစ်များတွင် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရန် လမ်းသစ်များ ဖောက်လုပ်ခြင်း၊ လျှပ်စစ်မီး ရရှိရန် ဆောင်ရွက်ပေးခြင်းနှင့် တန်ဖိုးနည်းအိမ်ရာ များ၊ အငှားချအိမ်ရာများ ဆောက်လုပ်ပေး နေခြင်းကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့မှုများလာသည့်အပြင် ဈေးဝယ်စင်တာများ၊ ဘဏ်ခွဲများပါ တို့ချဲ့ဆောက် လုပ်လာကြ သဖြင့် ဆင်ခြေဖုံး မြို့နယ်နှင့် မြို့သစ်များသို့ စိတ်ဝင်းစားမှုများ လာကြောင်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ ရွှေ ပြည်သာ၊ ပုလဲနှင့် ပတ္တမြားမြို့သစ် စသည့် မြို့နယ် များသို့ ၀ယ်ယူမှုနှင့် ငှားရမ်းမှု များလာကြောင်း အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအ၀ိုင်း ထံမှ သိရသည်။
Credit: messenger