လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် လွှတ်တော်အိမ်ရာ တည်ဆောက်ရန်အဆို ရပ်ဆိုင်းခံရ

လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် လွှတ်တော်အိမ်ရာ တည်ဆောက်ရန်အဆို ရပ်ဆိုင်းခံရ - Property News in Myanmar from iMyanmarHouse.com
9 Apr 2015 1:51 pm တွင် တင်ခဲ့သည်
876 ကြိမ် ကြည့်ရှု့ပြီး
လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် လွှတ်တော်အိမ်ရာအဆောက်အအုံများကို ၂၀၁၆နှစ်ဆန်းမတိုင်မီ အပြီးတည်ဆောက်ရန် ဧပြီ ၈ ရက်က ကျင်းပသောပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်ဦးနန်းအောင်တင်မြင့်က အဆိုတင်သွင်းခဲ့ရာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်ဖြင့် ငြိစွန်းနိုင်သဖြင့် ရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် လွှတ်တ်ာကိုယ်စားလှယ်များသည် လွှတ်တော်မှ စီစဉ်ပေးသည့်နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုရာ၌ အစိုးရပိုင်ဖြစ်သည့် ပါတီနိုင်ငံရေးလုပ်ငန်းများလုပ်ရန်မသင့်ဟု အ ကြောင်းကြားလာသည့်အတွက် သီးသန့်တည်းခိုဆောင်များတည် ဆောက်နိုင်မှသာ လွှတ်တော်ကိစ္စများကို အဆင်ပြေစွာဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ကရင်ပြည် နယ်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးနန်း အောင်တင်မြင့်က အဆိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ တာဝန်အရ ခရီးသွားသည့်အချိန်တွင် နိုင်ငံတော်ကအခမဲ့တည်းခိုနိုင်ရန် စီစဉ်ပေးနိုင်ကပေး ရန်ဖြစ်သော်လည်း အစည်းအဝေး တက်ရောက်ချိန်တွင် တည်းခိုစရိတ်အတွက် သက်ဆိုင်ရာဥပဒေများအရ ခံစားခွင့်ပြုပြီးဖြစ်သည့် အတွက် သီးသန့်တည်းခိုဆောင် တည်ဆောက်ပေးရန်ကိစ္စသည် ဥပဒေပြဋ္ဌာန်းချက်တွင် ပါဝင်ခြင်းမရှိဟု သဘောရကြောင်းဘဏ္ဍာ ရေးဝန်ကြီးဦးဝင်းရှိန်က ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ပုဒ်မခွဲ(ဂ) အရ နိုင်ငံရေးပါတီအနေဖြင့် နိုင်ငံပိုင်ငွေကြေး၊အဆောက်အအုံ ယာဉ်ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေသုံးစွဲရာ ရောက်သဖြင့် ပြဋ္ဌာန်းချက်ဖြင့် ငြိစွန်းနိုင်သောကြောင့်အထက်ပါ အဆိုကို ဆက်လက်ဆွေးနွေးခြင်းမပြုဘဲ လွှတ်တော်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းဆုံးဖြတ်ခဲ့ကြသည်။

Credit: 7Day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service