ကန်ထရိုက်တိုက်များ၏ ကြံ့ခိုင် မှု လျော့နည်းကာ ပျက်စီးဆုံးရှုံးမှုများ ဖြစေ် ပ်ါလာပါက ဆောကလ် ပု သ် ည့် ကန်ထရိုက်တာများ၊ ကုမ္ပဏီများကို ကာလ စည်းကမ်းသတ်မှတ်ချက် ဥပဒေ အရ တရားမမှုအဖြစ် ပြန်လည် တရားစွဲဆိုကာ နစ်နာကြေးများ တောင်းခံနိုင်သော်လည်း သိရှိသူ နည်းပါးနေကြောင်း ဥပဒေပညာရှင် များနှင့် နေထိုင်သူများထံမှ သတင်း ရရှိသည်။
ရန်ကုန်မြို့အနှံ့ရှိ အချို့သော လူနေတိုက်ခန်းများ ရွဲ့စောင်းခြင်း၊ လှေကားများ ပျက်စီးနေခြင်း၊ အမိုး ပြားများ ပြုတ်ကျခြင်းအပြင် နံရံများ အက်ကွဲလာခြင်းကြောင့် နေထိုင်သူ များအနေဖြင့် တိုက်များ၏ ကြံ့ခိုင်မှု များအပေါ် မေးခွန်းထုတ်လာနေကြ သော်လည်း ၎င်းတိုက်များကို ဆောက် လုပ်ခဲ့သည့် ကန်ထရိုက်တာများ၊ ကုမ္ပဏီများကို ပြန်လည်တရားစွဲဆို ကာ နစ်နာကြေးတောင်းခံနိုင်သည့် အချက်ကို သိရှိသူနည်းပါးကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။ ”တရားမမှု ခေါင်းစဉ်အောက်က ကာလ စည်းကမ်းသတ် ဥပဒေထဲက နေ သုံးနှစ်အတွင်း ကိုယ့်ရဲ့နစ်နာမှု ကို ဖော်ပြပြီး တရားစွဲလို့ရပေမယ့် လုပ်တဲ့ လူတွေ နည်းပါတယ်” ဟု ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးထွန်း အေးက ပြောသည်။
တရားမမှုများဖြင့် တရားစွဲဆိုရာ တွင် ကာလစည်းကမ်း သတ်မှတ် ချက် ဥပဒေတွင် ပါရှိသည့် သီးခြား သက်သာခွင့် ပြဋ္ဌာန်းချက်များအရ ပုဒ်မ ၁၂/၂ မှ ၁၂/၂၄ အထိ အကျုံး ဝင်နိုင်သည့် ပုဒ်မများဖြင့် မိမိတို့၏ နစ်နာဆုံးရှုံးမှုများကို ဖော်ပြကာ တရားစွဲဆိုနိုင်ပြီး တရားစွဲဆိုမည့် မြေရှင်၊ အခန်းရှင်များက ရုံးခွန် တော်ကို သတ်မှတ်ချက်များအတိုင်း ပေးသွင်းကာ တရားစွဲဆိုပြီး နစ်နာ ကြေးငွေများကို တောင်းခံနိုင်ကြောင်း သိရသည်။
မြေရှင်၊ အခန်းဝယ်ယူ နေထိုင် သူများအနေဖြင့် ကန်ထရိုက်တာ များနှင့် စာချုပ်ချုပ်ဆိုခြင်း၊ အခန်း ဝယ်ယူခြင်းများ ပြုလုပ်ရာတွင် တိုက် ခန်းပိုင်ဆိုင်မှုဆိုင်ရာ အရှုပ်အရှင်း များကိုသာ ထည့်သွင်းချုပ်ဆိုမှု များပြားပြီး တိုက်ခန်းများ၏ ကြံ့ခိုင်မှု အရည်အသွေးနှင့် ပတ်သက်၍ စာချုပ်များတွင် ထည့်သွင်းချုပ်ဆိုမှု နည်းပါးကြောင်း သိရသည်။ ”စာချုပ်ထဲမှာ တိုက်ရဲ့ ကြံ့ခိုင်မှု ကိုထည့်ပြီး ချုပ်ကြတာ နည်းတယ်။ စာချုပ်ထဲမှာ မပါခဲ့ပေမယ့်လည်း တိုက်ကြံ့ခိုင်မှုကြောင့် မြေရှင်၊ အခန်း ရှင်တွေက စိတ်သောက ရောက် တယ်။ နစ်နာတယ်ဆိုရင် တရားစွဲပြီး နစ်နာကြေး တောင်းလို့ရပါတယ်” ဟု ၎င်းက ပြောသည်။
၁၉၉ဝ ပြည့်နှစ်မှ စတင်၍ ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ တွင် ကန်ထရိုက်တိုက် ဆောက်လုပ် သည့် လုပ်ငန်းများ အများအပြား ပေါ်ထွက်လာခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာကာ လူနေမှု များပြားလာနေ သည့်အတွက် မြို့လယ်ရပ်ကွက်များ တွင်သာမက မြို့ကွက်သစ်များတွင် ပါ ကန်ထရိုက်တိုက် ဆောက်လုပ်မှု များ အများအပြား ပေါ်ထွက်လာခဲ့ သလို ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သည့်ကုမ္ပဏီငယ်များလည်း အများအပြားပေါ်ထွက်လာခဲ့သည်။
”ကန်ထရိုက်တာတွေ အကုန် လုံးကို မဆိုလိုပေမယ့် အများစုက တော့ မြန်မြန်ဆောက်ပြီး မြန်မြန် အခန်းအပ်ဖို့ကိုပဲ ဦးစားပေးပြီး လုပ် ကြတာများတဲ့အပြင် ဆောက်လုပ် ရေးပစ္စည်းတွေ ဈေးမြင့်လာတဲ့ အတွက်ကြောင့် သူတို့အတွက် ကျန် အောင် အရည်အသွေးကို လျှော့ပြီး ဆောက်လာကြလို့ အခုလို မဖြစ်သင့် တာတွေ ဖြစ်လာကြတာ”ဟု အလုံ မြို့နယ်ရှိ ကန်ထရိုက်တိုက်ခန်း တစ်ခန်းတွင် နေထိုင်နေသည့် ကိုရဲ အောင်က ပြောသည်။
ကန်ထရိုက်တိုက်များကို ဝယ်ယူ သူများ၊ အကျိုးတူပူးပေါင်း ဆောက် လုပ်မည့် မြေရှင်များအနေဖြင့် မိမိ တို့နှင့် လုပ်ကိုင်မည့် ကုမ္ပဏီများ၊ ကန်ထရိုက်များ၏ နောက်ခံသမိုင်း ကြောင်း၊ နာမည်ပျက်ရှိမရှိ နှင့် သတ် မှတ် စာချုပ် စည်းကမ်းပါအတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်း ရှိမရှိကို အသေအချာလေ့လာပြီးမှသာ လုပ် ကိုင်ရန် လိုအပ်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
Cerdit: thetradetimes