အိမ်ခြံမြေ အရှုပ်အရှင်းကင်းစေရန် ရောင်းဝယ်ရာ၌ မှတ်ပုံတင်ခြင်း တစ်ပါတည်း ပြုလုပ်သင့်

အိမ်ခြံမြေ အရှုပ်အရှင်းကင်းစေရန် ရောင်းဝယ်ရာ၌ မှတ်ပုံတင်ခြင်း တစ်ပါတည်း ပြုလုပ်သင့် - Property News in Myanmar from iMyanmarHouse.com
23 Jan 2015 9:25 am တွင် တင်ခဲ့သည်
2288 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ တိုက်ခန်း ကွန်ဒိုများ ကို အရောင်းအဝယ်ပြုလုပ်ရာတွင် ဝယ်ယူသူများအနေဖြင့် အရောင်း အဝယ် အထမြောက်ကြောင်း မှတ်ပုံ တင်ခြင်းကို တစ်ပါတည်းပြုလုပ်၍ အမည်ပေါက် ရရှိရန် လုပ်ဆောင်ခြင်း ဖြင့် နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း တရား လွှတ်တော် ရှေ့နေများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

အိမ်ခြံမြေများကို အမည်ပေါက် ပြောင်းလဲမှုမရှိဘဲ မူရင်းဂရန်၊ မြေချ ပါမစ်ပါ အမည်များဖြင့် အဆင့်ဆင့် ရောင်းဝယ်ကြခြင်းကြောင့် နောက် ဆုံး လက်ဝယ်ပိုင်ဆိုင်သူအနေဖြင့် ယင်းမြေကွက်ပေါ်တွင် အဆောက် အအုံ ဆောက်လုပ်လိုသောအခါ မြေကွက်အမည်ပေါက် ပြောင်းလဲရန် မူလဂရန် အမည်ပေါက် ပိုင်ရှင် ဟောင်းများအား လိုက်လံရှာဖွေရ ကြောင်း၊ လက်မှတ်ရှောရှောရှူရှူ ထိုးပေးလိုက်သည့် မူလ မြေရှင်၊ အိမ်ရှင်များ ရှိသော်လည်း အရေ အတွက်အားဖြင့် နည်းပါးကြောင်း၊ ယခင်ပိုင်ရှင်အများစုမှာမူ ငွေကြေး ထပ်မံပေးမှသာ လက်မှတ်ထိုးပေး မည်ဟု အကျပ်ကိုင်သော ပြဿနာ များကြောင့် အိမ်ခြံမြေများကို အမည် ပေါက် ပြောင်းလဲရန် ခက်ခဲမှုများရှိနေ သည့်အတွက် ယခုကဲ့သို့ တောင်းဆို ရခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်များနှင့် လက်ရှိ နေထိုင်သူ အိမ်ရှင်များထံမှ သိရသည်။

”လွန်ခဲ့တဲ့ ၁၅ နှစ်က အိမ်ဝယ် တုန်းက ၂၇ သိန်းပေးရပြီး အဲဒီတုန်း က အမည်ပေါက် မပြောင်းရင် ဘာမှ မဖြစ်ဘူး။ လက်မှတ်ထိုးချင်ရင် လည်း အချိန်မရွေးလာလို့၊ ရောင်းတဲ့ လူရော၊ ပွဲစားတွေရော ပြောလို့ နာမည်မပြောင်းလိုက်မိဘူး။ အခု နာမည်ပြောင်းဖို့ သွားခေါ်တော့ လက် မှတ်ထိုးပေးဖို့ ရှောင်နေသလို သိန်း ၄ဝ ထပ်ပြီးပေးမှ လုပ်ပေးမယ်ဆိုလို့ ခက်နေတယ်”ဟု ဒဂုံမြို့သစ်အရှေ့ ပိုင်း (၁၃) ရပ်ကွက်မှ အိမ်ရှင်တစ်ဦး က ပြောသည်။

အိမ်ခြံမြေ ဈေးနှုန်းများ အဆ မတန်မြင့်တက်လာနေခြင်း၊ အဆင့် ဆင့် လက်လွှဲလက်ပြောင်း ရောင်းချ ခြင်းတို့ကြောင့် မူလပိုင်ရှင်ရှာရခက် သည့် ပြဿနာများအပြင် ခေတ် အလိုက် ပြောင်းလဲလာသည့် ဈေး နှုန်းများကြောင့် ယခုကဲ့သို့ အလိုက် ငွေတောင်းခံမှုများ၊ မူလ ရောင်းချခဲ့ သူများ၏ လက်မှတ်ရေးထိုးပေးရန် ငြင်းဆန်မှုများကို ကြုံတွေ့လာရ ခြင်းဖြစ်သည်။

”ပွဲစားတွေနဲ့ မြေဝယ်ထားတဲ့ သူတွေပါ မူလနာမည်ပေါက် ပိုင်တဲ့ လူဆီကို အိမ်လိုက်ပြီး လက်မှတ် ထိုးခိုင်းတာ ဘယ်ရွေ့ဘယ်မျှပေးမှ လုပ်ပေးမယ်ဆိုပြီး ဖြစ်နေကြတယ်။ သူတို့ရောင်းခဲ့တုန်းက ဈေးနဲ့ အခု ပေါက်ဈေး ကွာလာတော့ ငွေထပ် တောင်းတဲ့ သဘောပါ။ ဖြစ်နိုင်ရင် တော့ တစ်ခါတည်း အရောင်းအဝယ် လုပ်ပြီးရင် နာမည်ပြောင်းဖို့ သင့် တယ်။ အခုနောက်ပိုင်း ဝယ်သူတွေ က တစ်ခါတည်း နာမည်ပြောင်းတဲ့ အထိပါ ရှေ့နေတွေနဲ့ လုပ်လာနေပါ ပြီ”ဟု ရွှေမာလာ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဒေါ်မာလာက ပြောသည်။

အိမ်ခြံမြေဝယ်ယူသူများအနေ ဖြင့် မိမိဝယ်ယူမည့် တိုက်ခန်း အိမ်ရာများ ဝယ်ယူရာတွင် သင့်ငွေ ကို အကျေချေခြင်းမပြုမီ ယင်းတိုက် ခန်း၊ အိမ်ခန်း၊ မြေကွက်နှင့်ပတ်သက် ၍ ပိုင်ဆိုင်မှုအရှုပ်အရှင်း တစ်စုံ တစ်ရာရှိပါက သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ကန့်ကွက်နိုင် ကြောင်း၊ ကန့်ကွက်ရန် မရှိပါက အရောင်းအဝယ် ဆက်လက်လုပ် မည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်း စာများတွင် ကြော်ငြာရန် လိုအပ် သည့်အပြင် မြေရာဇဝင်၊ မြေပိုင်ဆိုင်မှု အထောက်အထားများကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၌ သွားရောက်စစ်ဆေးရန် မဖြစ်မနေ လိုအပ်သည်။

”ငွေချေတော့မယ်၊ အရှုပ် အရှင်းကင်းတယ်ဆိုရင် ရောင်းသူကို မြေပုံ၊ မြေရာဇဝင်ကူးခိုင်းရမယ်။ ပြီးရင် မှတ်ပုံတင်ချုပ်၊ တံဆိပ်ခေါင်း ကပ်၊ အခွန်ဆောင်ပြီးရင် အမည် ပြောင်းလို့ အိုကေသွားပြီ။ အဲဒါဆို နောက်ဆက်တွဲပြဿနာ ကင်းသွား ပေမယ့် လူတွေက အရောင်းအဝယ် လုပ်ပြီးသွားလို့ရှိရင် အခွန်ဆောင်ရ မှာစိုးတာကြောင့် နာမည်မပြောင်း ကြတော့ နောက်ဆက်တွဲ ပြဿနာ တွေ အများကြီးဖြစ်လာတယ်။ ဒီလို ပြဿနာတွေကို အများကြီး လိုက်ရှင်း ခဲ့ရတယ်”ဟု ရှေ့နေလုပ်သက် ၃၅ နှစ်ရှိ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးထွန်းအေးက ပြောသည်။

Credit: thetradetimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service