အိမ်တွင်းမှာ ဘွန်ဇိုင်းပင်လေးတစ်ပင်ရှိတာဟာ သက်ရှိလူပုလေးတစ်ယောက် ရှိနေသလိုပါပဲ။ စိမ်းစိမ်းစိုစိုနဲ့ ဒီအပင်ပုပုလေးဟာ ကြည့်တဲ့လူတွေကို ပျော်ရွှင်ကြည်နူးစေတာ အမှန်ပါပဲ။ ဒါကြောင့် ခေတ်သစ်လူနေမှုအိမ်ခန်းတွေမှာ ဘွန်ဇိုင်းပင်လေးတွေ နေရာယူလာကြတာဖြစ်ပါတယ်။
ဘွန်ဆိုင်းပင်လေးတွေရဲ့ မူလအစဟာ လူတွေဖန်တီးရာက ဖြစ်လာတာမဟုတ်ပါဘူး။တောနက်တွေထဲက နေရောင်နဲ့ မြေသားလုံလုံလောက်လောက်မရတဲ့နေရာတွေမှာ ပေါက်ရာကနေ မူလအပင်ကြီးတွေ ပုံစံအတိုင်း သေးသေးလေးတွေ ဖြစ်သွားတာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်တုန်းက ဂျပန်လူမျိုးတွေက တောထဲကနေ ဒီလိုအပင်လေးတွေ ကောက်ယူရရှိခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီအပင်လေးတွေ စိုက်ပျိုးတာဟာ ဂျပန်တွေရဲ့ယဉ်ကျေးမှုတစ်ခု ဖြစ်လာပါတယ်။ ဒီဘွန်ဇိုင်းစိုက်ပျိုးမှုကို ဂျပန်တွေကပဲ အဆင့်ဆင့်တိုးတက်အောင် ပြုလုပ်ခဲ့ကြပါတယ်။
အစောပိုင်း အီဂျစ်နဲ့တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုသမိုင်းထဲမှာလည်း ဒီဘွန်ဇိုင်းပင်တွေကို တွေ့ကြရတယ်လို့ ဆိုပါတယ်။ ဘွန်ဇိုင်း ဆိုတာ တရုတ်စကား pen zai ကလာတာပါ။ အဓိပ္ပါယ်က လင်ဗန်းပင်ဖြစ်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)