မြို့ပြဖွံ့ဖြိုးရေးအတွက်အထောက်အကူဖြစ်စေရန် ရေးဆွဲလျက်ရှိသည့်Zoning Law (ဇုန်အလိုက်မြေ အသုံး ချမှု ဥပဒေ) ကို အခြားဌာနများက ရေးဆွဲနေသည့် အဆောက်အအုံ ဆိုင်ရာ ဥပဒေများနှင့် ပူးပေါင်း လုပ်ဆောင်နိုင်ရန် လိုအပ်ပြီး ယင်း ဥပဒေကိုလည်း ပြန်လည်ညှိနှိုင်း ရေးဆွဲနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရ သည်။
”ZoningLawကို ပြန်ပြီးတော့adjust ပြန်လုပ်ရဦးမယ်။ ဆောက် လုပ်ရေးဝန်ကြီးဌာနဘက်က ဆွဲနေ တဲ့ Building code တွေနဲ့လည်း ချိတ်ဆက်ပြီး လုပ်ရမယ်။ လောလော ဆယ်အနေအထားကတော့ဒီLawကိုဆက်လုပ်ရမှာဖြစ်ပြီး မြို့ပြဖွံ့ဖြိုး ရေးအတွက် အထောက်အကူဖြစ် တယ် ဆိုပေမယ့် ကျွန်တော်တို့YCDCတစ်ခုတည်းနဲ့တော့ အောင် မြင်အောင် လုပ်ဖို့ ခက်တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။
နိုင်ငံတကာစီးပွားရေးလုပ်ငန်း များ ပြည်တွင်းတွင် လာရောက် လုပ်ကိုင်မှုများပြားလာသည်နှင့် အမျှ ဆောက်လုပ်ရေးကဏ္ဍတွင်လည်း အများအပြား ရင်းနှီးလုပ်ကိုင်လာ ကြသဖြင့် ရန်ကုန်မြို့ပြ အမွေအနှစ် နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန် အတွက် ၂ဝ၁၂ ခုနှစ်၊ စက်တင် ဘာလမှ စတင်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြား ချက်အရ မြို့တော်စည်ပင်သာယာ အနေဖြင့် မြို့ပြပညာရှင်များ ပါဝင် သည့် ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်းကာ ဥပဒေများ စတင်ရေးဆွဲခဲ့၍ ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ အများ ပြည်သူသို့ Zoning Law နှင့် ပတ် သက်၍ တင်ပြခဲ့သည်။
Zoning plan ကတော့ နိုင်ငံ တကာမှာလည်း ရှိပါတယ်။ စက်မှု တော်လှန်ရေး ဆင်နွှဲခဲ့တဲ့ အင်္ဂလန် မှာဆိုလည်း စက်ရုံ၊အလုပ်ရုံတွေအများကြီး ပေါ်လာကြတယ်။ မြန်မာ ပြည်မှာလည်း ထို့အတူပဲ။ ပြဿနာ က စက်ရုံ၊ အလုပ်ရုံနဲ့ လူနေရပ်ကွက် တွေကို ခွဲခြားပစ်ရမယ်။ Zoning ရဲ့ ရည်ရွယ်ချက်ကတော့ စီးပွားရေး လုပ်ငန်းတွေ၊ လူနေရ
န်တို့ဖြစ်ပါသည်။
Credit : Thetradetimes