စီမံကိန်းဧရိယာ၏ ထက်ဝက်ခန့်ကို လျော်ကြေးပေးအပ်ပြီးနောက် တံတားဦးဟိုတယ်ဇုန် စီမံကိန်းစတင်

စီမံကိန်းဧရိယာ၏ ထက်ဝက်ခန့်ကို လျော်ကြေးပေးအပ်ပြီးနောက် တံတားဦးဟိုတယ်ဇုန် စီမံကိန်းစတင် - Property News in Myanmar from iMyanmarHouse.com
11 Jan 2015 12:28 pm တွင် တင်ခဲ့သည်
971 ကြိမ် ကြည့်ရှု့ပြီး
စီမံကိန်းအတွင်းပါဝင် မည့် မြေဧရိယာ၏ ထက်ဝက်ခန့် ကို လျော်ကြေးငွေပေးအပ်ပြီး နောက်တံတားဦးဟိုတယ်ဇုန်စီမံကိန်းကိုယခုဇန်န၀ါရီမှစတင်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

တံတားဦးဟိုတယ်ဇုန် စီမံ ကိန်းကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ရှိ မြေဧက ၅၄၈၈ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ဒေသခံတောင်သူများ နှင့် မြေယာလျော်ကြေးညှိနှိုင်း ပြေလည်ကာ မြေဧက၂၀၀၀ ကျော်အတွက် လျော်ကြေးငွေများ ပေးအပ်ပြီးနောက်စတင်အ ကောင်အထည်ဖော်ခြင်း ဖြစ် ကြောင်း စီမံကိန်းအကောင် အထည်ဖော်မည့် မြန်မာ့ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးမှုအများပိုင်ကုမ္ပဏီ မှ ဦးမြင့်အောင်က ပြောသည်။

‘‘ကျွန်တော်တို့ အစီအစဉ် စတင်အကောင်အထည်ဖော်ပါ ပြီ။ ပထမအဆင့်အစီအစဉ်ကြမ်း အနေနဲ့ လမ်းအူကြောင်းဆွဲတာ တို့၊ မြေညှိတာတို့ စလုပ်တာပါ။

ဒါကို ဖေဖော်ဝါရီအပြီး ဆောင်ရွက်ပြီးမှ တခြား Planတွေဆက် လုပ်မှာပါ’’ဟု မြန်မာနိုင်ငံဟို တယ်လုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးမြင့်အောင်ကပြောသည်။

တံတားဦးဟိုတယ်ဇုန်တည် ဆောက်မည့်နေရာသည် နေရာ အချက်အချာကျပြီး စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက နိုင်ငံခြားသားခရီးသွားများ လေကြောင်း၊ ရေ ကြောင်းများမှ အလွယ်တကူလာ ရောက်နိုင်မည်ဖြစ်ကြောင်း ဟို တယ်ခရီးဝန်ကြီးက စီမံကိန်းဖွင့် ပွဲတွင် ပြောသည်။

တံတားဦးဟိုတယ်ဇုန်စီမံ ကိန်းတွင် ဟိုတယ်ဇုန်များ၊ စက်မှုဇုန်များ၊ ဈေးများ၊ မြို့ကွက်သစ် များစသည့်တို့ ပါဝင်တည် ဆောက်မည်ဖြစ်ပြီး စီမံကိန်း ဧရိ ယာတွင် တံတားဦးမြို့နယ်အ တွင်းမှ ကတိုးဆိပ်ရွာ၊ ခေါင်းကွဲ ရွာ၊ လက်ဆောင်ယူရွာ၊ ကျီးပင် ရွာ၊ ငါးရာပြားရွာစသည့် ဧရာဝ တီမြစ်ရေ၀င် ကျေးရွာများမှ မြေယာများပါဝင်သည်။ မြေယာ လျော်ကြေးငွေအတွက် စီမံကိန်းအကောင်အထည်ဖော်မည့် ကုမ္ပဏီက ကနဦးတွင် မြေတစ် ဧကလျှင်ကျပ်သိန်း ၅၀ သာ လျော် ကြေးပေးခဲ့ရာမှ ယခုအခါ မြေ တစ်ဧကကျပ်သိန်း ၁၀၀ နှင့် မြေ သုံးဧကအပ်သူတိုင်းကို စီမံကိန်း ဧရိယာအတွင်း ပေ ၄၀×၆၀ မြေ တစ်ကွက်ပေးအပ်ခဲ့သည်ဟု ဆိုသည်။

ကုမ္ပဏီက သင့်တင့်သည့် မြေယာလျော်ကြေးပေးအပ်ခဲ့ သည့်အတွက် တောင်သူများနှင့် မြေယာပြဿနာများ အကြီးအ ကျယ်မဖြစ်ပွားခဲ့ဘဲ စီမံကိန်းလုပ် ငန်းများ စတင်နိုင်ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံတောင်သူအချို့ က ပြောသည်။ သို့သော် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် တောင်သူထက်ဝက်ခန့်က ၎င်းတို့ ၏ မြေယာများကို ကုမ္ပဏီထံ မရောင်းချသေးဘဲ ရှိနေသည်။ တောင်သူအချို့က လုပ်စား ကိုင် စားမြေ မရှိတော့မည်ကို စိုးရိမ်နေ ကြပြီး အချို့က လျော်ကြေးငွေ ယခုထက်ပိုမိုရရှိလိုနေသည်ဟု ဆိုသည်။

‘‘ကိုယ့်ရှေ့က မြေကွက်အပ် ခဲ့တဲ့သူတွေ ဘာမှအဖတ်မတင် ဘူး။ အဲဒီတော့ ကျန်တဲ့တောင်သူ တွေက မြေအပ်ဖို့ စိုးရိမ်တယ်။ အခုမြေမရှိတော့ တောင်သူတချို့ ကြုံရာကျပန်းလုပ်စားနေရတယ်။ တောင်သူတွေက ပိုင်တဲ့မြေအ ကုန်မအပ်ဘဲ တစ်ဝက်လောက်ပဲ အပ်ပြီး လုပ်စားဖို့ ချန်ထားကြ တယ်။ ကုမ္ပဏီမအပ်ဘဲ အပြင် ၀ယ်လက်ရောင်းရင် ဒီထက်ဈေး ပိုရတယ်’’ ဟု စီမံကိန်းဧရိယာအ တွင်း ပါဝင်နေသည့် သူငယ် တော်ရွာနေ တောင်သူတစ်ဦးက ပြောသည်။

တံတားဦးဟိုတယ်ဇုန် စီမံ ကိန်းကြောင့် မြေယာဈေးများ ဆက်တိုက်မြင့်တက်ခဲ့ရာစီမံကိန်းဧရိယာအတွင်းပါဝင်သော မြေကွက်များအတွက် ပြင်ပပေါက် ဈေးတစ်ဧကလျှင်ကျပ်သိန်း ၂၂၀ ၀န်းကျင်ဈေးရှိပြီး စီမံကိန်းနှင့် ဆက်စပ်နေသော မြေကွက်များ မှာ ကျပ်သိန်း ၄၀၀ ကျော်အထိ ဈေးပေါက်နေသည်ဟု ဒေသခံ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်များ လာရောက်မှုမြင့် ချိန်တွင် ဟိုတယ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် တံတားဦးဟိုတယ်ဇုန်စီမံကိန်းကို တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ပြီး မြန်မာခရီးသွား လုပ်ငန်းဖွံ့ဖြိုးမှု အများပိုင် ကုမ္ပဏီက တည်ဆောက်ခြင်းဖြစ် သည်။ အများပိုင်ကုမ္ပဏီက ကျပ်တစ်သောင်းတန် အစုရှယ်ယာများ ရောင်းချနေပြီး လူတစ်ဦးလျှင် အများဆုံးကျပ်သိန်းနှစ် သောင်းဖိုးအထိ ၀ယ်ယူခွင့်ရှိ သည်။ လက်ရှိတွင် အစုရှယ်ယာ ကျပ်ဘီလီယံ ၃၀ ကျော် ရောင်းချထားပြီးဖြစ်သည်ဟု ဦးမြင့်အောင် က ပြောသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service