ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် မြေကွက်လွတ်များပေါ်တွင်တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆက်လက် ဖော်ထုတ်ပေးသွားမည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် မြေကွက်လွတ်များပေါ်တွင်တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆက်လက် ဖော်ထုတ်ပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
21 Dec 2014 1:59 pm တွင် တင်ခဲ့သည်
1580 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံခန့်ခွဲမှုအောက်တွင် ရှိနေသည့် မြေကွက်လွတ်များပေါ်၌တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကိုဆက်လက် ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။

”ကျွန်တော်တို့အစိုးရက စီမံခန့်ခွဲခွင့် ရှိတဲ့ မြေတွေရှိတယ်။ အဲဒီမြေတွေ အပေါ်မှာ တန်ဖိုးနည်းအိမ် ရာဆောက်ဖို့ တင်ဒါခေါ်ပြီး ဆောက်ခိုင်းမယ်။ပြီးရင် ပြည်သူတွေကိုမဲဖောက်ရောင်းပေးပါမယ်။ ရေရှည်စနစ်နဲ့ ရောင်းဖို့ကျတော့ ဘဏ်တွေက အဲဒီအချိန်လောက်အထိရင်းထားဖို့ခက်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်အဲဒီလောက်အထိတောင့်ခံနိုင်မှဖြစ်မယ်။ အခန်းက အများကြီးထွက်မှာ”ဟု ၎င်းက ပြောသည်။

အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု လက်အောက်တွင်ရှိသော မြေများ အများဆုံး ပါဝင်နေသည့် ဒဂုံမြို့သစ် မြို့နယ်များ အတွင်း ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာရေးနှစ်၌တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကိုဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး ဆောက်လုပ်မည့် မြေဧရိယာကိုမူလတ်တလော၌စိစစ်ဆဲ ဖြစ်သည့်အတွက်အတိအကျမပြောနိုင်သေးကြောင်း သိရသည်။

ယင်းမြေများပေါ်တွင် တန်ဖိုးမျှတ အိမ်ရာများအား အကောင်အထည်ဖော်လုပ်ကိုင်လိုသည့် ပြည်တွင်း ပြည်ပ ဆောက်လုပ်ရေးကုမ္ပဏီကြီးများအနေဖြင့်အစိုးရအဖွဲ့သို့တင်ဒါပေးသွင်းကာ လုပ်ကိုင်ခွင့် လျှောက်ထားရမည် ဖြစ်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်သည့်ကုမ္ပဏီများကို ရွေးချယ်ဆောက်လုပ်ခွင့် ပေး သွားမည်ဖြစ်သည်။

”တင်ဒါအတွက်သတင်းစာထဲမှာခေါ်ပြီးခိုင်ခံ့မှုလည်း ကောင်းရမှာ ဖြစ်သလို ဈေးနှုန်းကလည်း အနည်းဆုံးဖြစ်တဲ့ လူကို ရွေးမယ်။အခုရောင်းနေတဲ့ ရွှေလင်ပန်းအိမ်ရာဈေးနှုန်းနဲ့တူရင်တူ၊ကျရင်ကျရှိနိုင်တယ်။ ဈေးနည်းနည်းနဲ့ ရောင်းနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချပေးနေသည့် လှိုင်သာယာမြို့နယ်အတွင်းရှိ ရွှေလင်ပန်း တန်ဖိုးမျှတအိမ်ရာစီမံကိန်းရှိတိုက်ခန်းများ၏ ဈေးနှုန်းမှာတစ်ခန်းလျှင် ပျမ်းမျှ ကျပ်သိန်း ၁၂ဝ ဝန်းကျင် သတ်မှတ်ကာ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးနေသော်လည်း တိုက်ခန်းလျှောက်ထားသူဦးရေ၆ဝ,ဝဝဝဝန်းကျင်ခန့်ရှိသော်လည်းအမှန်တကယ်ရောင်းချနိုင်သည့် အခန်းမှာ ၂၅ဝ ခန့်သာရှိနေသည့်အတွက် အခန်းလိုအပ်ချက် မြင့်မားစွာ ရှိနေဆဲဖြစ်သည်။

”အစိုးရပိုင်တဲ့ မြေတွေ အများကြီးရှိပေမယ့် အဲဒီအထဲမှာ ဝန်ကြီးဌာနပိုင်မြေတွေလည်း အများကြီး ရှိတယ်။ အဲဒီမြေတွေကိုသွားထိလို့မရဘူး။တိုက်ခန်းက ထောင်ချီထွက်ဖို့ရှိတယ်”ဟု ဦးကျော်စိုးက ဆက်လက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တန်ဖိုးမျှတ တိုက်ခန်းဝယ်ယူရန် လျှောက်ထားသူ အများ အပြားရှိနေရာ လတ်တလောတွင်တိုက်ခန်းမဲပေါက်မှုမရှိသေးသည့်လျှောက်လွှာများကိုစဉ်ဆက်မပြတ်မဲနှိုက်ရောင်းချပေးသွားမည့်အပြင်တိုက်ခန်းဝယ်ယူ ရရှိပြီးဖြစ်ပါကလည်း နောက်တစ်ကြိမ်တွင် တန်ဖိုးမျှတ တိုက်ခန်းများကို ထပ်မံဝယ်ခွင့်မပြုသည့် စနစ်ဖြင့် အသေအချာစိစစ်လုပ်ကိုင်နေကြောင်း သိရသည်။

”ရွှေလင်ပန်းတိုက်ခန်းဝယ်ခွင့်ရမယ်ဆိုလို့ လျှောက်လွှာတင်ခဲ့တာ။ နောက်တော့ နှစ် ၂ဝ ကျော် ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကိုဦးစားပေးပြီး ရောင်းခဲ့တယ်လို့သိခဲ့ရတယ်။အခုရောင်းနေတဲ့ လေးနှစ်အရစ်ကျစနစ်ကနေ၁ဝ နှစ်လောက်အထိ ပေးသွင်းတဲ့စနစ်နဲ့ဆိုရင်လူတော်တော်များများ ဝယ်ဖို့အဆင် ပြေနိုင်တယ်”ဟုတိုက်ခန်းလျှောက်လွှာတင်သွင်းထားသူ တစ်ဦးဖြစ်သည့် ကုမ္ပဏီဝန်ထမ်း ဦးထွန်းထွန်း သိန်းက ပြောသည်။

ယခင်ကဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်အတွင်း၌တည်ဆောက်ခဲ့သည့် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းကို အခန်းပုံစံလေးမျိုးဖြင့်ရောင်းချခဲ့ပြီး အနည်းဆုံး ကျပ် ၂၃၇ သိန်းမှအများဆုံးကျပ်၃၄၇သိန်းအထိ ဈေးနှုန်းများဖြင့် ရောင်းချခဲ့သည့်အတွက် အများပြည်သူများအကြားတွင် တန်ဖိုးမျှတ အိမ်ရာစီမံ ကိန်းများနှင့် ပတ်သက်၍ ဝေဖန်မှုများဖြစ်ပေါ်ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်အတွင်း၌လည်း တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများနှင့်ပတ်သက်၍လွှတ်တော်ကိုယ်စားလှယ်များကအဆိုတင်သွင်းမေးမြန်းခြင်း၊ ဝေဖန်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

”အခု ရောင်းနေတဲ့ နှုန်းတွေထက်ထက်ဝက်လောက် လျှော့ရောင်းနိုင်မှ အဆင်ပြေလိမ့်မယ်။ အစိုးရအဖွဲ့က လုပ်နေတာ ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်နေတယ်”ဟုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

အကယ်၍ယခုဆောက်လုပ်ပေးမည့်တန်ဖိုးမျှတအိမ်ရာများသည်ရန်ကုန်မြို့ပြနေလူထုအတွက်အမှန်တကယ် ဖြည့်စွမ်းပေးနိုင်လျှင်အိမ်ခန်းငှားရမ်းမှု နှုန်းထားများကျဆင်းလာနိုင်ကြောင်းအိမ်ခြံမြေအရေး လေ့လာသူများကသုံးသပ်ပြောဆိုကြသည်။


Credit : Thetradetimesmedia

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service