ပိုင်ရှင်ရှိသည် လိမ်လည်မရောင်းပါနှင့်

ပိုင်ရှင်ရှိသည် လိမ်လည်မရောင်းပါနှင့် - Property News in Myanmar from iMyanmarHouse.com
5 Nov 2014 11:52 am တွင် တင်ခဲ့သည်
1953 ကြိမ် ကြည့်ရှု့ပြီး
ပိုင်ရှင်ရှိပြီးသား လယ်မြေတွေကို ပြေစာတွေနဲ့ ပြောင်ပြောင်တင်းတင်း လိမ်လည်ရောင်းချတာတွေ ပိုများလာတယ်လို့ သိရပါတယ်။

စာရွတ်စာတမ်း နားမလည်တဲ့သူတွေကို လိမ်လည်ရောင်းချတာပါ။ ၀ယ်သူတွေကလည်း ဈေးပေါတယ်ဆိုပြီး သေချာမစုံစမ်းပဲဝယ်ပြီးခါမှ ငွေကုန်လူပမ်းဖြစ်ရတယ်။ တရားရုံးအထိ ဖြေရှင်းရတာတွေ ရှိတယ်လို့ သိရပါတယ်။

ဒဂုံမြို့သစ်တွေနဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ အခုလိုမျိုး မြေကွက်လိမ်လည် ရောင်းချတာတွေများလာတယ်။ ဒဂုံမြို့သစ်တွေမှာတော့ တချို့က မိသားစုလိုက် လိမ်လည်ရောင်းချတာတွေ ရှိတယ်လို့ သိရပါတယ်။

“နယ်မြေခံလယ်သမား တချို့က ပြောင်ပြောင်တင်းတင်းနဲ့ကို လိမ်ရောင်းလာကြတယ်၊ ရပ်ကွက်ရုံးတွေကတောင် ပြောလို့မရဘူး၊ ၀ယ်မိသူတွေက အခုဆို တရားရုံးမှာတောင် အမှုဖွင့်ပြီး ဖြေရှင်းရတယ်၊ လိမ်ရောင်းသူတွေက ရောင်းရတဲ့ငွေနဲ့ အမှုရင်ဆိုင်နိုင်ပေမယ့် ၀ယ်ထားမိသူတွေက ငွေလဲကုန် စိတ်လည်းပင်ပမ်းကြတာပေါ့” လို့ ဒဂုံသီးသန့် အကျိုးဆောင် မကေသီက ပြောပါတယ်။

လိမ်လည်ရောင်းချတာတွေက ပိုင်ရှင်ရှိပြီးသား အကွက်တွေကို လက်ညှိုးထိုး ရောင်းကြတာတွေ ရှိသလို၊ အကွက်တွေကို လည်းပြေစာပြပြီး ရောင်းစားကြတာတွေ ရှိပါတယ်။ လယ်မြေတွေကို နေထိုင်ခွင့်ပြုပြီး
နောက်မှာ အခုလိုလိမ်လည်မှုတွေ ပိုများလာတာလို့ အကျိုးဆောင်တချို့က ဆိုပါတယ်။

“အဲ့ဒီလို လက်ညှိုးထိုးရောင်းချတာတွေ များလာတော့ တကယ့်ပိုင်ရှင် အစစ်တွေရော ၀ယ်မိသူတွေပါ နစ်နာရတယ်၊ အခုဆိုရင် အကွက်ပြီးရင် ပိုင်ရှင်တွေက ခြံခတ်ပြီး ရောင်းမယ့်သူဆိုရင် ဆက်သွယ်ဖို့ လိပ်စာရေးထားတယ်၊ မရောင်းတဲ့သူတွေက ပိုင်ရှင်ရှိသည်၊ မရောင်းပါဆိုတာတွေကို ချိတ်ဆွဲလာကြတယ်”လို့ ဒဂုံအရှေ့ ပိုင်းရှိ အကျိုးဆောင်ဒေါ် သီတာက ပြောပါတယ်။

Credit : The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service