လယ်မြေ ၀ယ်ရောင်း ပိုင်ဆိုင်မှုမစစ်လို့ ပြဿနာတွေ ကြုံနေရ

လယ်မြေ ၀ယ်ရောင်း ပိုင်ဆိုင်မှုမစစ်လို့ ပြဿနာတွေ ကြုံနေရ - Property News in Myanmar from iMyanmarHouse.com
22 Oct 2014 10:56 am တွင် တင်ခဲ့သည်
1123 ကြိမ် ကြည့်ရှု့ပြီး
အကွက်ရိုက်ရောင်းချတဲ့ လယ်မြေ ကွက်တွေကို ပိုင်ဆိုင်မှုမစစ်ဆေးပဲ တန်ဖိုးသက်သာတယ်ဆိုပြီး ၀ယ်ပြီးမှ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ မြေကွက် တွေ မဟုတ်တာကို သိရကြောင်း ကိုယ်တိုင်ဝယ်ယူထားသူ တချို့ ဆီကသိရပါတယ်။

ရွှေပြည်သာမြို့နယ်အတွင်းရှိ သမင်တက်ကွင်း၊တံတားကြီးကွင်း၊သာဓုကွင်း၊ လှော်ကားကွင်း၊ သံဒင်း အစရှိတဲ့ နေရာတွေမှာ အစိုးရပိုင်မြေကွက်တွေကို တောင်သူပိုင် ပိုလျှံပလပ်မြေဆိုပြီး ရောင်းချ ကြတာလို့သိရတယ်။ သိမ်းဆည်းမြေတွေ ဖြစ်တာကြောင့် လယ်အမည်ပေါက်တွေကို လယ်ယာလုပ်ပိုင်ခွင့် ပြန်လည်မရရှိသေးတဲ့ မြေတွေဖြစ်ကာ လယ်ပွဲစားတစ်ချို့က ဧကအလိုက်ဝယ်ယူပြီး တရားဝင်မဟုတ်တဲ့ မြေပုံတွေမှာ အကွက်တွေ ခွဲပြီး အခိုင်အမာပုံစံမျိုးနဲ့ ရောင်းချနေကြတာလို့ သိရပါတယ်။

“၂၀၁၃ ခုနှစ်နှစ်လယ်ပိုင်း ဇူလိုင်လ၀န်းကျင်က လယ်ပွဲစားဆီကနေ တစ်ဆင့်ဝယ်ခဲ့တာ၊ ဈေးကလည်းသက်သာတယ်ဆိုပြီး စာရွက်စာတမ်းတောင်းကြည့်တော့ မြေခွန်စာရွက်ရယ်၊ အိမ်ထောင်စုစာရင်း စာရွက်တွေပြတယ်၊ ကိုယ်ကလည်း ယုံပြီးဝယ်ခဲ့တာ၊ အခုသေချာစုံစမ်းကြည့်တော့မှ တရားဝင်ချပေးထားတဲ့ အကွက်တွေမဟုတ်ဘူး၊ စာချုပ်ချုပ်တော့လည်း ကို့ရဲ့အားနည်းချက်လည်း ပါပါတယ်၊ တစ်ခါမှ ကိုမသိတဲ့ နာမည်နဲ့လူက လက်မှတ်ထိုးပေးတာ” လို့ ရွှေပြည်သာမြို့နယ်ရှိ အကွက်ရိုက်မြေကို သိန်း၁၀၀ဖိုး ၀ယ်ခဲ့တဲ့ ဒေါ်ခင်ခင် (အမည်လွှဲ)က သူကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်၊

ဆွဲဆောင်နည်းက

လယ်မြေ တွေကို ရောင်းချစဉ်က တညင်းကုန်းလမ်းဆုံမှ ရွှေပြည်သာမြို့နယ်ကို ဖြတ်ပြီးမှော်ဘီတိုင်အောင် လမ်းဖောက်မယ်၊ ဓာတ်တိုင်တွေစိုက်တော့မှာ၊ နေပြည်တော်ကို လူလွှတ်ပြီး ပိုင်ဆိုင်ခွင့်ရဖို့ ငွေပေးပြီး အချိန် နှစ်လ၊သုံးလ အတွင်းကျမယ်ဆိုပြီး ဆွဲဆောင်ကြသလို လယ်မြေအတွက် ပြဿနာပေါ်ပေါက်လာပါက ငွေပြန်လျော်ပေးနိုင်တယ်။ရပ်ကွက်တာဝန်ရှိသူတွေ၊ တာဝန်ခံတွေကလည်း သိရှိအသိအမှတ်ပြုထားတယ်လို့ ၀ယ်ယူသူတွေကို အတိအကျပြောဆိုပြီး ရောင်းချထားတာလို့ သိရပါတယ်။

ဌာနကချပေးထားတဲ့ အကွက်တွေလိုမျိုး တရားဝင်မဟုတ်ပဲ မြေပုံတွေနဲ့ အကွက်တွေဆွဲပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ ပြသတယ်၊အကွက်ဆွဲ ထားတာက ပေ၂၀x ပေ ၆၀၊ပေ၂၀x ပေ၈၀၊ပေ၂၀x ပေ၁၅၀၊ ပေ၂၀x ပေ၁၀၀ စတဲ့နံပါတ်တွေတပ်၊တိုင်းတာပြီး ရောင်းချတာလို့ ဆိုတယ်။ မြေတစ်ကွက်ကို သိန်း ၂၀၊၂၅ သိန်း၊ သိန်း၃၀ စသည်ဖြင့် ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချတာဖြစ်ပါတယ်။

“လူသိရှင်ကြားရောင်းချနေတာ ၊ ဒါကြောင့်လည်း တရားဝင်ရောင်းချတာလို့ ထင်မိတာ၊ သေချာမသိတော့ တကယ်ထင်ပြီး၊ ယုံကြည်မှု့နဲ့ဝယ်ခဲ့တာ၊ ၀ယ်ယူစဉ်မှာ လဲရပ်ကွက်တာဝန်ရှိသူတွေက တစ်စုံတစ်ရာ သတိပေးတားမြစ်တာမျိုး မရှိဖူး၊ ၀ယ်ပြီး လေးလ၊ငါးလအကြာမှာ သက်ဆိုင်ရာဌာနကနေ မကျူးကျော်ရဆိုပြီး ခြံခတ်သွားတယ်၊ ရှိစုမဲ့စု ၀ယ်ထားကြတာဆိုတော့ သက်ဆိုင်ရာဌာနတွေအထိ တိုင်ကြားထားတယ်” လို့ မြေကွက်ဝယ်ယူမိသူ ဒေါ်ရီရီ (အမည်လွှဲ)ကပြောပါတယ်။

ထပ်မံလိမ်လည်

လယ်ယာလုပ်ပိုင်ခွင့် မကျသေးတဲ့ မြေတွေကိုရောင်းချတယ်။ လုပ်ပိုင်ခွင့်မကျသေးတဲ့ မြေမှန်းသိရှိတဲ့ သူတွေကို ၀ယ်ရောင်းလုပ်နေတဲ့ မြေပွဲစားတွေက အထူးဂရံလျှောက်ခွင့်ပေးထားတယ်။ ဌာနဆိုင်ရာတွေ အကြီးအကဲတွေရဲ့ အမည်တွေကိုသုံးပြီး ဂရန်လျှောက်ထားဖို့အတွက် မြေ၀ယ်ထားသူတွေကို အခိုင်အမာ ပုံစံနဲ့ဌာနဆိုင်ရာနာမည် တွေတပ်ပြီး စာရွက်စာတမ်းတွေပေးကာ ဆန္ဒ္ဒ္ဒတောင်းခံမှု့ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။

ထိုသို့လျှောက်ထားမှု့အတွက် ကုန်ကျစရိတ်အတွက် ငွေဖြတ်ပိုင်းစာရွတ်နဲ့ အတိအလင်းပုံစံ စာရွတ်စာတမ်းအတု ပြုလုပ်ပြီး ငွေတောင်းခံတယ်လို့ သိရပါတယ်။ လိမ်လည်ထားတဲ့ စာရွတ်စာတမ်းအားလုံးကို အတိအကျ အခိုင်အမာ တရားဝင်ကဲ့သို့ ပြုလုပ်ပြီး လိမ်လည်တာလို့ဆိုတယ်။

ဒေါ်ခင်ခင်က “အန်တီလဲ အသုံးမကျတာပါ၊ ကိုယ့်အမှားလည်းပါတယ်၊ ပထမ မြေကွက်ဝယ်ဖို့လာပြောတဲ့သူနဲ့ ခင်နေတော့ ယုံမိလိုက်တာနဲ့ ပိုက်ဆံပုံပေးလိုက်မိတာ၊ ကျန်းမာရေးကြောင့်ဆေးရုံတက်နေစဉ်မှာပဲ စာရွတ်စာတမ်းလာပို့တော့ စာချုပ်မှာက ကိုယ်မတွေ့မမြင်ဖူးတဲ့သူ နာမည်နဲ့ စာချုပ်ပါအကြောင်းအရာတွေကလဲ သူတို့ဘက်ပါအောင် ရိုက်နှိပ်ထားတယ်၊ ကိုယ့်မှာလဲ ဘာမှမလုပ်နိုက်ဘူး ဖြစ်နေတယ်” လို့ပြောပါတယ်။

ငွေပြန်အမ်းပေးတယ်

ဝယ်ယူထားမိတဲ့ သူတစ်ချို့ထဲက မခံနိုင်တဲ့သူတချို့က စာရွတ်စာတမ်းတွေ အကုန်စုပြီး ခံရတဲ့သူတွေ စုပေါင်းပြီး တိုင်းဒေသကြီးရုံးတွေအထိ စာတင်ပြီးတိုင်ကြားထားတယ်။ မတိုင်ကြားခင်က ထိုသို့ပြုလုပ်ရောင်းချတဲ့သူဆီ သွားရောက်ညှိုနှိုင်းပေမယ့် မပြေလည်တာကြောင့်လို့ ဆိုတယ်။ တိုင်ကြားတဲ့ သတင်းကြောင့် တချို့ကိုငွေပြန်အမ်းတယ်လို့ သိရတယ်။

“တိုင်းဒေသကြီးကို စာတင်တယ်ကြားတော့မှ ပြန်ပြီး ပိုက်ဆံပြန်အမ်းပေးတယ်၊ ဒါပေမယ့် အကုန်လုံးမဟုတ်ဘူး၊ ၀ယ်ထားတဲ့ သူတွေအားလုံးမဟုတ်ဖူး၊ တစ်ချို့ဆို ဂရန်လျှောက်ဖို့ ငွေသုံးသိန်းပါထပ်ပေးထားတာတွေ ရှိတယ်၊ အခုစည်ပင်ရုံးကြီးကနေ တစ်ဆင့် အဲ့လိုလူလိမ်တွေ စီးပွားရေးလုပ်လို့ မရအောင် ဌာနတွေအဆင့်ဆင့် တိုင်ကြားသွားမှာ၊ လိုအပ်ရင်နေပြည်တော်အထိစာတင်မှာ”လို့ဒေါ်ရီရီက ပြောပါတယ်။

အခုလို လိမ်လည် ရောင်းချမှုတွေကို ၀ယ်ယူမိသူတွေ တစ်နေ့တစ်ခြား များလာတယ်။ဒေါ်ခင်ခင်၊ ဒေါ်ရီရီတို့ ၀ယ်ထားတဲ့ မြေရောင်းသူထံမှ ၀ယ်ယူမိထားသူက ခုနစ်ဦးလောက်ရှိပြီး တန်ဖိုးမှာသိန်းထောင်ဂဏန်းဖိုး ရှိတယ်လို့ သိရပါတယ်။

Credit: Kumuda journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service