မြေယာ လက်ဝါးကြီး အုပ်သိမ်းယူမှုကို ရှောင်ရှားနိုင်ရန်အတွက် မြေယာဥပဒေရေးဆွဲရာတွင် မြေယာလုပ်ကိုင်ခွင့်နှင်

မြေယာ လက်ဝါးကြီး အုပ်သိမ်းယူမှုကို ရှောင်ရှားနိုင်ရန်အတွက် မြေယာဥပဒေရေးဆွဲရာတွင် မြေယာလုပ်ကိုင်ခွင့်နှင် - Property News in Myanmar from iMyanmarHouse.com
21 Oct 2014 2:24 pm တွင် တင်ခဲ့သည်
905 ကြိမ် ကြည့်ရှု့ပြီး
မြေယာ လက်ဝါးကြီးအုပ်သိမ်းယူမှုကို ရှောင်ရှားနိုင်ရန်အတွက် မြေယာမူဝါဒတွင် မြေယာများအား လုပ်ပိုင်ခွင့်နှင့် ငှားရမ်းမှု အရွယ်အစားများ သတ်မှတ်သွားမည်ဖြစ် ကြောင်း အောက်တိုဘာ ၁၈ ရက်က အင်း လျားလိတ်ဟိုတယ်၌ပြုလုပ်သည့် မြေယာ အသုံးချမှု မူဝါဒမှုကြမ်းအား အကြံပြုဆွေး နွေးပွဲတွင် မြေအသုံးချမှုနှင့် ခွဲဝေချထားမှု စိစစ်ရေးကော်မတီအကြံပေး ဦးအေးမောင် စိန်က ပြောကြားသည်။

“နိုင်ငံပိုင်မြေတွေကို လုပ်ကိုင်ခွင့်ပြု ခြင်းနဲ့ ငှားရမ်းခြင်းနေရာမှာ အကျိုးရှိစွာ အသုံးပြုခြင်းကို တရားဥပဒေနဲ့အညီ စီမံ ခန့်ခွဲနိုင်ဖို့ ယန္တရားတွေလိုပါတယ်။ မြေယာ လက်ဝါးကြီးအုပ်သိမ်းယူမှုကို ရှောင်ရှားနိုင် ဖို့အတွက် နိုင်ငံပိုင်မြေတွေကို လုပ်ပိုင်ခွင့်ပြု တဲ့နေရာမှာ ငှားရမ်းခွင့်ပြုတဲ့နေရာမှာ၊ အ များဆုံးအရွယ်အစားကို သတ်မှတ်ဖို့လို တယ်။ ကုမ္ပဏီတစ်ခုချင်းအလိုက် ယင်းတို့ ရဲ့စွမ်းဆောင်မှုအပေါ်မှာ အခြေပြုပြီးတော့ ကန့်သတ်ချက်များ သတ်မှတ်ဖို့၊ အငြင်း ပွားနေတဲ့ဇုန်တွေမှာ မြေယာလုပ်ကိုင်ခွင့် ပြုတာတွေကို ဆိုင်းငံထားဖို့ ထည့်သွင်းရေး ဆွဲသွားမှာဖြစ်တယ်။ အမျိုးသားမြေယာဥ ပဒေရေးဆွဲတဲ့အခါ ကျွန်တော်တို့ဖော်ပြပေး ဖို့ရှိပါတယ်” ဟု ဦးအေးမောင်စိန်က ပြော ကြားသည်။

ယခုကဲ့သို့ ကုမ္ပဏီများမှ မြေယာအ သုံးချမှုနှင့်ပတ်သက်၍ အများဆုံးပမာဏ အား မသတ်မှတ်ရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အများနဲ့တိုင်ပင်ပြီးတော့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ကြည့်ပြီးတော့ ထည့် သွင်းဖော်ပြရမှာ၊ ပမာဏတစ်ခုအဖြစ်ထည့် သွင်းဖော်ပြဖို့အတွက် စဉ်းစားနေတယ်။ အတိအကျတော့ မသတ်မှတ်ရသေးဘူး။ စီးပွားဖြစ်ဆောင်ရွက်တဲ့ ကိစ္စတွေအတွက်လည်း ပမာဏတစ်ခုသတ်မှတ်သွားမယ်” ဟု ဦးအေးမောင်စိန်က ပြောကြားသည်။

တစ်သီးပုဂ္ဂလိကများအနေဖြင့် မြေယာ အသုံးပြုရန်အတွက် လျှောက်ထားရာတွင် စနစ်တကျကြပ်မတ်ရန် လိုအပ်ကြောင်း၊ ထိုမှသာ အမျိုးသားမြေယာအသုံးချမှုမှုဝါဒ သည် ကောင်းမွန်မည်ဖြစ်ကာ မြေအရင်းအမြစ်များအား ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း ဦးအေးမောင်စိန်က ဆက်လက်ရှင်းပြသည်။

“အခန်းသုံးမှာ တစ်သီးပုဂ္ဂလိကလတွေ အနေနဲ့ လျှောက်ထားတဲ့အခါမှာ မြေအသုံးချမှုပြောင်းလဲခြင်းကို ဖော်ပြထားတယ်။ မြေအသုံးချမှုပြောင်းလဲဖို့ရန်အတွက် တစ်သီးပုဂ္ဂလိကတွေက လျှောက်ထားတဲ့နေရာမှာ ဆောင်ရွက်ရမဲ့လုပ်ငန်းစဉ်တွေကို ကြီးကြပ်ဖို့ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ခြင်းအားဖြင့် အမျိုးသားမြေယာအသုံးခြမှု မူဝါဒဟာ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မြေအရင်းအမြစ်တွေကို ပွင့်လင်း မြင်သာစွာ စီမံခန့်ခွဲခြင်း၊ မြေယာမှတ်တမ်း တွေကို စီမံခန့်ခွဲခြင်းတွေကို တိုးတက်စေ ခြင်း၊ ရေရှည်တည်တံ့တဲ့စီမံခန့်ခွဲခြင်းတွေ အကြောင်းအရာတွေကို အားဖြည့်ပေးနိုင် မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service