တစ်လ ကျပ်သုံးသောင်း၊ နှစ် (၃၀) ပေးသွင်းမှုဖြင့် အိမ်ခန်းပေါင်းနှစ်သိန်းကျော် အကောင်အထည်ဖော်မည့် အစီအစဉ်မှာ

တစ်လ ကျပ်သုံးသောင်း၊ နှစ် (၃၀) ပေးသွင်းမှုဖြင့် အိမ်ခန်းပေါင်းနှစ်သိန်းကျော် အကောင်အထည်ဖော်မည့် အစီအစဉ်မှာ - Property News in Myanmar from iMyanmarHouse.com
17 Sep 2014 10:43 am တွင် တင်ခဲ့သည်
2029 ကြိမ် ကြည့်ရှု့ပြီး
တစ်လလျှင် ကျပ်သုံးသောင်းနှုန်း၊ နှစ် (၃၀)ပေးသွင်းမှုဖြင့် အိမ်ခန်းပေါင်းနှစ်သိန်းကျော် အကောင်အထည်ဖော်မည့် အခြေခံလူတန်းစားတို့အတွက် ဖြစ်နိုင်ခြေရှိသော အိမ်ရာစီမံကိန်း အစီအစဉ်မှာ စူးစမ်းဆဲအဆင့်သာရှိပြီး ယခုထိမြေနေရာ၊ ဆောက်လုပ်မည့်ကုမ္ပဏီပင် မရှိသေးကြောင်း စက်တင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ရှိ Central Hotel ၌ ကျင်းပသည့် အခြေခံလူတန်းစားများအတွက် ဖြစ်နိုင်ခြေရှိသော အိမ်ရာစီမံကိန်းအတွက် စာနယ်ဇင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားမှ သိရသည်။

အဆိုပါ အခြေခံလူတန်းစားတို့အတွက် ဖြစ်နိုင်ခြေရှိသော အိမ်ရာစီမံကိန်းအား ၀ယ်သူ၏ အဆိုပြုလွှာပုံစံများကို ဂျာနယ်တိုက်အသီးသီးသို့ ကြော်ငြာအနေဖြင့် ပေးပို့သွားမည်ဖြစ်ကြောင်း၊ တိုက်ခန်းဝယ်ယူလိုသူများမှ အဆိုပါကြော်ငြာပုံစံများကို သက်ဆိုင်ရာ ဂျာနယ်အသီးသီးသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ပြည်သူများ၏ အဆိုပြုလွှာပုံစံများအရ မည်သည့်နေရာတွင် အိမ်ရာမည်မျှ ဖော်ဆောင်ရမည်ဆိုသည်ကို သိနိုင်မည်ဖြစ်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

“ကျွန်တော်တို့က ဒီအဆိုပြုလွှာတွေကို သက်ဆိုင်ရာဂျာနယ်တိုက်တွေကနေ ကြော်ငြာအနေနဲ့ ထည့်ပို့ထားမယ်။ ပြည်သူတွေက ဒီပုံစံကို ဂျာနယ်တိုက်တွေကို ပြန်ပို့ရမယ်။ ဂျာနယ်တိုက်တွေက ဘယ်ခရိုင်မှာတော့ ဘယ်လောက်ရှိသွားပြီဆိုတာ လက်ခံရရှိမယ်။ ကျွန်တော်တို့က ဂျာနယ်တိုက်တွေကနေ စုစည်းမယ်” ဟု Royal Summit Co.,Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အိမ်ရာများဖော်ဆောင်ရန် မြေနေရာနှင့်ပတ်သက်၍ “အခုလက်ရှိမှာ လူတွေက ဘယ်မှာနေမယ်မှန်းတောင် မသိသေးတော့ ကျွန်တော်တို့က ဘယ်နေရာမှာ မြေသွားဝယ်ထားမလဲ။ မြေနေရာ ဘယ်နေရာမှာ သွားတောင်းပေးထားရမလဲ။ ဒါ အဓိကပြဿနာပဲ။ နောက်တစ်ခုက ဒီအချိန်မှာ ကျွန်တော်တို့ဘယ်နေရာမှာ လုပ်ပါမယ်ဆိုတာ ကြေညာလိုက်မယ်ဆိုရင် မြေဈေးတွေ ကမောက်ကမဖြစ်သွားနိုင်တယ်။ တကယ်ကမောက်ကမဖြစ်လာရင် ကျွန်တော်တို့ဘယ်လိုမှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ ဖြေရှင်းမပေးနိုင်တဲ့ အခါကျတော့ နစ်နာစရာရှိရင် ပြည်သူပဲနစ်နာမှာ။ ဒါကြောင့် ကျွန်တော်တို့ ဒါနဲ့ပတ်သက်ရင် မြေနေရာ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ပြောလို့မရတာ သေချာပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အခြေခံလူတန်းစားတို့အတွက် ဖြစ်နိုင်ခြေရှိသော အိမ်ရာစီမံကိန်းမှ အိမ်ခန်းပေါင်းနှစ်သိန်းကျော် ရောင်းချမည်ဖြစ်ကြောင်း၊ တစ်လလျှင် ကျပ်သုံးသောင်းနှုန်း၊ နှစ်(၃၀)ငွေပေးသွင်းမှု၊ နှစ်နှစ်အတွင်း အကောင်အထည် ပြီးစီးမည်ဖြစ်ကြောင်း၊ အကျယ်အ၀န်းမှာ စတုရန်းပေ ၆၀၀ နှင့် အမြင့်ရှစ်ပေနှင့် ၁၀ ပေကြားရှိမည်ဖြစ်ကြောင်း၊ ရောင်းဝယ်မှုတွင် ဥပဒေနှင့်အညီ စာချုပ်ချုပ်ဆိုရာ၌ စားသုံးသူ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ပါဝင်ရမည့် အချက်အလက်များကို လမ်းညွှန်မှုပေးနိုင်ပါရန် တောင်းခံပါကြောင်းဖြင့် ၂၀၁၄ ခုနှစ် ဧပြီ ၂၈ ရက်စွဲဖြင့် သမ္မတဦးသိန်းစိန်ထံ တင်ပြပေးပို့ခဲ့ကြောင်း သိရသည်။

“အခုချိန်အထိတော့ ကျွန်တော်တို့ တင်ပြထားတာနဲ့ပတ်သက်ပြီး သမ္မတကြီးဆီက ဘာမှအကြောင်းပြန်ကြားချက်မှ မရသေးပါဘူး” ဟု ဦးသန်းဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒီစီမံကိန်းက ဘယ်လောက်ကြာမလဲဆိုရင် ဂျာနယ်သမားတွေ ဘယ်လောက်အထိ ပြည်သူတွေလက်ထဲကို လျင်မြန်စွာ ဘယ်လိုရောက်အောင် စွမ်းဆောင်ပေးနိုင်မလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။” ဟု ၎င်းကဆက်လက်သုံးသပ် ပြောကြားခဲ့သည်။

“ဂျာနယ်တိုက်တွေက လက်ခံမယူဘူးဆိုရင် ကျွန်တော်တို့က လက်ခံယူပေးမယ်။ နေရာတွေပေးမယ်။ ကျွန်တော်တို့ အခုသိသွားတာက ဂျာနယ်တိုက် ၈၀ ရှိရင် ၈၀ ကို အားကိုးလိုက်တာ။ အဲဒီ ၈၀ သာ အလုပ်လုပ်ပေးရင် ကျွန်တော်တို့မြန်တယ်။ အခုလောလောဆယ်တော့ ဂျာနယ်တွေထဲကို ကြော်ငြာအမြန်ဆုံးရောက်အောင် လုပ်ဆောင်သွားပါမယ်။ ကျွန်တော်တို့ ပြန်ပို့လို့ရမယ့် လိပ်စာကိုလည်း စီစဉ်ပေးမယ်” ဟု The Infrastructure of Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အခြေခံလူတန်းစားများအတွက် ဖြစ်နိုင်ခြေရှိသော အိမ်ရာစီမံကိန်းအား The Infrastructure of Myanmar အမည်ဖြင့် ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်သော်လည်း လတ်တလောတွင် အဆိုပါ The Infrastructure of Myanmar မှာမူ မှတ်ပုံတင်ခြင်း မပြုရသေးဘဲ partnership အနေဖြင့်သာ ဆောင်ရွက်နေကြောင်း ဦးသန်းဦးက ပြောကြားခဲ့သည်။

အဆိုပြုလွှာများ လက်ခံရရှိပြီးပါက နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရသည်နှင့် စီမံကိန်း စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service